ကိုယ်တိုင် ဆိုင်းတီးပြီးနဂါးနီသီချင်းကို သီဆိုသွားတဲ့ ခင်ရတနာစိုးရဲ့ ဒိုင်သုံးသပ်ချက်များ

Local News

ကိုယ်တိုင် ဆိုင်းတီးပြီးနဂါးနီသီချင်းကို သီဆိုသွားတဲ့ ခင်ရတနာစိုးရဲ့ ဒိုင်သုံးသပ်ချက်များ

Grand Final Roundမှာတော့ ခင်ရတနာစိုးအတွက် သူဖြစ်စေချင်တဲ့အတိုင်း ပံ့ပိုးပေးခဲ့တယ်လို့ Coach နီနီခင်ဇော်ကပြောပါတယ်။ထူးခြားစွာဖြင့်နီနီခင်ဇော်ရဲ့ သင်ယူမှုမပါဘဲ ခင်ရတနာစိုးရဲ့ မိခင်ကိုယ်တိုင်ရဲ့ သင်ပြမှုနဲ့ ယှဉ်ပြိုင်ရမှာဖြစ်တယ်လို့ဆိုပါတယ်။
မြန်မာသံစဉ်သီချင်းဖြစ်တဲ့ နဂါးနီ သီချင်းကိုမိဘရဲ့ အမွေအနှစ်ဖြစ်တဲ့ ဆိုင်း ကို စင်ပေါ်မှာ ကိုယ်တိုင်တီးခတ်ပြီး အောချရလောက်အောင် ယှဉ်ပြိင်သွားတာပဲဖြစ်ပါတယ်။
ရန်ရန်ချမ်းကတော့ ခင်ရတနာစိုးရဲ့ ယှဉ်ပြိုင်မှုအပေါ် အရမ်းလေးစားရပါတယ်။အားကျရပါတယ်လို့သုံးသပ်ခဲ့ပါတယ်။ ကျားပေါက်ကတော့ အရမ်းကောင်းတယ် တစ်ကမ္ဘာလုံးကြည့်ရှုမှာဖြစ်လို့ အကောင်းဆုံးချပြခဲ့ပါတယ်လို့ဆိုပါတယ်။

နီနီခင်ဇော်ကတော့ မိဘတွေဆီကနေရလာတဲ့ ဆိုင်းအမွှေအနှစ်နဲ့ သီဆိုသွားတာ ရင်တွေကွဲသွားမတက်သီဆိုသွားခဲ့တာအရမ်းကောင်းပါတယ်။နီနီကိုယ့်စား ခင်ရတနာစိုး
ခင်ရတနာစိုး ဖော်ပြလိုက်တဲ့ မြန်မာမှုနဲ့ တကမ္ဘလုံးကို မြန်မာမှုမြန်မာ့ဟန်ကို ချပြသွားတဲ့အရမ်းဂုဏိယူပါတယ်လို့ မှတ်ချက်ချသွားပါတယ်။

နဂါးနီသီချင်းနဲ့ ဆိုင်းဝိုင်းအလယ်မှာ ကိုယ်တိုင်တီးခတ်ရင်း မြန်မာမှုကို ပိုင်ပိုင်နိုင်နိုင်နဲ့ သီဆိုယှဉ်ပြိုင်ခဲ့တဲ့ ခင်ရတနာစိုးအပေါ် Coah YC က အရမ်းအထင်ကြီးပါတယ်၊ အရမ်းလေးစားသွားတယ်လို့ ကောမန့်ပေးခဲ့ပြီး Coah ကျားပေါက်ကတော့ သူ့ကိုဆိုင်းတီးသင်ပေးဖို့ တောင်းဆိုခဲ့ပြီး သူ့အဘိုးကိုတောင်သတိသွားတယ်လို့မှတ်ချက်ပေးတဲ့အပြင် ဒီ performent ကို တစ်ကမ္ဘာလုံးကိုကြွားရမှာလို့ မှတ်ချက်ပေးခဲ့ပြန်ပါတယ်။
ကိုဇာနည်ကတော့ သီချင်းတောက်လျှောက်ကိုလက်ခုပ်တီးမိနေတဲ့အထိ အရမ်းကြိုက်ပါတယ်တဲ့။ မနီနီကတော့ ရင်တွေကွဲမတတ်ပီတိဖြစ်ရပြီး မျက်ရည်တောင်ဝိုင်းခဲ့ရတယ်လို့ဆိုခဲ့တဲ့အပြင် မြန်မာလူမျိုးတစ်ယောက်အနေနဲ့ တစ်ကမ္ဘာလုံးကိုပြသခွင့်ရခဲ့လို့ အရမ်းကိုဂုဏ်ယူပါတယ်လို့ ပြောကြားပေးခဲ့ပါတယ်။

Leave a Reply