“မြန်မာနိုင်ငံရဲ့ပထမဆုံးသမ္မတကြီး”

Knowledge

“မြန်မာနိုင်ငံရဲ့ပထမဆုံးသမ္မတကြီး”

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့”မြန်မာနိုင်ငံရဲ့ပထမဆုံးသမ္မတကြီး” ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀ က၊ အောက်တိုဘာ ၁၆ ရက် ည ၁၀ နာရီမှာ ညောင်ရွှေနယ်က စဝ်နန်း ဆိုတဲ့ မိန်းကလေးဟာ မြန်မာပြည်အတွက် လက်ဆောင်မွန်အဖြစ် စိတ်ဝင်စားစရာကောင်းတဲ့ လူတစ်ယောက်ကို မွေးဖွားပေးခဲ့ပါတယ်။ လွယ်လွယ်ကူကူမမွေးဖွားနိုင်လို့ လောကီဆရာတွေရဲ့ အစီအရင်နှင့် မွေးဖွားချိန်မှာ ရွှေထီးဆောင်းပြီး မွေးဖွားစေခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီအချိန်ဟာ အင်းလေးဖောင်တော်ဦးဘုရားလှည့်လည်နေချိန်လဲ ဖြစ်လို့ ကရဝိတ်ဖောင်တော် က စေတီတော်မြတ်ကို ဦးခိုက်ဆိုက်မိချိန်မှာ မွေးဖွားတာမို့ စဝ်ရွှေဆိုက် လို့ အမည်မှည့်ခေါ်ခဲ့ပါသတဲ့။

နောက်ပိုင်းမှာ စဝ်ရွှေသိုက် ဖြစ်လာခဲ့တဲ့ စဝ်ရွှေဆိုက်ဟာ မြန်မာ့စွယ်စုံကျမ်းမှာတော့ ညောင်ရွှေစော်ဘွားကြီး ဆာစောမောင်နှင့် မဟာဒေဝီတို့ရဲ့ သားအဖြစ်ဖော်ပြပေမဲ့ တကယ်တော့ စော်ဘွားကြီးရဲ့ ညီတော် အင်းတိမ်မြို့စား စဝ်ချုံနှင့် ကြင်ယာတော် စဝ်နန်း တို့က မွေးခဲ့တာသာဖြစ်ပါတယ်။အလောင်းမင်းတရားရဲ့ သားတော် ပင်းတလဲမင်းသား မှာ မဟာမင်းကလေးဘွဲ့ခံ မိတ္ထိလာမြို့ဝန် သားတစ်ယောက်ရှိပါတယ်။ နာမည်က မောင်ဝင်း ဖြစ်ပါတယ်။ မောင်ဝင်း ဟာ အလောင်းမင်းတရားရဲ့ မြေးအရင်း ဖြစ်ပြီး မောင်ဝင်းရဲ့ သမီးဟာ အလောင်းမင်းတရားရဲ့ မြစ် တော်စပ်ပါတယ်။

အဲဒီအလောင်းမင်းတရားရဲ့ မြစ် မ ကလေးကို ညောင်ရွှေစော်ဘွားကြီးစဝ်ဆေဥ ရဲ့ သားတော် စဝ်သုဒေဝ နှင့်လက်ဆက်စေခဲ့ရာမှ စဝ်ရွှေသိုက်ရဲ့ ဖခင် စဝ်ချုံကို မွေးဖွားခဲ့ ပါတယ်။

စဝ်ရွှေသိုက် ဟာညောင်ရွှေစော်ဘွားကြီး ဆာစောမောင်ရဲ့ မွေးစားသား မို့ တောင်ကြီးမြို့ စော်ဘွားသားများကျောင်း ( ယခု အမှတ် ၂ အစိုးရ အထက်တန်းကျောင်း ) မှာ ပညာသင်ကြားခဲ့ပါတယ်။ အသက် ၁၈ နှစ်မှာ အင်္ဂလိပ်စစ်တပ် Burma Rifle ဝင်ရောက်ခဲ့ ပြီး လစာ ၉ ကျပ် ၄ ပဲ သာ ရရှိပါသတဲ့။သူဟာ စစ်တပ်ထဲက ခပ်မြန်မြန်ပဲ အနားယူခဲ့ပါတယ်။စော်ဘွားကြီး ဆာစောမောင် ကွယ်လွန်ပြီးနောက် အသက် ၃၃ နှစ်အရွယ်စဝ်ရွှေသိုက်ဟာ ညောင်ရွှေစော်ဘွား အရိုက်အရာ ကို ဆက်ခံခဲ့ပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေး ရတဲ့ အခါ ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့ ပထမဆုံးသမ္မတကြီးအဖြစ် တင်မြှောက်ခြင်းခံခဲ့ရပါတယ်။ အဲဒီအချိန် သူ့အသက် ၅၂ နှစ် ရှိပါပြီ။
သမ္မတကြီးစဝ်ရွှေသိုက်ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ထူးခြားချက်တွေက ကိုယ်ပိုင်ငွေတွေနှင့်သာ အလှူအတန်းပြုလုပ်တာ၊ တိုင်းရင်းသားအရေးများ အလေးပေးဆောင်ရွက်ခဲ့တာ၊ ဗေဒင်ယတြာ လောကီအစီအရင်တွေကို မယုံကြည်တဲ့ ရှားပါးမြန်မာသမ္မတ ဖြစ်တာ၊ ဒီမိုကရေစီကို နှစ်နှစ်ကာကာယုံကြည်သူ ဖြစ်တာ ၊ စတာတွေပါပဲ။

သမ္မတကြီးစဝ်ရွှေသိုက်ဟာ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ ချင်းပြည်နယ် ဖလမ်းမြို့မှာ လူထုညီလာခံကြီးကျင်းပခဲ့ပြီး ချင်းပြည်ကို လူထုဆန္ဒအရဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်စေရေးကိုအတည်ပြုပေးခဲ့ပါတယ်။အဲဒီနေ့ ဖေဖော်ဝါရီ ၂၀ ရက်ကိုလဲ ချင်းအမျိုးသားနေ့ အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။နောက်ပိုင်းမှာခေတ်ကာလရွေ့လျားကြာညောင်းလာခဲ့တဲ့အတွက် ဖေဖော်ဝါရီ ၂၀ ချင်းအမျိုးသားနေ့ကတော့ တည်ရှိနေသေးပြီး အနှစ်သာရဖြစ်တဲ့ ဒီမိုကရေစီ ကတော့ ပျောက်ဆုံးကျန်ခဲ့ရတယ် ဆိုပါတော့။

သမ္မတအိမ်တော်ရောက်ရှမ်းတစ်ယောက်ရဲ့ ဘဝ ဟာ စိမ်ခေါ်မှုတွေ များပြားလှပါတယ်။ တောင်ပေါ်သားတစ်ယောက်ကို သမ္မတအဖြစ်ရွေးချယ်တင်မြှောက် လိုက်ပြီး ၃ လ အကြာမှာ သခင်သန်းထွန်းတို့ ကွန်မြူနစ်တွေ တောခိုသွားခဲ့ပါတယ်။
သက်တမ်း ၆ လ အကြာမှာ ရဲဘော်ဖြူအဖွဲ့ ထပ်ပြီး တောခိုသွားခဲ့ပြန်ပါတယ်။ နောက်တစ်လ အကြာမှာ သရက်မြို့ နှင့် မင်္ဂလာဒုံ တို့မှာ တပ်စွဲထားတဲ့ တပ်ရင်းတွေကတပ်သားအများအပြား တောခိုသွားကြပြန်ပါတယ်။ အဲဒီအချိန်မှာပဲ ကရင်lat natကိုင်အဖွဲ့ နှင့် ယူနမ်က ကူမင်တန်တပ်တွေကလဲ အချိန်ကိုက် ထိုးနှက် တိုက်ခိုက်ကြပါသေးတယ်။ သူ့ရဲ့ သမ္မတသက်တမ်းအချိန်တော်တော်များများဟာ ထိုးနှက်မှုတွေကို ဖြေရှင်းရင်း ကုန်ဆုံးခဲ့ရပါတယ်။

သမ္မတကြီးဟာ ရှမ်းလူမျိုးပီပီ ဘာသာတရားကိုင်းရှိုင်းပေမဲ့ အယူသီးသူတော့မဟုတ်ပါဘူး။ တစ်ကြိမ်မှာ ရခိုင်ကို သွားဖို့ အတွက် အိမ်တော်မှ ထွက်လာချိန် မြေနီကုန်းအဝိုင်းနားအရောက် ကိုယ်ရံတော်တွေ လိုက်ပါလာတဲ့ ဂျစ်ကားမှောက်လို့ ရဲဘော်တစ်ယောက် ဒဏ်ရာ အပြင်းအထန် ရရှိသွားပါတယ်။ အဲဒီကနေ လေဆိပ်ကို ဆက်သွားတော့ လေယာဉ် စက်ချို့ယွင်းပြီး ရုတ်တရက်ထွက်မရ ဖြစ်ပြန်တယ်။အားလုံးက ဝိုင်းပြီး တားကြပေမဲ့ အဲဒီနေ့မှာပဲ ရခိုင်ပြည်ကို အရောက်သွားခဲ့ပါသတဲ့။

သူ့ရဲ့ သမ္မတ သက်တမ်းအတွင်းမှာ ငွေရေးကြေးရေးနဲ့ ပတ်သက်လို့ မြန်မာသတင်းစာဆရာတစ်ယောက်ကို ပြောဖူးတာက သမ္မတအဖြစ် လခ ၇၀၀၀ ရတယ်၊ ဒါပေမဲ့ လေးနှစ်အကြာ သမ္မတလုပ်ပြီးလို့ စာရင်းရှင်းလိုက်တော့ ရှမ်းပြည်က ယူလာတဲ့ ငွေ ငါးသောင်းလောက်ပါ ကုန်သွားတာကိုတွေ့ရတယ်၊ ဘာတွေကုန်မှန်းလဲမသိဘူး၊ ဒီလိုပဲ တတိတိနဲ့ ဘယ်ရောက်ကုန်မှန်း မသိဘူး ဟူ သတဲ့။

စဝ်ရွှေသိုက်ဟာ ဗုဒ္ဓဘာသာ ကို နိုင်ငံတော်ဘာသာအဖြစ်ပြဌာန်းခြင်းကို ကန့်ကွက်ခဲ့တယ်။ အဲဒါဟာ ပင်လုံစိတ်ဓာတ်ကို ချိုးဖောက်ရာရောက်ကြောင်း၊ ပင်လုံညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်းက တိုင်းရင်းသားလူနည်းစု၏အခွင့့်အရေးကို အကာအကွယ်ပေးရန် ကတိပေးခဲ့ကြောင်း ထောက်ပြခဲ့တယ်။

အသက် ၆၆ နှစ်အရွယ် အငြိမ်းစားသမ္မတကြီးစဝ်ရွှေသိုက်ကို ဗိုလ်ချုပ်နေဝင်းရဲ့အာဏာသိမ်းအစိုးရက ဖမ်းဆီးခဲ့ပါတယ်။ အဲဒီအချိန်ဟာ သမ္မတ အဖြစ်မှ အနားယူပြီး ဆယ်နှစ် ကြာပါပြီ။
lat natကိုင်တပ်တွေနဲ့ နေအိမ်အတွင်းဝင်ရောက် ဖမ်းဆီးစဉ်မှာ စဝ်ရွှေသိုက်ရဲ့ သားအငယ်ဆုံး စဝ်မီမီသိုက် (၁၇ နှစ် ) ဟာ ပစ်ခတ်ခံရပြီးthayဆုံးခဲ့ရပါတယ်။မြန်မာပြည်ရဲ့ ပထမဆုံးသမ္မတကြီး ဟာလဲ ဖမ်းဆီးခံဘဝနဲ့ ၈ လ သာ အသက်ရှင်နိုင်ခဲ့ ပါတယ်။

ရေးသားသူ – Ko Ngal

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။