UEC ကိုဘဝင်မကျခြင်းသာ ဖြစ်ပြီး ရွေးကောက်ပွဲရှုံးနှိမ့်ခြင်းကို လက်ခံဟု ကြံ့ခိုင်ရေးပါတီမှ ပြောကြား

Local News

ကြံ့ခိုင်ရေးပါတီ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဒေါ်ယမင်းမြင့်ဆွေမှ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် UEC ကို ဘဝင်မကျခြင်းသာဖြစ်ပြီး ရွေးကောက်ပွဲအရှုံးကို လက်ခံသည် ဟုပြောကြားလိုက်သည်။

” ရလဒ်တွေလက်မခံဘူးဆိုတာက ကျွန်မတို့ကမှန်ကန်တဲ့ရလဒ်တွေကိုလက်ခံတယ်။ရှုံးခြင်းနိုင်ခြင်းအပေါ််မှာ ကျွန်မတို့ကရှုံးလို့အရှုံးကိုလက်မခံတာမဟုတ်ဘူး။ရွေးကောက်ပွဲကော်မရှင်ရဲ့ဆောင်ရွက်မှုတွေမှာ ကျွန်မတို့ဘ၀င်မကျတာတွေ၊ကျွန်မတို့ပြောခဲ့တာတွေကိုဖြေရှင်းမပေးတာတွေပေါ့နော်။တစ်ဖက်သတ်ဆောင်ရွက်မှုတွေရှိနေတာကြောင့်မို့ ကျွန်မတို့ကပြောတာပါ”ဟု၎င်းကပြောသည်။

၂၀၂၀ ရွေးကောက်ပွဲကော်မရှင်အား မိမိတို့ဘဝင်မကျခြင်း အမြောက်အများရှိခဲ့သည်။ ၎င်းတို့အနတ် ၂၀၂၀ ရွေးကောက်ပွဲအတွက် အိပ်ဖွင့်ပေးစားများ ပေးပို့ခဲ့သော်လည်း အရေးတယူဖြေရှင်း ပေးမှုမရှိခြင်း၊ မဲလက်မှတ်များ ရိုက်နှိတ် ထုတ်ဝေသည်ကိုလည်း ကြည့်ရှုခွင့်မရခဲ့ခြင်း၊ မဲပေးခွင့် ရှိသူစာရင်းများကို မြို့နယ်ကော်မရှင် အဖွဲ့ခွဲများတွင်တောင်းယူခဲ့သော်လည်း မပေးနိုင်ခဲ့ခြင်း စသည်တို့သည် အင်မတန်ဆိုးဝါးသော ကိစ္စရပ်များ ဖြစ်ကြောင်း  ဒေါ်ယမင်းဆွေကဆိုသည်။

၂၀၂၀ ရွေးကောက်ပွဲကို နိုဝင်ဘာ၈ရက်နေ့တွင် ကျင်းပပြီးစီးခဲ့ပြီး  မဲပေးပိုင်ခွင့်ရှိသူ ၃၇သန်းကျော် ရှိခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် NLD ဖတ်မှ လွှတ်တော်နေရာစုစုပေါင်း ၉၂၀ ကျော်အနိုင်ရရှိခဲ့ပြီး USDP ပါတီမှ နေရာပေါင်း ၃၀ ကျော် အနိုင်ရရှိခဲ့သည်။

Leave a Reply