Goldman သဘာဝပတ်ဝန်းကျင်ဆိုင်ရာဆုကို မြန်မာနိုင်ငံက ကရင် အမျိုးသား Paul Sein Twaဆွတ်ခူး

Local News

ကမ္ဘာတစ်ဝှမ်းက သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကာကွယ်ရေးနဲ့

ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ထူးထူးခြားခြား ဆောင်ရွက်နေသူတွေကို ချီးကျူးဂုဏ်ပြုပေးအပ်တဲ့

Goldman သဘာဝပတ်ဝန်းကျင်ဆိုင်ရာဆုကို မြန်မာနိုင်ငံက ကရင် အမျိုးသား Paul Sein Twaဆွတ်ခူး ရရှိခဲ့ပါတယ်။

အသက် ၄၇ နှစ်အရွယ် Paul Sein Twaက ၂၀၀၁ ခုနှစ်မှာ ကရင် သဘာဝ ပတ်ဝန်းကျင်နဲ့

လူမှုရေး လှုပ်ရှားမှု ကွန်ယက် (KESAN) ကို ပူးတွဲ တည်ထောင် ခဲ့သူ ဖြစ်ပါတယ်။

ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စတွေမှာ ပါဝင်လာစေဖို့အတွက် ရပ်ရွာလူထုကို ချဉ်းကပ် တဲ့ နည်းလမ်းနဲ့အတူ

သဘာဝ ပတ်ဝန်းကျင်ကို အကာအကွယ် ပေးရမယ့် နယ်မြေ ဧရိယာတစ်ခုကို ထူထောင်ဖို့လည်း

လှုံ့ဆော်ခဲ့သူ တစ်ဦး ဖြစ်ပါတယ်။

ငြိမ်းချမ်းရေး ဥယျာဉ်တစ်ခု ထူထောင်နိုင်ဖို့အရေး အစိုးရ အာဏာပိုင်တွေနဲ့ အပြင် အစိုးရမဟုတ်တဲ့

အဖွဲ့အစည်းတွေနဲ့ ကရင် လူမှု အဖွဲ့အစည်းအတွေရဲ့ထောက်ခံမှုနဲ့ ရွာပေါင်း ၃၄၈ ရွာက လူထုကို

အသိပညာပေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း ပတ်ဝန်း ကျင်ဆိုင်ရာ သတင်းဌာန

တစ်ခုဖြစ်တဲ့ Mongabay က ပြောပါတယ်။

၂၀၁၈ ခုနှစ်မှာတော့ ဟက်တာ ၅၄၆,၀၀၀ (ဧက ၁.၃ သန်း) ရှိတဲ့

သံလွင် ငြိမ်းချမ်းရေး ဥယျာဉ်ကို ထူထောင်နိုင်ခဲ့တာပါ။

ဒီနှစ် ၂၀၂၀ ပြည့်နှစ်အတွက် Goldman သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာဆုကို

Paul Sein Twaက အာရှဒေသတစ်ခုလုံးကို ကိုယ်စားပြု ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ် Goldman သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာဆုကို မြောက်အမေရိကတိုက်အတွက် မက္ကဆီနိုင်ငံ၊

ကျွန်းစုနိုင်ငံတွေအတွက် ဘဟားမားစ်နိုင်ငံ၊ ဥရောပတိုက်အတွက် ပြင်သစ်နိုင်ငံ၊

အာဖရိကတိုက်အတွက် ဂါနာနိုင်ငံနဲ့ တောင်နဲ့ အလယ် အမေရိကဒေသ အတွက် အီကွေဒေါနိုင်ငံတို့က

လူပုဂ္ဂိုလ် တစ်ဦးစီ ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။ ဆုပေးပွဲကိုတော့

နိုဝင်ဘာလ ၃၀ ရက်နေ့ ပစိဖိတ် ဒေသ စံတော်ချိန် ၄ နာရီမှာ ဗွီဒီယိုကတဆင့် ကျင်းပမှာ ဖြစ်ပါတယ်။

Source : VOA

Photo : Radio Karen/Google

Leave a Reply