သူဌေးမင်းဇာတာတွက်နည်း

Astrology

သူဌေးမင်းဇာတာတွက်နည်း
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့သူဌေးမင်းဇာတာတွက်နည်း ဆိုတဲ့ဗေဒင်သတင်းလေးပဲ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ ဇာတာဟာ သူဌေးဇာတာလား?
ချမ်းသာမည့်ကံပါလား?
ဆိုတာကို မြန်မာ့ရိုးရာဗေဒင်တွက်နည်းနဲ့
လက်တွေ့ကျကျ တွက်ချက်ကြည့်ကြရအောင်
၁ ကြွင်း ဂဠုန်
၃ ကြွင်း ခြင်္သေ့
၅ ကြွင်း သိကြားမင်း
၇ ကြွင်း နဂါး
တွက်နည်းအရ ၁၊၃၊၅၊၇ ကြွင်းပါမူ
ကိုယ့်စိတ် ချမ်းသာခြင်း၊
အခြွေအရံပေါများခြင်း၊
ချီးမွမ်းခံရခြင်း နှင့် ပစ္စည်းဥစ္စာရရှိခြင်း အစရှိသော ကောင်းကျိုးသုခများကို မိမိတို့၏ ပြုမူဆောင်ရွက်သောကံအရ ခံစားစံစားရမည်။
တွက်နည်း
မိမိ​၏ မြန်မာမွေးသကရာဇ်ကို ၁၂ ဖြင့်စား၊
အကြွင်းကို ၇ ဖြင့် ပြန်စားပါ။
ဥပမာ ၁၃၆၄ ခုနှစ်တွင် မွေးဖွားသူဖြစ်ပါက
၁၃၆၄ ÷ ၁၂ = ၈ ကြွင်း၊ ၈ ÷ ၇ = ၁ ကြွင်း (ဂဠုန်ဇာတာ)။
အကယ်၍ ၁၊ ၃၊ ၅၊ ၇ ကြွင်းပါက
နာမည်ကြီးခြင်း၊ ငွေရလွယ်ခြင်း၊ လူအများကချစ်ခြင်း၊ ကူညီ စောင့်ရှောက်မည့်သူ ပေါများခြင်း၊ စည်းစိမ် ဥစ္စာနှင့်ပြည့်စုံခြင်း အစရှိသော အကျိုးကျေးဇူးများကို မိမိလက်ရှိကံအလိုက် ခံစားရမည့် သူဌေးဇာတာဖြစ်သည်။

ရေးသားသူ – Exploring all about astrology with K

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုဗေဒင်သတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။