ခေါင်းတခြမ်းကိုက်ရောဂါအကြောင်း သိကောင်းစရာများ

Local News

ခေါင်းတခြမ်းကိုက်ရောဂါသည် အဓိကအားဖြင့် နှစ်မျိုး နှစ်စား ရှိသည်။
၁။ ရှေ့ပြေးလက္ခဏာ မရှိသော ခေါင်းတစ်ခြမ်းကိုက်ခြင်း (အဖြစ်များသော ခေါင်းတခြမ်း ကိုက်ခြင်း)
၂။ ရှေ့ပြေးလက္ခဏာ ရှိသော ခေါင်းတခြမ်းကိုက်ခြင်း
💥ရှေ့ပြေးလက္ခဏာ မရှိသော ခေါင်းတခြမ်းကိုက်ခြင်း💥
=================================
အဖြစ်အများဆုံးသော ခေါင်းတခြမ်းကိုက်ရောဂါ ဖြစ်သည်။ ရောဂါလက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်သည်။
ခေါင်းကိုက်ခြင်း
************
ပုံမှန်အားဖြင့် ခေါင်းတခြမ်းတွင်သာ ဖြစ်ပွားလေ့ရှိပြီး အရှေ့ဘက်(သို့) ဘေးဘက်တွင် အဖြစ်များသည်။
တစ်ခါတစ်ရံ ဦးခေါင်းနှစ်ခြမ်းစလုံးတွင် ဖြစ်ပွားသည်။ တစ်ခါတစ်ရံ တခြမ်းတွင် အစပြုပြီးနောက် တစ်ခေါင်းလုံးဆီသို့ ပျံ့နှံ့လာသည်။
ခေါင်းကိုက်နာ သည် ပြင်းထန်လေ့ရှိပြီး ထိုးထိုးပြီး နာသည် ဟု ပြောလေ့ရှိသည်။
ဦးခေါင်းကို လှုပ်ရှားလျှင် ပို၍ ဆိုးသည်။ မနက်ပိုင်းတွင် စလေ့ရှိသော်လည်း မည်သည့်အချိန်မဆို ဖြစ်နိုင်သည်။
ပုံမှန်အားဖြင့် တဖြည်းဖြည်း ပိုဆိုးလာကာ ၂ နှစ်ရီ မှ ၁၂ နာရီအကြာတွင် အဆိုးဆုံးဖြစ်ကာ တဖြည်းဖြည်း သက်သာပျောက်ကင်းလာသည်။
သို့သော် အချို့လူများတွင် ၄ နာရီ မှ ၇၂ နာရီထိကြာအောင် ရှိနေတတ်သည်။
အခြား အတွေ့ရများသော ရောဂါလက္ခဏာများမှာ
-နေထိုင်မကောင်ခြင်း
-အော့အန်ခြင်း
-အလင်းရောင်စူးစူး နှင့် အသံကျယ်များကို မနှစ်သက်ခြင်း
( ထို့ကြောင့် အမှောင်ခန်းထဲတွင် လဲလျောင်းနေခြင်းကို နှစ်သက်သည်။)
-အစားမစားခြင်း
-အမြင် ဝေဝါးခြင်း
-အာရုံ စိုက်ရန် ခက်ခဲခြင်း
-နှာပ်ိတ်ခြင်း
-ဗိုက်ဆာခြင်း
-၀မ်းပျက်ခြင်း
-ဗိုက်အောင့်ခြင်း
-ဆီးရွှင်ခြင်း
-ဖြူဖျော့ခြင်း
-ချွေးထွက်ခြင်း
-ဦးရေပြားခွံ နာခြင်း
-ပူခြင်း၊ အေးခြင်း တို့ ဖြစ်သည်။
💥ရှေ့ပြေးလက္ခဏာ ရှိသော ခေါင်းတခြမ်း ကိုက်ခြင်း💥
================================
ခေါင်းတခြမ်းကိုက်ရောဂါဖြစ်သော လူလေးယောက်တွင် တစ်ယောက်သည် ရှေ့ပြေးလက္ခဏာ ရှိသော ခေါင်းတခြမ်းကိုက်ရောဂါ ဖြစ်ပွားသည်။ ရောဂါလက္ခဏာများမှာ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်းပင်ဖြစ်သော်လည်း ဤအမျိုးအစားတွင်မူ ခေါင်းမကိုက်ခင် ရှေ့ပြေးလက္ခဏာများ ရှိသည်။
– အမြင် ရှေ့ပြေးလက္ခဏာများ သည် အဖြစ်အများဆုံးဖြစ်သည်။ ဥပမာများမှာ အမြင်အာရုံ တစ်စိတ်တစ်ပိုင်း ခဏပျောက်သွားခြင်း၊ အလင်းစူးများ ခဏပေါ်ခြင်း၊ အရာ၀တ္တုများ လည်နေသည် ဟု မြင်ခြင်း။
– ထုံခြင်း၊ အပ်စူးသကဲ့သို့ ခံစားရခြင်းများသည် ဒုတိယ အဖြစ်အများဆုံးဖြစ်သည်။ ထုံကျဉ်ခြင်းသည် လက်ဖဝါးတွင် စလေ့ရှိပြီး လက်မောင်းအတိုင်း တက်လာကာ မျက်နှာ၊ နှုတ်ခမ်း၊ လျှာ တို့ပါလာလေ့ရှိသည်။ တစ်ခါတစ်ရံ ခြေထောက်တွင်လည်း ဖြစ်တတ်သည်။
– စကားပြော အဆင်မပြေဖြစ်ခြင်းသည် တတိယ အဖြစ်များဆုံး ဖြစ်သည်။
– အခြား ဖြစ်နိုင်သော ရှေ့ပြေးလက္ခဏာများမှာ အနံထူးထူးတစ်ခုရခြင်း၊ အစားကို တပ်မက်လာခြင်း၊ နေအလွန်ကောင်းသည့်ခံစားမှု ရခြင်းတို့ ဖြစ်သည်။
အထက်တွင် ဖော်ပြခဲ့သော ရှေ့ပြေးလက္ခဏာများသည် တစ်ခုတည်း ဖြစ်နိုင်သလို တစ်ခုပြီးတစ်ခု အများကြီး ဖြစ်နိုင်သည်။
ရှေ့ပြေလက္ခဏာတစ်ခုသည် မပျောက်ကွယ်ခင် ပုံမှန်အားဖြင့် မိနစ်အနည်းငယ်သာ ကြာတတ်သော်လည်း
အချို့မှာ မိနစ် ၆၀ အထိ ကြာနိုင်သည်။ ရှေ့ပြေးလက္ခဏာများသည် ခေါင်းမကိုက်ခင် စဖြစ်ပြီး
ခေါင်းကိုက်ခြင်းသည် မိနစ် ၆၀ အတွင်း ဖြစ်လေ့ရှိသည်။
တစ်ခါတစ်ရံ ရှေ့ပြေးလက္ခဏာများသာ ပေါ်လာပြီး ခေါင်းကိုက်ခြင်း မရှိချေ။
ရှေ့ပြေးလက္ခဏာရှိသော ခေါင်းကိုက်သောသူ အများစုမှာ ရှေ့ပြေးလက္ခဏာ မရှိဘဲ ခေါင်းကိုက်ခြင်း ဖြစ်နိုင်သည်။
ပုံစံကျ ခေါင်းတခြမ်းကိုက်ခြင်း၏ အဆင့်များ —–
ခေါင်းတစ်ခြမ်းကိုက်ခြင်းကို အဆင့်လေးဆင့် ခွဲခြားနိုင်သည်။
– ရှေ့ပြေး အဆင့်သည် ခေါင်းတစ်ခြမ်းကိုက်ရောဂါ ရှိသော လူ တစ်၀က်ခန့်တွင် ဖြစ်ပွားသည်။
ထိုသူသည် စိတ်တိုလွယ်ခြင်း၊ စိတ်ဓါတ်ကျခြင်း၊ ပင်ပန်းခြင်း စသည်တို့ကို ခေါင်းမကိုက်ခင် သိရှိခံစားရပေမည်။
ခေါင်းမကိုက်ခင် နာရီပေါင်း၊ ရက်ပေါင်း အတော်ကြာကြာကပင် အဆိုပါခံစားမှု ရှိနိုင်သည်။
– ရှေ့ပြေးလက္ခဏာများ ပြသောအဆင့် (အကယ်၍ ရှိခဲ့လျှင်)
– ခေါင်းကိုက်သော အဆင့်
– သက်သာသော အဆင့်
ခေါင်းကိုက်ခြင်းသည် တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
ထိုအချိန်တွင် ပင်ပန်းခြင်း ၊ စိတ်မရှည်ခြင်း၊ စ်ိတ်ဓါတ်ကျခြင်း နှင့် အာရုံ စူးစိုက်ရန်ခက်ခြင်းတို့ ခံစားရနိုင်သည်။
Source : Facebook
Plz Like & Share

Leave a Reply