ဆောင်းဟေဂိုအဖြစ် ထပ်မမွေးလာချင်တော့ဘူး ဆိုတဲ့ အွန်စောလို့လူသိများတဲ့ မင်းသမီး ဆောင်းဟေဂို

Celebrity International News

ဆောင်းဟေဂိုအဖြစ် ထပ်မမွေးလာချင်တော့ဘူး ဆိုတဲ့ အွန်စောလို့လူသိများတဲ့ မင်းသမီး ဆောင်းဟေဂို

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဆောင်းဟေဂိုအဖြစ် ထပ်မမွေးလာချင်တော့ဘူး ဆိုတဲ့ အွန်စောလို့လူသိများတဲ့ မင်းသမီး ဆောင်းဟေဂို ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မကြာသေးမီက Elle Korea နှင့် အင်တာဗျူးတစ်ခုမှာ Song Hye-kyo က သူမ၏နောက်ဆုံးထွက်ရှိခဲ့သော လူကြိုက်များနေတဲ့ဒရာမာဇာတ်ကားဖြစ်သည့် The Glory မှာကြုံတွေ့ရတာတွေကိုပြောပြပေးခဲ့တာဖြစ်ပါတယ်။ The Glory ဇာတ်ကားမှာ Lee Do-hyun၊ Lim Ji-yeon၊ Yeom Hye-ran နှင့် Park Sung-hoon တို့ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

Song Hye Kyo Expresses Satisfaction In Her Recent Drama “The Glory,” Acting  Points She Paid Special Attention To, And More | Soompi

Song Hye-kyo ရဲ့ ဇာတ်ကောင် Moon Dong-eun သည် Park Yeon-jin နှင့် ပထမဆုံးအကြိမ် တွေ့ဆုံပြီး ကျောင်းတွင်းအနိုင်ကျင့်တဲ့သူတွေ ကိုလက်စားချေတဲ့ အကြောင်းရိုက်ကူးထားတာဖြစ်ပါတယ်

Elle Korea အင်တာဗျူးမှာSong Hye-kyo က ဒီလိုdrama အမျိုးအစားကို ပထမဆုံးအကြိမ် ကြိုးစားကြည့်ခဲ့ဖြစ်ပြီး ဇာတ်ညွှန်းရဲ့ ကြမ်းတမ်းတဲ့ သဘောသဘာဝကို ထည့်သွင်းစဉ်းစားကာ အစပိုင်းတွင် ခက်ခဲကြောင်း သတိရမိတယ် လို့ပြောပြခဲ့တာဖြစ်ပါတယ် ဆက်လက်ပြီးတော့ အင်တာဗျူးမှာ ပရိသတ်တွေမေးတဲ့ မေးခွန်းတွေကို ဖြေကြားတဲ့အချိန် သူ့ချစ်ပရိသတ်တွေအတွက် အခုလို စိတ်ဓာတ်ခွန်အားပေးစကားပြောပေးခဲ့ပါတယ်။

Song Hye Kyo For ELLE Korea February Issue

“အချိန်က အရာရာကိုကုစားသွားမှာပါ…အစပထမတော့ ဒါဟာ စိတ်အနှောင့်အယှက်ဖြစ်စရာစကားလို့ထင်ရတယ်။ ဒါပေမဲ့ အချိန်တစ်ခုကြာလာတဲ့အခါ အချိန်က အရာရာကိုကုစားသွားမှာဆိုတဲ့စကားကို နောက်တစ်ကြိမ်ပြန်တွေးကြည့်ရင် ဒါက ခွန်အားအဖြစ်ဆုံးစကားလို့ သိလာမှာပါ။ အခုအချိန်မှာ နာကျင်ခံစားနေရရင် နာကျင်မှုကို အံ့ကြိတ်ပြီး တောင့်ခံလိုက်ပါ။ အခု ကျွန်မက မင်းကို နာကျင်မခံစားပါနဲ့လို့ပြောလည်း မနာကျင်တော့တာမှမဟုတ်တာ။ ဒီတော့ နာကျင်မှုကို ခံစားလိုက်ပါ။ ပြီးရင် စိတ်လျော့ချလိုက်ပါ။ ပြီးဆုံးသွားမှာပါ။ လက်ရှိခံစားနေရတဲ့ နာကျင်ခံစားမှုကို တွန်းထုတ်ဖို့ ကြိုးစားရင် ပိုပြီးနာကျင်ခံစားရမှာ” လို့ Elle Korea ရဲ့အင်တာဗျူးမှာ ပရိသတ်တွေမေးတဲ့ မေးခွန်းတွေကို ဖြေကြားတဲ့အချိန် သူ့ချစ်ပရိသတ်တွေအတွက် အခုလို စိတ်ဓာတ်ခွန်အားပေးစကားပြောပေးခဲ့တာပါ။

ပရိသတ်တွေမေးခဲ့တဲ့ မေးခွန်းတွေထဲမှာ နောက်ဘဝကျရင် ဆောင်ဟေဂိုအဖြစ် ပြန်ပြီးမွေးဖွားချင်လားဆိုတဲ့ မေးခွန်းပါဝင်ခဲ့ပါတယ်။ ဆောင်ဟေဂိုက ဒီမေးခွန်းနဲ့ပတ်သက်ပြီး အခုလိုဖြေကြားပေးခဲ့ပါတယ်။ “ဆောင်ဟေဂိုအဖြစ် တစ်ခါနေထိုင်ပြီးပြီမို့ အခြားတစ်ယောက်အဖြစ် ပြန်မွေးဖွားချင်တယ်”တဲ့။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။