နှစ်သစ်မှာခင်ပွန်းသည်ပြန်လည်လွတ်မြောက်လာဖို့ ဆုတွေတောင်းခဲ့ပေမဲ့ ဆုတောင်းမပြည့်ခဲ့ဘူးဆိုတဲ့ ခိုင်သင်းကြည်

Celebrity Local News
နှစ်သစ်မှာခင်ပွန်းသည်ပြန်လည်လွတ်မြောက်လာဖို့ ဆုတွေတောင်းခဲ့ပေမဲ့ ဆုတောင်းမပြည့်ခဲ့ဘူးဆိုတဲ့ ခိုင်သင်းကြည်

ကာရိုက်တာမျိုးစုံကို မထပ်ရအောင် သရုပ်ဆောင်နိုင်သူကတော့ သရုပ်ဆောင် မင်းသမီးချောလေး ခိုင်သင်းကြည်ပဲ ဖြစ်ပါ တယ်။ သူမဟာ အနုပညာအလုပ်ကို အမြဲကြိုးစားလုပ် ကိုင်နေ သူတစ်ယောက်လည်း ဖြစ်ပါတယ်

နှစ်ကူးအကြိုအတွက် အာဟာရကုသိုလ်ပြုလုပ်ဖို့ ညီနန္ဒဆီက ထောပတ်ထမင်း  ဝယ်ယူအားပေးခဲ့တဲ့ ခိုင်သင်းကြည်တို့မိသားစု - Myanmarload | Myanmar Latest  News

မခိုင်လေးဟာအနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်မှု များစွာ ရရှိထားရုံမကဘဲ သာယာပျော်ရွှင်ပြီး ကြည်နူးစ ရာကောင်းတဲ့ မိသားစုဘဝကိုပါ ဖန်တီးတည် ဆာက်ထားနိုင်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမဟာ အလုပ်တွေမအားလပ်တဲ့ကြားက သမီးလေးကို လိမ္မာရေးခြားရှိအောင် အမြဲသွန်သင်ဆုံးမတတ်တဲ့ မိခင်ကောင်းတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပရိသတ်က မခိုင်လေးကို ချစ်ပြီးရင်း ချစ်နေကြတာပါ။

ရုပ်ရှင်သရုပ်ဆောင်မင်းသမီး အကယ်ဒမီး ခိုင်သင်းကြည်ရဲ့ နေအိမ်ကို စစ်ကောင်စီတပ် တွေက ၂၀၂၂ ခုနှစ် ဧပြီ ၂၇ ရက်ညဘက်မှာ ဝင်ရောက်လာပြီး ခိုင်သင်းကြည်ရဲ့ ခင်ပွန်း ဦး ခန့်နိုင်ကို ဝင်ရောက်ဖမ်းဆီးသွားကြောင်း မိသားစုဝင်များရဲ့ လူမှုကွန်ရက်မှတစ်ဆင့် ပရိတ်သတ်တွေ သိခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ဆန်းတစ်ရက်နေ့မှာတော့ သရုပ်ဆောင် ခိုင်သင်းကြည့် ဟာ KTK စက်ရုံရဲ့နှစ်ဦးအလှူ ပြုလုပ်ရင်း ခင်ပွန်းသည်ကိုခန့်နိုင် လွတ်ငြိမ်းချမ်းသာခွင့် နဲ့ ပြန်လွတ်လာဖို့ ဆုတွေတောင်းပေမယ့် မပြည့်ခဲ့ဘူးလို့ ပြောပြလာတာဖြစ်ပါတယ်။မိသားစုလေး အမြန်ဆုံးဆုံဆည်းနိုင်ပါစေ…

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။