ဆေးဖက်ဝင် ဍရင်ကောက်ပင်

Health Knowledge
ဆေးဖက်ဝင် ဍရင်ကောက်ပင်

၁) ဝိတ်ကျဖို့ကူညီနိုင်ခြင်း

အာဟာရဓာတ်ကြွယ်ဝပြီး အမျှင်ဓာတ်ပါဝင်မှုကြောင့် အစာစားချင်စိတ်ကိုဖြစ်ပေါ်စေတဲ့ဟော်မုန်းထုတ်လုပ်မှုကို ထိန်းချုပ်နိုင်တာကြောင့် ဝိတ်ကျချင်တဲ့လူတွေအတွက်အထောက်အကူဖြစ်စေပါတယ်။

၂) ခုခံအားတိုးစေခြင်း

ဗီတာမင်စီကြွယ်ဝစွာပါဝင်တာကြောင့် တစ်နေ့တာလိုအပ်တဲ့ပမာဏရဲ့ ၁၀၀ဂရမ်ခန့်ရနိုင်ပြီး ခုခံအားတိုးစေဖို့အထောက်အကူပြုပြီး ပြင်ပမှ ကူးစက်ရောဂါတွေနဲ့ ကင်ဆာဖြစ်စေတဲ့ free radicals တွေကိုတိုက်ဖျက်နိုင်ပါတယ်။

၃) သွေးဖိအားထိန်းပေးနိုင်ခြင်း

Potassium ပါဝင်မှုမြင့်မားပြီး sodium ပါဝင်မှုနည်းပါးတာကြောင့် သွေးတိုးခြင်းကိုမဖြစ်ပေါ်စေဘဲ သွေးဖိအားကိုထိန်းပေးနိုင်ပါတယ်။

၄) manganese ကြွယ်ဝခြင်း

Manganese ပါဝင်ခြင်းကြောင့် သွေးထဲကသကြားဓာတ်ကိုထိန်းချုပ်ပေးနိုင်ပြီး thyroid လုပ်ဆောင်ချက်တွေကိုလည်း ထိန်းပေးနိုင်ပါတယ်။ ၁၀၀ဂရမ်မှာ ၂၆ရာခိုင်နှုန်းရနိုင်တာကြောင့် လိုအပ်တဲ့ပမာဏကိုအပြည့်အဝရနိုင်ပါတယ်။ manganese ချို့တဲ့ခြင်းက မျိုးမအောင်ခြင်း၊ ကြီးထွားဖွံ့ဖြိုးမှုပြဿနာများနဲ့အထွေထွေအားနည်းခြင်းတွေဖြစ်နိုင်ပါတယ်။

၅) သွေးအားနည်းရောဂါကိုကာကွယ်နိုင်ခြင်း

သွေးနီဥဆဲလ်များနည်းပါးရာမှ သွေးအားနည်းရောဂါကိုဖြစ်ပွားစေပါတယ်။ ကော့ပါးနဲ့သံဓာတ်ပါဝင်ခြင်းကြောင့်သွေးနီဥဆဲလ်များထုတ်လုပ်ရာတွင်အထောက်အကူပြုစေပြီး တစ်နေ့တာလိုအပ်တဲ့ကော့ပါးနဲ့သံဓာတ်ရရှိစေတာကြောင့်သွေးအားနည်းရောဂါဖြစ်ပွားမှုကိုလျှော့ကျစေပါတယ်။

၆) antioxidants ကြွယ်ဝခြင်း

Antioxidants ပါဝင်ခြင်းကြောင့် ကင်ဆာရောဂါအမျိုးမျိုးဖြစ်ပွားနိုင်ချေကို လျော့ကျစေပါတယ်။ လေ့လာချက်တွေအရ beta-carotene ပါဝင်ခြင်းကြောင့် အဆုတ်ကင်ဆာဖြစ်ပွားမှုအန္တရာယ်ကိုလျှော့ကျစေပါတယ်။ ဗီတာမင်ဘီအုပ်စုများ၊ ဗီတာမင်စီများ၊ beta-carotene၊ ပိုတက်ဆီယမ်၊ ကယ်လဆီယမ်ပါဝင်မှုကြောင့် အစာအိမ်ကင်ဆာဖြစ်ပွားနိုင်ခြေကိုလည်း လျော့နည်းစေပါတယ်။

၇) အမြင်အာရုံကောင်းစေခြင်း

ဗီတာမင်အေပါဝင်ခြင်းကြောင့် မျက်လုံးအတွက် အားကောင်းစေပြီး ကြက်မျက်သင့်ရောဂါ၊ အမြင်အာရုံရောဂါတွေဖြစ်ပွားမှုနည်းပါးစေပါတယ်။
Crd

ရေးသားသူ –Crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။