2023 ခု တစ်နှစ်တာလုံးတွင် အပူအပင်သောကများကင်းဝေးရန် အထူးပြုယတြာ

Astrology

2023 ခု တစ်နှစ်တာလုံးတွင် အပူအပင်သောကများကင်းဝေးရန် အထူးပြုယတြာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ 2023 ခု တစ်နှစ်တာလုံးတွင် အပူအပင်သောကများကင်းဝေးရန် အထူးပြုယတြာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


မင်္ဂလာရှိသောနှစ်သစ်အခါသမယမှာ မင်္ဂလာအပေါင်းနှင့် ပြီးပြည့်စုံကြပါစေ

ဆရာယခုတင်ပေးမည့် ယတြာတော်သည်နှစ်သစ် 2023 ခု တစ်နှစ်တာလုံးအတွင်း၌

•ဆင်းရဲလွှတ်ကင်း ငွေချမ်းသာခြင်း၊
•ဘေးရန်ကင်းကွာ စိတ်ချမ်းသာခြင်း၊
•လုပ်ငန်းစီးပွား တိုးတက် လိုရာဆန္ဒ
ပြီးပြည့်စုံစေခြင်း ဟူသော အနှစ်သာရ များကို ပေးစွမ်းနိုင်စေရန် အထောက်အပံ့ပြုစေမည့် ယတြာကောင်း ဖြစ်ပါတယ်။

မိတ်ဆွေ (၇)ရက်သားသမီးများအားလုံး သောကအလုံးစုံကင်းဝေးပြီးစိတ်ချမ်းမြေ့စေရန်အတွက် စေတနာရှေ့ထားပြီး”တစ်ကယ်လုပ် အဟုတ်ဖြစ်” စေမည့် အကောင်းဆုံးယတြာကို ဒါနပြု၍ တင်ပြပေးလိုက်ပါတယ်

ယတြာ စီရင်ပြုလုပ်နည်း
လိုအပ်သော ပစ္စည်းများ

၁။ကြွေပန်းကန်ပြားတစ်ချပ်
၂။သင်္ဘောသီး ၉ စိပ်
၃။ သကြား အနည်းငယ်

ကြွေပန်းကန်ပြား တစ်ချပ်တွင် သင်္ဘောသီးမှည့်(၉) စိပ်ကို ဝိုက်ပြီးထည့်ပါ ၊အလယ်တွင် သကြားအနည်းငယ် ပုံ၍ ထည့်ပေးပါ။
ထိုယတြာကို ဘုရားကျောင်းဆောင်ပေါ်တင်ထား၍ မြတ်စွာဘုရားရှင်အား လှူဒါန်းပေးရပါမည်။
ဖယောင်းတိုင်၊အမွှေးတိုင်(၃)တိုင်စီထွန်းညှိပူဇော်ပါ။
ဘုရားဂုဏ်တော်(၉)ပါး ကို “၉” ခေါက်တိတိ ရွတ်ဖတ်ပူဇော်ပေးရပါမည်။
ဤယတြာကို 2023ခု ဒီဇင်ဘာလ အထိ
လစဥ် လတိုင်း မိမိအဆင်ပြေတဲ့ရက်တွေ
လုပ်နိုင်သလို၊နေ့စဥ်ပုံမှန်လည်း ယတြာကို
သေချာလုပ်ဆောင်နိုင်ပါတယ်။

မနက်( ၆) နာရီမှ မနက်(၉)နာရီအတွင်း ၌သာ ယ​တြာကို တိကျစွာ လုပ်ဆောင်ပေးပါရန်။

တစ်နှစ်တာလုံးတွင် ယခုယတြာကို လတိုင်း အထူးပြု လုပ်ဆောင်ပေးခြင်းဖြင့် စိတ်ချမ်းသာမှုများကို ရယူပိုင်ဆိုင်မည်ဖြစ်ပါသည်။

ရေးသားသူ – နက္ခတ်ဗေဒင်နှင့်လက္ခဏာပညာရှင် ဆရာသိန်းထူး

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။