ရှော့ပင်းမောလ်ထဲ အေးရာအေးကြောင်းလှဲနေလို့ အလုပ်ရသွားတဲ့ခွေးကလေး (ရုပ်/သံ)

Local News

ရှော့ပင်းမောလ်ထဲ အေးရာအေးကြောင်းလှဲနေလို့ အလုပ်ရသွားတဲ့ခွေးကလေး (ရုပ်/သံ)

လွန်ခဲ့တဲ့ ရက်သတ္တပါတ်က ဖိလစ်ပိုင်နိုင်ငံရှိ ရှော့ပင်းမောလ်ထဲ အေးရာအေးကြောင်းလှဲနေကာ လုံခြုံရေးဝန်ထမ်းတွေလာခေါ်တာတောင် ပက်လက်ကလေးလှန် ချစ်စဖွယ်အမူအရာလုပ်ပြတဲ့ ဗီဒီယိုဖိုင်လေးဟာ လူအများအကြား ရေပန်းစားသွားပြီး

လူအများရဲ့ ချစ်ခြင်းကိုအပြည့်အဝရရှိလိုက်ပါတယ် လုံခြုံရေးဆွဲထုတ်တာတောင်ဝမ်းဗိုက်လေးလှန် ပက်လက်ကလေးနဲ့ သက်တောင့်သက်သာ အေးဆေးဖြစ်နေပုံလေးက အရမ်းကိုချစ်စဖွယ်ဖြစ်နေပါတယ်

လုံခြုံရေးခေါ်သွားတော့လည်း အသာတကြည်လိုက်သွားပုံလေးဟာ သူ့ကို အန္တရာယ်မပြုဘူးလို့ စိတ်ချယုံကြည်နေတဲ့အမူအရာလေးပါပဲ

ခုဆိုရင် အဲဒီ့ခွေးကလေးဟာ ထိုရှော့ပင်းမောလ်ကခန့်အပ်တဲ့ ရှော့ပင်းမောလ် အစောင့်ရာထူးကိုပါရရှိသွားခဲ့ပါပြီ

ခဏလေးအတွင်းလူတွေရဲ့ချစ်ခြင်းကိုရရှိလိုက်တဲ့အတွက်

ထိုရှော့ပင်းမောလ်က

ယခုလို ခွေးကလေးကို အလုပ်ခန့်အပ်လိုက်ခြင်းဖြစ်ပါတယ်

ဘယ်လောက်တောင်ချစ်ဖို့ကောင်းလိုက်သလဲနော်

မကြည့်ရသေးတဲ့လူတွေအတွက် video file လေးရယ် ခွေးလေးကိုအလုပ်ခန့်အပ်လိုက်တဲ့ ပုံလေးတွေကိုဖော်ပြပေးလိုက်ပါတယ်

 

“စျေးလာဝယ်တာ မောလို့ခဏနားနေတာကို
ဝုတ်ဒယ် 😆”

Posted by We Love ζώα on Friday, November 27, 2020

 

သဘောကျရင် like and share လုပ်ပေးကြပါဦး

Leave a Reply