ရွှေတိဂုံဘုရားပေါ်ကလူသိနည်းသော တန်ခိုးကြီးဘုရားများနှင့်သမိုင်းဝင်နေရာများ အပိုင်း (၃)

Knowledge

ရွှေတိဂုံဘုရားကြီးပြန်ဖွင့်တဲ့အချိန်ကျရင် ဒီနေရာတွေကို သတိတရနဲ့သွားကြည့်လိုက်ကြပါ

သာသနဟိတတန်ဆောင်းအရှေ့က ကြည့်လိုက်ရင်
ဘယ် ညာ တဘက်စီမှာ ဘီးလူးရုပ် ၂ ရုပ်ကို တွေ့ကြမယ်ထင်ပါတယ် ယက္ခမယ်တော်ရဲ့ သားတော် ၂ ပါးဖြစ်ပါတယ်

ခြေတော်ရာအနီးက ကျွန်းတိုင်းလုံးကြီးဖြစ်ပါတယ်
ထူးခြားချက်ကတော့ ကျွန်းတိုင်လုံးကြီးဟာ
ဌာပနာတိုက်အထိရောက်တယ်လို့ဆိုပါတယ်
မိမိနဖူးနဲ့ထိပြီး ဘုရားကိုအာရုံပြု လိုသောဆုတောင်းနိုင်ပါတယ်

သိုက်ချုပ်စေတီပါ မြန်မာပြည်ကသိုက်တွေရဲ့အချုပ်လို့ ဆိုပါတယ်

ဇီးကွက်လေး နှစ်ကောင်ခြံရံထားတဲ့ဘုရားပါ
အဘဘိုးမင်းခေါင်လှူဒါန်းခဲ့တဲ့ဘုရားလို့ သိရပါတယ်
လာဘ်ကောင်လေးမှာ အမွေးတိုင်းထွန်းပြီငွေရွှင်အောင်
စျေးရောင်းကောင်းအောင် ဆုတောင်းလို့ရပါတယ် ဘုရားအမှတ် (၇၀) ပါ

ဗုဒ္ဓတထောင်ပေါ်တော်မူဘုရားပါ
ယခင် က အပေါ်မှာရွှေချထားတဲ့အပိုင်းလေးကနေ
၁၉၈၄ ခုနှစ်မှာ အောက်မှာပူဇော်ထွင်းထုထားတဲ့ အပိုင်းဟာ ပေါ်ထွက်လာခဲ့တာပါ

ဆုတောင်းပြည့်လှိုဏ်ဂူဘုရားပါ ရှေ့မှာပြခဲ့တဲ့ ရှင်ဘုရင်
ဝင်ပေါက်ကို ပိတ်ပြီး တည်ထားတာပါ ဓမ္မစေတီဘုရားရဲ့
ဘေးဘက်မှာတည်ရှိပါတယ် အပြင်ဘက် တည့်တည့်ကြည့်လိုက်ရင် လှေကားထစ်တွေ မြင်ရမှာပါ အဲဒီလှေကားထစ်တွေဟာ အရင်ကရှင်ဘုရင်

ဘုရားလာဖူးဖို့အတွက် စီစဉ် ထားတဲ့လမ်းကြောင်းလို့ သိရပါတယ်

မျက်ရှင်တော်ဘုရား (ရှင်မုတ္ထီးတန်ဆောင်း) အတွင်းတွင်
ကိန်းဝပ်စံပယ်တော်မူပါသည်ဒီဘုရားရုပ်ပွားတော်ရဲ့ ထူးခြားချက်ကတော့ မျက်လုံးတော်
ပဲဖြစ်ပါတယ် ပကတိမျက်သား မျက်လုံးအစစ်ကဲ့သို့
တွေ့မြင်နိုင်ပါတယ်ရှင့်
မြောက်ဘက်မုဒ်ကတက်လာရင် ဘယ်ဘက်အခြမ်းက
ရှင်မုတ္ထီးတံဆောင်းက ဝင်ဝင်ခြင်း ညာဘက်အခြမ်းမှာရှိပါတယ်။

မျက်ရှင်ဘုရား ( ရှင်အရဟံ)
( မြောက်ဘက်မုဒ် ရှင်အရဟံ တန်ဆောင်းအတွင်း တည်ရှိသည်။ ဝင်ပေါက်က ဝင်လျှင် ညာဖက်ခြမ်း ရုပ်တု့တော်

အချိန်ပေးပြီးဖတ်ရှုပေးသူတယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

Leave a Reply