နဂါးမှန်းမသိ ၊ခြင်္သေ့မှန်းမသိ ဝေဖန်မှုပြုလုပ်နေကြသူတွေ အလှူရှင်မိသားစုက ဥပဒေအရ အရေးယူမည်။

Local News

နဂါးမှန်းမသိ ၊ခြင်္သေ့မှန်းမသိ ဝေဖန်မှုပြုလုပ်နေကြသူတွေ အကြောင်းစုံကို သေချာဖတ်ကြည့်အခုတလော နာမည်ကြီးနေတဲ့ ထီးတော်နေရာမှာ  ခြင်္သေ့ခေါင်းနေရာယူထားတယ်ဆိုတဲ့ ဘုရားက
မိတ္ထီလာနယ် ကတ္ထူကံသိမ်၀င်း မိုင်တိုင်အမှတ် ၂၈၇/၁ မှာရှိပါတယ်။
စေတီထိပ်မှာ ထီးတော်အစား ရုပ်တုတခု ပြုလုပ်ထားတာနှင့်ပတ်သက်၍ ဝေဖန်မှုမျိုးစုံထွက်ပေါ်လာနေပါတယ်။
ဒီလိုပုံ စေတီတည်ခြင်းဟာ ယတြာပြုလုပ်ခြင်းလား၊ ဒါမှမဟုတ် တခြားရည်ရွယ်ချက်ဖြင့်ပြုလုပ်ခြင်းလား
ဆိုတော့ကို အောက်မှာဆက်ပြီးဖတ်ကြည့်ပါ။
ဒီစေတီကို လှူဒါန်းထားသူ ဒေါ်သီသီမာက၎င်းရဲ့ Facebook အကောင့်မှာ
“ယင်းစေတီကို ၂၀၀၀ ခုနှစ်မှာ ဒေါ်သီသီမာတို့ မိသားစုမှ ပြုပြင်ခဲ့တာဖြစ်ပြီး ထပ်မံမပြုပြင်ခင် အချိန်ထဲက
နဂါးဘုရားပါ။ ပြုပြင်ချိန်မှာလဲဆရာတော်ဘုရားကြီးမှ ရှေးနှစ်ပေါင်းများစွာကတည်းက မင်းအဆက်ဆက်လှူဒါန်းခဲ့တာမို့ နဂါးအမိုးနဲ့ဘဲထားပါဆိုလို့ ဒီတိုင်းပြုပြင်ခဲ့တာပါ။ ”
လို့ပြန်လည်ဖြေရှင်းထားပါတယ်။

စေတနာရှင်မိသားစုက ဒီဘုရားဝန်းထဲမှာ ငွေကျပ်သိန်းပေါင်းမျာစွာအကုန်ကျခံ၍ လှူဒါန်းထားခြင်းကို
နိုင်ငံရေးနှင့်ဆက်နွယ်ပြီး မဟုတ်မမှန်သတင်းများဖြန့်ဝေကြသူများဟာ အလွန်ရှက်ဖို့ကောင်းပါတယ်။
ဒီလို မဟုတ်မမှန် သတင်းတွေဖြန့်ချီတဲ့သူတွေထဲမှာ ဘုရားသားတော်သံဃာပါ ပါဝင်နေတာကတော့
ပိုပြီးရှက်ဖို့ကောင်းတဲ့ အကြောင်းအရာဖြစ်ပါတယ်။

အလှူရှင် မိသားစုကတော့ ဒီလိုမျိုးမဟုတ်မမှန် သတင်းများဆက်လက်တင်နေမည် ဆိုပါက ဥပဒေအရ အရေးယူမည်လို့ ရေးသားထားပါတယ်။
သန့်ရှင်းတဲ့ အလှူကို ဒီလိုမျိုးနိုင်ငံရေးမှာ အသုံးချတာကတော့ မသင့်လျော်တဲ့ကိစ္စပါ။ဒီလိုမျိုး မဟုတ်မမှန် သတင်းများဖြန့်တဲ့သူတွေအနေနဲ့ စေတနာရှင်ဘုရားဒါယိကာ+ဒါယိကာမ ဦးဇော်ဝင်းဦး+ ဒေါ်သီသီမာ တို့ကို ပြန်လည်တောင်းပန်ဖို့တိုက်တွန်းလိုက်ပါတယ်။
အလှူရှင်မိသားစုအနေဖြင့်လဲဲတောင်းပန်ခြင်းမပြုကပါက ဥပဒေအရ အရေးယူးဖို့ တိုက်တွန်းပါရစေ။ဒါဟာ စော်ကားမှုတခုပါ။

Crd Photo and post

Leave a Reply