NUG မှ ထီအား ထိုးပါက ဖမ်းဆီးထောင်ချမည်ဟု စစ်ကောင်စီ ပြောကြား

Local News

NUG မှ ထီအား ထိုးပါက ဖမ်းဆီးထောင်ချမည်ဟု စစ်ကောင်စီ ပြောကြား

NUG က ဖွင့်လှစ်မယ့် အောင်ဘာလေထီကို ထိုးပါက တရားစွဲဆို ဖမ်းဆီးထောင်ချမယ်လို့ စကစ က ယနေ့ သြဂုတ်လ၁၀ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါတယ်။

လောင်းကစားဥပဒေ ပုဒ်မ ၉၇ အရ အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ကိုကျင့်သုံးပြီး ဒီအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်တယ်လို့ ဆိုထားပါတယ်။

စကစရဲ့ကြေညာချက်မှာ NUG, CRPH အဖွဲ့ ကို စကစက တရားမဝင် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတာကြောင့် တရားမဝင် လောင်းကစားထီဖွင့်လှစ်မှုအပေါ် ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခြင်း၊ အားပေးအားမြောက်ပြုလုပ်ခြင်း၊

သို့မဟုတ် တစ်နည်းနည်းဖြင့် ပါဝင်လာအောင် လှုံ့ဆော်ဆောင်ရွက်ခြင်း စတဲ့ ပြစ်မှုတစ်စုံတစ်ရာကျူးလွန်ကြောင်း အထောက်အထားများကိုစစ်ဆေးတွေ့ရှိပါက ပြစ်မှုကျူးလွန်သူကို

တည်ဆဲဥပဒေများဖြစ်တဲ့ လောင်းကစားဥပဒေနှင့်ရာဇသတ်ကြီးဥပဒေအရ တရားစွဲဆို ဖမ်းဆီးထောင်ချ အရေးယူမယ် လို့ ဆိုထားပါတယ်။

ကြေငြာချက်အပြည့်အစုံကို အောက်မှာ ဖတ်ရှုနိုင်ပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အိမ်စောင့်အစိုးရအဖွဲ့
အမိန့်အမှတ် (၂၀/၂၀၂၁) ၁၃၈၃ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၅ ရက်
(၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၈ ရက်)

တရားမဝင် လောင်းကစားထီဖွင့်လှစ်ရောင်းချခြင်းနှင့် အားပေးအားမြှောက်ပြုခြင်း ဆောင်ရွက်သူများအတွက် အသိပေးကြေညာချက်ထုတ်ပြန်ခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့သည် လောင်းကစားဥပဒေ ပုဒ်မ ၉၇ အရ အပ်နှင်းထားလုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်သည်။

နိုင်ငံတော်မှ တရားမဝင်အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် သတ်မှတ်ထားသော NUG, CHHH အဖွဲ့ အစည်းများမှ ဆောင်ရွက်မည့် တရားမ၀င်လောင်းကစားထီဖွင့်လှစ်မှုအပေါ် ကိုယ်တိုင်ပါဝင်ဆောင် ရွက်ခြင်း၊

အားပေးအားမြောက်ပြုလုပ်ခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် ပါဝင်လာအောင်လှုံ့ဆော်ဆောင်ရွက်ခြင်း စသည့် ပြစ်မှုတစ်စုံတစ်ရာကျူးလွန်ကြောင်း အထောက်အထားများနှင့် စစ်ဆေး တွေ့ရှိလျှင်

ပြစ်မှုကျူးလွန်သူအား မြန်မာနိုင်ငံ၏တည်ဆဲဥပဒေများဖြစ်သော လောင်းကစားဥပဒေနှင့် ရာဇသတ်ကြီးဥပဒေအရ တရားစွဲဆို ဖမ်းဆီးထောင်ချ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့်

ဖမ်းဆီးထိန်းသိမ်းစစ်ဆေးစဉ်ကာလအတွင်း ဖြစ်ပေါ်လာမည့်နောက်ဆက်တွဲအမှုများနှင့်စပ်လျဉ်း၍ (လုံးဝ) တာဝန်ယူမည်မဟုတ်ပါကြောင်း အသိပေးကြေညာအပ်သည်။

အမိန့်အရ
ထူးခိုင်
အမြဲတမ်းအတွင်းဝန်

မိုးနတ်မင်းပရိသတ်ကြီးလည်း စာလေးကိုဖတ်ပြီးတဲ့အခါ မိမိထင်မြင်ချက်ကို ကွန်မန့်ပေးခဲ့ပါဦး။ သုတ၊ ရသ စုံလင်စွာနဲ့ သတင်းအသစ်တွေ အရင်ဆုံးဖတ်ဖို့ Page ကိုလည်း Like & Follow လုပ်ထားဖို့ မမေ့နဲ့နော်…

Leave a Reply