အောက်စီဂျင်အိုးဘယ်လိုသုံးရလဲ လေ့လာထားပါ ငါမလိုသေးဘူးဆိုပြီး မကျော်သွားပါနဲ့

Health Knowledge

အောက်စီဂျင်အိုးဘယ်လိုသုံးရလဲ လေ့လာထားပါ ငါမလိုသေးဘူးဆိုပြီး မကျော်သွားပါနဲ့

အခုတင်ဆက်ပေးမယ့် အကြောင်းအရာလေးကတော့ အောက်စီဂျင်အိုး အသုံးပြုနည်းပဲ ဖြစ်ပါတယ်…

ပတ်ဝန်းကျင်မှာ အောက်စီဂျင် လိုအပ်သူတွေများလာလို့ အောက်စီဂျင်အိုး အသုံးပြုနည်း သိထားတာ မမှားပါဘူး

အောက်စီဂျင်အိုးဘယ်လိုသုံးရလဲ လေ့လာထားပါ ငါမလိုသေးဘူးဆိုပြီး မကျော်သွားပါနဲ့

သတိထားနိူင်အောင်လို့ပါ

ပိုက်ကို နှာခေါင်းမှာတပ်ပီးမှ အောက်စီဂျင်ဗူးကိုဖွင့်ထုတ်တာ နံဘေးကဘု(levelတင်တဲ့ခလုတ်)ကို လှည့်တာမျိုးမလုပ်ပါနဲ့ လေတွေဆောင့်ထွက်ရင် နှာခေါင်းမှာရှိတဲ့လေပြွန်ကွဲတတ်ပါတယ်

ပထမ – အောက်စီဂျင်ကိုဖွင့်ပါ

ဒုတိယ – နံဘေးကဘုကို ကိုယ်ပေးချင်တဲ့နေရာရောက်အောင်ဖြည်းဖြည်းချင်းလှည့်ပါ

တတိယ – နှာခေါင်းအဝထဲထည့်မဲ့ပိုက်ပြွန်နှစ်ခုကနေ ထွက်လာတဲ့လေကို ကိုယ့်လက်ဖမိုးနဲ့ခံကြည့်ပါ လေထွက်ကြမ်းလွန်းရင်‌လျှော့ချပါ

စတုတ္ထ – ​ပြီးမှနှာခေါင်းမှာတပ်ပီးရှူပါ ပြီးရင်ရေဗူးထဲကရေမဆူတော့ရင်(အရှိန်လျော့လာရင်)ကိုယ်တင်ထားတဲ့ Level (အရစ်)မှာခုန်နေတဲ့ အသီးသေးသေးလေး အောက်ကိုကျသွားရင် နှာခေါင်းပိုက်ကိုဖြုတ်ပီး လိုသလောက်ပြန်တင်ပါ

တော်တော်များများသေနေကြတာ ဒါတွေအမှားလုပ်မိလို့လဲပါပါတယ် ဂရုစိုက်ကြပါခင်ဗျာ

ပုံကနားလည်လွယ်အောင်လုပ်ပေးထားတာပါ

မိုးနတ်မင်းပရိသတ်ကြီးလည်း စာလေးကိုဖတ်ပြီးတဲ့အခါ မိမိထင်မြင်ချက်ကို ကွန်မန့်ပေးခဲ့ပါဦး။ သုတ၊ ရသ စုံလင်စွာနဲ့ သတင်းအသစ်တွေ အရင်ဆုံးဖတ်ဖို့ Page ကိုလည်း Like & Follow လုပ်ထားဖို့ မမေ့နဲ့နော်…

Leave a Reply