စစ်ကောင်စီရဲ့ တိုက်လေယာဉ်အသစ်တွေ ဘယ်နေရာမှာ သုံးလာနိုင်လဲ

Local News

စစ်ကောင်စီရဲ့ တိုက်လေယာဉ်အသစ်တွေ ဘယ်နေရာမှာ သုံးလာနိုင်လဲ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စစ်ကောင်စီရဲ့ တိုက်လေယာဉ်အသစ်တွေ ဘယ်နေရာမှာ သုံးလာနိုင်လဲ
ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရုရှားနိုင်ငံထုတ် Su–30 တိုက်လေယာဉ်အသစ်တွေကို အသုံးပြုဖို့ အဆင်သင့်ဖြစ်နေပြီလို့
အာဏာသိမ်းစစ်ကောင်စီရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာ ၇ ရက်မှာ ဘီဘီစီကို အတည်ပြုပြောထားပါတယ်။

တစ်စင်းကို အမေရိကန်ဒေါ်လာ သန်း ၄၀ တန်ကြေးရှိတယ်လို့ ရုရှားသတင်းဌာနကတချို့က ခန့်မှန်းတွက်ချက်ထားတဲ့ Su-30 တိုက်လေယာဉ်တွေကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က ရုရှားနိုင်ငံကနေ မှာယူထားတာဖြစ်ပြီး အခုနှစ် မတ်လမှာမှ နေပြည်တော်ကို နှစ်စင်းရောက်ရှိလာတာလို့ စစ်lat nat ဆိုင်ရာစောင့်ကြည့်ရေးအဖွဲ့တွေက ထောက်ပြပါတယ်။

“မတ်လ ၂၇ ရက် တပ်မတော်နေ့စစ်ရေးပြပွဲမှာ ဒီတိုက်လေယာဉ်တွေထုတ်ပြလာမလားလို့ စောင့်ကြည့်ခဲ့ပေမဲ့ မပြခဲ့ဘူး။ အစပိုင်းမှာ နည်းပညာပိုင်း အခက်အခဲရှိလို့လို့တွက်ဆမိတယ်။ ဒါပေမဲ့ အောက်တိုဘာ ၁၇ ရက်မှာတော့ နေပြည်တော်အခြေစိုက်လေတပ်စခန်းရဲ့ အနောက်မြောက်ဘက်မှာ Su-30 ပျံနေတာ တွေ့ရတယ်” လို့ စစ်ရေးဆိုင်ရာစောင့်ကြည့်လေ့လာတဲ့ Myanmar Witness က စစ်lat nat ရေးရာ စုံစမ်းဖော်ထုတ်သူ Mr. Leone Hadavi က ထောက်ပြပါတယ်။

နေပြည်တော်ကို တိုက်လေယာဉ်အသစ်ရောက်ပြီး ၇ လအကြာမှသာ လေ့ကျင့်ပျံသန်းတာတွေ တွေ့ရတဲ့ အကြောင်းလည်း သူက ပြောပါတယ်။

မတူညီတဲ့ ရှုထောင့်သုံးခုလောက်ကနေ ဂြိုဟ်တုကတစ်ဆင့်ရိုက်ကူးထားတဲ့ ဓာတ်ပုံမှတ်တမ်းတွေအရ နေပြည်တော်အခြေစိုက်လေတပ်စခန်းရဲ့ အနောက်မြောက်ဘက်မှာ အဆောက်အအုံသစ်ခြောက်ခုနဲ့ လေယာဉ်ပြေးလမ်းတွေကို တွေ့ခဲ့ရတယ်လို့ Myanmar Witness က စုံစမ်းဖော်ထုတ်ထားပါတယ်။

အဲ့ဒီအဆောက်အအုံတွေကို အခုနှစ် ဇန်နဝါရီလကနေ ဖေဖော်ဝါရီလကုန်ပိုင်းအထိ ဆောက်လုပ်ခဲ့ပြီး မတ်လမှာတော့ တိုက်လေယာဉ်အသစ် Su–30 နှစ်စင်းရောက်လာတာကို တွေ့ခဲ့ရတာပါ။

‌စစ်ကောင်စီဘက်က အသုံးပြုဖို့ အဆင်သင့်ဖြစ်နေပြီလို့ ထုတ်ပြောလာတဲ့ ဒီ Su30 လေယာဉ်တွေရဲ့ တိုက်ခိုက်နိုင်စွမ်းဘယ်လောက်ရှိနိုင်မလဲဆိုတာကို မေးခွန်းထုတ်လာကြပါတယ်။

ဂြိုဟ်တုဓာတ်ပုံမှတ်တမ်းတွေအရ နေပြည်တော်အခြေစိုက်လေတပ်စခန်းရဲ့ အနောက်မြောက်ဘက်မှာ အဆောက်အအုံသစ်ခြောက်ခုနဲ့ လေယာဉ်ပြေးလမ်းတွေကို တွေ့ရပါတယ်။

နေပြည်တော်ကနေ မြန်မာပြည်တောင်ဖျား ဒါမှမဟုတ် မြောက်ဖျားအထိ ပျံသန်းနိုင်တဲ့ Su–30
စစ်‌ရေးတင်းမာနေတဲ့ စစ်ကိုင်း၊ မကွေး၊ ကချင်၊ ကယား (ကရင်နီ)၊ ရခိုင်နဲ့ ကရင်ဒေသတွေမှာ လေကြောင်းနဲ့တိုက်ခိုက်မှုတွေ သိသိသာသာလုပ်လာတဲ့ စစ်ကောင်စီလေတပ်အနေနဲ့ အခု တိုက်လေယာဉ်အသစ်တွေကို ဘယ်လိုlat nat နဲ့တွဲသုံးမလဲဆိုတဲ့ အပေါ်မူတည်ပြီး မြေပြင်မှာ ဖျက်ဆီးနိုင်စွမ်းကွာခြားသွားလိမ့်မယ် စစ်ရေးကျွမ်းကျင်သူတွေက ဘီဘီစီကို ပြောကြပါတယ်။

“လေယာဉ်တွေမှာ ကပစ (ကာကွယ်ရေးပစ္စည်းစက်ရုံ) ကထုတ်တဲ့ ဗုံးတွေသုံးတယ်။ ပေါင် ၁၅၀၊ ၂၅၀ ဗုံးတွေဆိုရင် ကိုက် ၃၀ ကနေ ၅၀ ပတ်လည် ဖျက်ဆီးနိုင်စွမ်းရှိတယ်။ ပေါင် ၁၀၀၀ ဆိုရင် ကိုက် ၂၀၀ အထိ ထိရောက်တာပေါ့။ ရုရှားထုတ် ဒုံးကျည် (rockets) တွေသုံးမယ်ဆိုရင် ပိုထိရောက်လိမ့်မယ်” လို့ လေတပ်က CDM တပ်ကြပ်ကြီး ကိုဇေယျက လက်နက်တွေရဲ့ သက်ရောက်နိုင်မှုတွေအကြောင်း ရှင်းပြပါတယ်။

နောက်ထပ်တစ်ချက်အနေနဲ့ Su–30 ရဲ့ ပျံသန်းနိုင်တဲ့အကွာအဝေးက နေပြည်တော်ကနေ မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်၊ မြစ်ကြီးနားကို သွားရောက် တိုက်ခိုက်နိုင်သလို၊ တောင်ဖျားက ကော့သောင်းအထိပါ သွားရောက်နိုင်ပါတယ်။

SU-30

ဒါကြောင့် မဟာဗျူဟာမြောက် တိုက်လေယာဉ်လို့ လေတပ်အသိုင်းအဝိုင်းက ခေါ်ဝေါ်ကြပါတယ်။

“စစ်တပ်က အများဆုံးသုံးနေတဲ့ ရုရှားထုတ် Yak-130 တိုက်လေယာဉ်က တင်ဆောင်နိုင်တဲ့အလေးချိန် ၃၀၀၀ ကီလိုဂရမ် သယ်နိုင်တယ်။​ Su–30 ကတော့ ၈၀၀၀ ကီလိုဂရမ်အထိ သယ်နိုင်တယ်၊ သုံးပုံတစ်ပုံနီးပါး သာတာက အဓိက အချက်ပဲ” လို့ Myanmar Witness ရဲ့ စုံစမ်းဖော်ထုတ်သူ Mr. Leone က ပြောပါတယ်။

ဒါ့အပြင် လေယာဉ်မှူးတွေရဲ့ ဒီတိုက်လေယာဉ်ကို ဘယ်လောက်ထိ အသုံးပြုပြီး ဘယ်လောက်ထိ တိုက်ခိုက်နိုင်မလဲဆိုတဲ့ ကျွမ်းကျင်မှုအပေါ်မူတည်ပြီးလည်း သက်ရောက်မှုကွာလိမ့်မယ်လို့ ဆိုပါတယ်။

Yak-130

“ကျိန်းသေတာကတော့ Yak-130 ထက် မြေပြင်မှာ ပိုပြီးထိခိုက်မှာသေချာတယ်” လို့ Mr. Leone က အခိုင်အမာပြောပါတယ်။

မြန်မာနိုင်ငံအတွက် ထုတ်လုပ်ထားတဲ့ Su–30 နဲ့ လက်ရှိအသုံးပြုနေတဲ့ Yak–130 ကိုနှိုင်းယှဉ်မယ်ဆိုရင် Yak–130 ဟာ လေယာဉ်မှူးတွေအတွက် ပိုပြီးသုံးရလွယ်ကူတယ်၊ ပိုပြီးစျေးသက်သာတဲ့အပြင် မြန်မာလေတပ်နဲ့ ပိုပြီးရင်းနှီးမှုရှိတယ်လို့ ပြောကြပါတယ်။

ဒါကြောင့် Su–30 မဟာဗျူဟာမြောက် တိုက်လေယာဉ်အသစ်နဲ့ လတ်တလော အသုံးမပြုလောက်သေးဘူးလို့ ဆိုကြပေမဲ့ နေ့စဉ်လိုလိုနေပြည်တော်လေတပ်စခန်းအနီးတဝိုက်မှာ ဝေဟင်လေ့ကျင့်မှုတွေရှိတာကြောင့် စစ်ကောင်စီဘက်က ထုတ်သုံးလာနိုင်ချေရှိတယ်လို့ လေတပ်အသိုင်းအဝိုင်းက သုံးသပ်ထားပါတယ်။

တဆက်တည်းမှာပဲ စစ်ကောင်စီလေတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ အများစုအသုံးပြုတဲ့ တိုက်လေယာဉ် Yak–130 ဟာလည်း ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလထဲ ၆ စင်း အသစ်ထပ်မံ ရောက်လာတာတာကြောင့် အခုဆို အစင်းရေ ၂၀ တိတိ ရှိနေပါပြီ။

အဲဒီ တိုက်လေယာဉ် Yak–130 လေယာဉ်မှူးတွေကို အဆင့်မြင့်သင်ကြားဖို့ အသုံးပြုသလို မြေပြင်တိုက်ခိုက်မှုတွေမှာလည်း အလွယ်တကူအသုံးပြုလို့ရတယ်လို့ စစ်ရေးလေ့လာ သူတွေကနေ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် လေတပ်နှစ်ပတ်လည်အခမ်းအနားမှာ တပ်တော်ဝင်လာခဲ့တဲ့ Yak-130

၂၀၂၂ နှစ်လယ်ပိုင်းမှာ တိုက်ခိုက်မှုပိုစိပ်လာတဲ့ Yak-130
တိုက်လေယာဉ်မျိုးဆက် လေးဆက်မြောက် ဒါမှမဟုတ် ငါးဆက်မြောက်မှာရှိတဲ့၊ နောက်ပြီး လေယာဉ်မှူး နှစ်ယောက်လိုက်ပါ မောင်းနှင်လို့ရတဲ့ Yak–130 တွေကို အခုနှစ် ဧပြီလ၊ ဇွန်လကုန် ဇူလိုင်လဆန်းအပြင် အောက်တိုဘာလကုန်ပိုင်းတွေမှာ အသုံးပြုတိုက်ခိုက်လာတာကို ဓာတ်ပုံမှတ်တမ်းတွေအရ တွေ့ရတယ်လို့ Myanmar Witness က ဘီဘီစီကိုပြောပါတယ်။

စစ်ဆေးထားပြီးသား ဗီဒီယိုမှတ်တမ်းတွေအရ ပဲ့ထိန်းမဲ့ ဒုံးကျည် (unguided rockets) တွေနဲ့ ၂၃ မီလီမီတာ ကျည် (cannon) တွေကို အသုံးပြုပြီး အရပ်သားတွေစုဝေးနေထိုင်တဲ့ နေရာ အနီးတဝိုက်ကို တိုက်ခိုက်ခဲ့တာတွေ တွေ့ရတယ်လို့ ဆိုပါတယ်။

“၅၇ မီလီမီတာ (၅၇မမ)၊ ၈၀ မီလီမီတာ၊ ၁၃၀ မီလီမီတာစတဲ့ ဒုံးကျည်တွေ သုံးတာတွေ့ရတယ်။ S-5 ဒုံးကျည်တွေ သုံးတာတွေကိုလည်း မြေပြင်မှာတွေ့ရပေမဲ့ တိုက်ရိုက် အသေးစိတ်တော့ မသိရသေးဘူး” လို့ Myanmar Witness က Mr. Leone ကပြောပါတယ်။

တိုက်ခိုက်မှုတွေအတွက် လိုအပ်တဲ့ ဒုံးကျည်နဲ့ lat nat တွေကို ပြည်တွင်းကာကွယ်ရေးပစ္စည်းစက်ရုံက ထုတ်လုပ်တာအပြင် ရုရှားနိုင်ငံနဲ့ တချို့သော ဆက်စပ်နိုင်ငံတွေကပါ စစ်ကောင်စီကို ရောင်းချပေးနေတာ ကို တွေ့ရပါတယ်။

အထူးသဖြင့် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာအသုံးများတဲ့ ပဲ့ထိန်းမဲ့ ၈၀မမ ဒုံးကျည် (rockets) စုစုပေါင်း ၂၅၂၄ ခုကိုလည်း ပြီးခဲ့တဲ့နှစ် အာဏာသိမ်းစ ဖေဖော်ဝါရီ ၈ရက်နေ့မှာတင် ဆားဗီးယားနိုင်ငံကနေ တင်ပို့ထားခဲ့တာကို စစ်lat nat စောင့်ကြည့်ရေးအဖွဲ့တွေက ဖော်ထုတ်ထားပါတယ်။

ဒီလို တိုက်ခိုက်ရေးစွမ်းရည်မြင့် ဒုံးကျည်တွေဝယ်ယူဖြည့်တင်းတာအပြင် တိုက်လေယာဉ် အသစ်တွေပါ ရောက်ရှိလာတာကြောင့် စစ်ကောင်စီရဲ့ လေကြောင်းဖြည့်တင်းမှုဟာ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ခုခံတော်လှန်စစ်အနေနဲ့ ပေါ်ထွက်လာတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ အသီးသီးအပေါ် ခြိမ်းခြောက်မှု အနေအထား ဖြစ်လာတယ်လို့ CDM လေတပ်တပ်ကြပ်ကြီး ကိုဇေယျက သုံးသပ်ပါတယ်။

စစ်ကောင်စီရဲ့ လေ့ကျင့်ရေးတိုက်လေယာဉ်တွေ ဝေဟင်သရုပ်ဖော်မြင်ကွင်း

လေယာဉ်ပစ်lat nat ရှိမှ စစ်ကောင်စီလေကြောင်းရန်ကို ကာကွယ်နိုင်မှာလား
လေကြောင်းကို ပိုမိုအားထားလာသလို လေတပ်ဖြည့်တင်းမှုတွေပါ လုပ်လာတဲ့ စစ်ကောင်စီ ရဲ့ တိုက်ခိုက်မှုတွေကို တဖက်အဖွဲ့တွေက ဘယ်လိုကာကွယ်နိုင်လဲလို့ ဘီဘီစီက မေးခွန်းထုတ်ခဲ့ပါတယ်။

“လေယာဉ်ပစ်lat nat နဲ့ ပစ်ချနိုင်မှ လေကြောင်းကာကွယ်နိုင်မယ် ထင်ကြတယ်။ lat nat
ရရင်တောင် တော်ရုံလေ့ကျင့်မှုနဲ့ ပစ်ချလို့မရဘူး၊ ထည့်သုံးရမယ့် ကျည်အတွက်ရော ဘယ်လောက်တတ်နိုင်မလဲဆိုတဲ့ နောက်ဆက်တွဲတွေရှိတယ်” လို့ လေတပ် CDM တပ်ကြပ်ကြီး ကိုဇေယျက ပြန်ဖြေပါတယ်။

ဒါကြောင့် လေကြောင်းသတင်းပေးစောင့်ကြည့်ရမယ့် စနစ်ကို တိုင်းရင်းသားlat natကိုင် အဖွဲ့တွေအပြင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေမှာ စနစ်တကျထားရှိဖို့ လိုမယ်လို့ သူက အကြံပြုပါတယ်။

“Su–30 လို မဟာဗျူဟာမြောက် တိုက်လေယာဉ်တွေကတော့ လေကြောင်းကင်းထောက်တွေ အလုပ်မဖြစ်နိုင်ဘူး၊ သူက နေရာစုံသွားနိုင်တာကိုး။ ဒါပေမဲ့ တခြား Yak–130၊ Mi-35 နောက် သူတို့ သယ်ယူရေးသုံးတဲ့ Mi-17 တို့လို လေယာဉ်တွေဆို ဘယ်ကတက်ရင် ဘယ်ကိုဆိုတာ ခန့်မှန်းလို့ရတယ်” လို့ ကိုဇေယျက ပြောပါတယ်။

မှော်ဘီလေတပ်စခန်းက လေယာဉ်တက်ရင် ကယား (ကရင်နီ) ဒေသကို ဦးတည်နိုင်သလို တံတားဦးလေတပ်စခန်းကနေဆို ကချင်နဲ့ ရှမ်းမြောက်ပိုင်း၊ မကွေးလေတပ်စခန်းကနေ ရခိုင်မြောက်ပိုင်း ကို သွားရောက်တိုက်ခိုင်နိုင်တယ်ဆိုတဲ့ လေကြောင်း ခန့်မှန်းတာတွေ လုပ်နိုင်တယ်လို့ သူက ရှင်းပြပါတယ်။

“ဌာနချုပ်တွေကို အရှင်ထားရမယ်။ တိုင်းရင်းသားlat natကိုင်အဖွဲ့တွေရဲ့ ဌာနချုပ်တွေဆို ကင်းထောက် လေယာဉ်တွေမှာ မှတ်ပုံတင်ထားပြီး ဖြစ်တယ်။”

“နောက်စခန်းတွေမှာ ဘန်ကာ၊ ကတုတ်ကျင်း အခိုင်အမာ ထားရမယ်။ ပြည်သူကလည်း ဗုံးခိုကျင်း တူးထားတာမျိုးပေါ့။ ပြီးတော့ လေကြောင်းတိုက်ခိုက်နိုင်တဲ့ နေရာမှာရှိသူတွေဆို တုန်ခါမှုဒဏ်ခံနိုင်ဖို့ နားတွေကို ဂွမ်းစို့ဖို့ ဂွမ်းတွေဆောင်ထားရမယ်ဆိုတဲ့ အသေးစိတ်တွေကအစ ပြင်ဆင်ထားဖို့လိုမယ်” လို့ ကိုဇေယျက လေကြောင်းရန်ကာကွယ်ဖို့ လိုအပ်ချက်တွေကို ထောက်ပြပါတယ်။

ဒါဟာ လာမယ့် ပွင့်လင်းရာသီမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုပိုလုပ်လာနိုင်တယ်ဆိုတဲ့ စစ်ရေးသုံးသပ်ချက်တွေနဲ့အတူ အဖက်ဖက်က လေကြောင်းရန် ကာကွယ်ရေး ကြိုတင်ပြင်ဆင်သင့်တယ်လို့ ဆိုပါတယ်။

တဖက်မှာလည်း အမေရိကန်နိုင်ငံက စစ်ကောင်စီအတွက် lat nat ဝယ်ယူပေးတဲ့ ပုဂ္ဂိုလ်တွေနဲ့ ကုမ္ပဏီ အဖွဲ့အစည်းတွေကို ဆက်တိုက် ပစ်မှတ်ထားပိတ်ဆို့အ‌ရေးယူနေပါတယ်။

လေယာဉ်ဆီဝယ်ယူမှုတွေမှာကအစ အရပ်ဘက် အသုံးပြုရမယ့်ဆီတွေဟာ စစ်ကောင်စီထံ ရောက်ရှိနေတယ် ဆိုတဲ့ တွေ့ရှိချက်နဲ့အတူ နိုင်ငံတကာအသိုင်းအဝိုင်းက တားဆီးဖို့ပါ အရပ်ဖက်အဖွဲ့အစည်းတွေက တောင်းဆိုနေကြပါတယ်။

ဒီလိုလုပ်ဆောင်ချက်တွေဟာ စစ်ကောင်စီရဲ့ လေကြောင်းအသုံးပြုတိုက်ခိုက်မှုတွေအတွက် ထိရောက်တဲ့ အတားအဆီးမဟုတ်ဘဲ ခက်ခဲမှုတချို့သာဖြစ်စေတာလို့ စစ်ရေးလေ့လာသူတွေရော လေတပ်အသိုင်းအဝိုင်းကပါ ဝေဖန်နေကြတာပါ။

“စစ်တပ်က လေယာဉ်နဲ့ ဆက်စပ်ပစ္စည်းက အမေရိကန်နဲ့ အနောက်နိုင်ငံက ဝယ်ထားတာဘယ်နှစ်ခုရှိလို့လဲ။ ရုရှား၊ တရုတ်၊ ဘီလာရုစ်၊ အစ္စရေး၊ အိန္ဒိယ ဒီနိုင်ငံကနေ ဝယ်တာလေ။ ဆိုတော့ ရုရှား၊ တရုတ်လို နိုင်ငံကို ထားဦး အစ္စရေး၊ အိန္ဒိယလိုနိုင်ငံတွေက လက်နက်မပေးဖို့ဘဲ အရင်ဆုံးထိရောက်အောင် လုပ်ပေးသင့်တယ်” လို့ လေတပ် CDM တပ်ကြပ်ကြီး ကိုဇေယျကပြောပါတယ်။

“Yak–130 သုံးမလား၊ Su–30 တိုက်လေယာဉ်အသစ်နဲ့ တိုက်ခိုက်မှာလား။ လေကြောင်း ကင်းမဲ့ဇုန်အဖြစ် သတ်မှတ်ပေးရင် ဒါတွေကို တားဆီးနိုင်လိမ့်မယ်။”

“အခုကတော့ သူတို့က ဘယ်လိုပဲဖြစ်ဖြစ် လေကြောင်းနဲ့တိုက်တော့မှာပဲ။ အဲ့ဒါ သေချာပေါက်ပဲ” လို့ စစ်ကောင်စီမှာ အမှုထမ်းခဲ့ဖူးသူတစ်ဖြစ်လဲ ကိုဇေယျက ဘီဘီစီကိုပြောပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။