၂၃ ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲတွင် မန္တလေးမြို့မှ စိတ်ဝေဒနာရှင်တစ်ဦး ကျပ်သိန်း ၅၀၀ ဆု ပေါက်

Local News

၂၃ ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲတွင် မန္တလေးမြို့မှ စိတ်ဝေဒနာရှင်တစ်ဦး ကျပ်သိန်း ၅၀၀ ဆု ပေါက်ခဲ့
====================================================

၂၀၂၁ ခုနှစ် နှစ်သစ်ကူးနေ့ ဇန်နဝါရီလ ၁ ရက် တွင် ဖွင့်လှစ်ခဲ့သော ၂၃ ကြိမ်မြောက် အောင်ဘာလေ ထီဖွင့်ပွဲတွင် မန္တလေးမြို့မှ စိတ်ဝေဒနာရှင်တစ်ဦး ကျပ်သိန်း ၅၀၀ ဆု ပေါက်ခဲ့ကြောင်း သိရသည်။

ကျပ်သိန်း ၅၀၀ ဆု ပေါက်ခဲ့သည့် စိတ်ဝေဒနာရှင်မှာ အရူးဝေလင်းထွန်းဟု ခေါ်ဆိုကြပြီး မန္တလေးမြို့ လမ်းမများပေါ် လမ်းတကာ လျှောက်သွားနေသူ တစ်ဦးလည်း ဖြစ်ကာ ကျပ်သိန်း၅၀၀ ဆုပေါက်ခဲ့ သဖြင့် မန္တလေးမြို့ခံများ အံ့သြနေလျက်ရှိကြသည်။

“လူရူးသော်လည်း ဘုန်းမရူးသူလို့ ပြောရမှာပေါ့၊ နှစ်သစ်ကူး ၂၀၂၁ ပထမရက်မှာပဲ အံ့ဖွယ်ဖြစ်စဉ် ပေါ့၊ စိတ်ဝေဒနာရှင်က သိန်း ၅၀၀ ဆုပေါက်တာ အံ့သြဝမ်းသာမိတယ်”ဟု မန္တလေးမြို့ခံ သတင်း ထောက်တစ်ဦးဖြစ်သည့် မန်းသားလေးက ပြောသည်။

ကျပ်သိန်း ၅၀၀ ဆု ပေါက်ခဲ့သည့် စိတ်ဝေဒနာရှင်မှာ လမ်းမများပေါ်မှာ မီးသွေးခဲဖြင့်စာများ ရေးလေ့ ရှိကာ ခင်မင်ရင်းနှီးသူ များထံမှ မုန့်ဖိုးတောင်းလေ့ရှိသောကြောင့် သိကျွမ်းသူများက မုန့်ဖိုး၊ လက်ဖက် ရည်ဖိုး ပေးကာ အမှိုက်ပစ်ခိုင်းကြရာမှ ရရှိခဲ့သည့် ငွေကြေးဖြင့် ထီထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၃ ကြိမ်မြောက် အောင်ဘာလေ ထီထိုးချင်သည်ဟုဆိုကာ ချမ်းအေးသာစံမြို့နယ် ၃၃လမ်းနှင့် ၈၄ လမ်းထောင့်ရှိ အောင် သပြေထီဆိုင်မှ ၁၀ စောင်တွဲထိုးခဲ့ခြင်းဖြစ်ပြီး အဆိုပါထီမှ ကျပ်သိန်း ၅၀၀ ဆုပေါက်ခဲ့ခြင်းဖြစ်သည်။

နိုင်ထူး

ပုံစာ-ယနေ့ ထီပေါက်အပြီး စိတ်ဝေဒနာရှင် ဝေလင်းထွန်းအား ၃၃ လမ်းနှင့် ၈၆ လမ်းပေါ်တွင်တွေ့ရစဉ်

ဓာတ်ပုံ-Aung Kyaw
Source: Pyi Myanmar

Leave a Reply