ပြည်မြို့၌ ဘင်္ဂါလီများနှင့်အတူ ဖမ်းမိသည့်ကားသည် ပုသိမ်မြို့ရှိ ကျောင်းထိုင်ဆရာတော်၏ ကားဟုဆို

Local News

ဒီဇင်ဘာ ၂၄ ရက်က ပြည်မြို့တွင် ဘင်္ဂါလီများ တင်ဆောင်လာသဖြင့် ဖမ်းဆီးရမိသော ဘုန်းကြီးကားသည် ပုသိမ် မြို့ရှိ ဓမ္မဂုဏ်ရည်ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်၏ ကားဖြစ်ကြောင်း ဧရာဝတီတိုင်းရဲတပ် ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက အတည် ပြုပြောကြားသည်။

ပြည်မြို့တွင် ဒီဇင်ဘာ ၂၄ ရက် နေ့လယ် ၁ နာရီခွဲခန့်က ကား တစ်စီး ရှေ့ဘီးကွဲ၍ လူအများ ဝိုင်းအုံကြည့်ခဲ့ကြောင်း၊ ထိုအချိန်တွင် ယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါလာသည့် ဦးပဉ္စင်းတို့ ထွက်ပြေး သွားခဲ့ကြောင်း၊ ယာဉ်ပေါ်ပါလာ သည့် ဘင်္ဂါလီ ၁၃ ဦးအား ဖမ်း ဆီးရမိသော်လည်း၊ ထွက်ပြေးသွားသည့် ဦးပဉ္စင်းနှင့် ယာဉ်မောင်းအား ဖမ်းဆီးရမိခြင်းမရှိ သေးကြောင်း ပုသိမ်မြို့နယ်ရဲတပ် ဖွဲ့မှူး ရဲမှူးတင်လှိုင်က ပြော သည်။

ဓမ္မဂုဏ်ရည်ကျောင်းတိုက် သည် ပုသိမ်မြို့ အမှတ် (၁၄)ရပ်ကွက်၊ ပန်းဆက်ရပ်ရှိ ၂၂ နှင့် ၂၃လမ်းအကြားတွင်ရှိသည်ဟု ၎င်းက ပြောသည်။ ကျောင်းထိုင်ဆရာတော် ဦးဣန္ဒကနှင့် ယာဉ်မောင်း ဂိုးလေးတို့သည် မော်တော်ယာဉ်ဖြင့် ဒီဇင်ဘာ ၂၃ ရက် ည ၁၀ နာရီကျော် ခန့်က အဆိုပါကျောင်းမှ ထွက် သွားခဲ့သည်ကို အတည်ပြု၍ရ သည်ဟု ရဲမှူးတင်လှိုင်က ပြောသည်။

‘‘ကျောင်းတိုက်မှာရှိတဲ့ ကျန်တဲ့ကိုရင်တွေ၊ ဦးပဉ္စင်းတွေကို မေးကြည့်တော့ သူတို့ထွက်သွား တဲ့အချိန်ကို အတည်ပြုလို့ရ တယ်။ ဒီကျောင်းတိုက်ကို ဒီကိုယ်တော်ရောက်တာက ရှစ်နှစ် လောက်ရှိပြီလို့ ပြောတယ်။ ထွက်သွားတုန်းကတော့ သူတို့နှစ်ဦးပဲ။ဘင်္ဂါလီတွေကို ဘယ်ကနေတင် လာတယ်ဆိုတာတော့ မပြော တတ်ဘူး’’ဟု ရဲမှူးတင်လှိုင်က ပြောသည်။

လက်ရှိတွင် ဖမ်းမိထားသော ဘင်္ဂါလီများအား ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရမှုရှိ၊ မရှိ စစ်ဆေးမှုများ ဆောင်ရွက်၍ သီးခြားနေ ရာတွင် ထိန်းသိမ်းကာ စစ်ဆေးလျက်ရှိကြောင်း ပြည်မြို့ဒေသခံ ကိုပြည်သဲမောင်က ပြောသည်။

ဘင်္ဂါလီများမှာ (၁၁) နှစ်မှ အသက် (၁၉)နှစ်အရွယ် ရှိသူများဖြစ်သည်။ အဆိုပါဖြစ်စဉ်နှင့်ပတ် သက်၍ ထွက်ပြေးလွတ်မြောက် နေသူ ဦးပဉ္စင်းနှင့် ယာဉ်မောင်းအား လူကုန်ကူးမှုတားဆီးကာ ကွယ်ရေး ဥပဒေဖြင့် ဖမ်းဆီးအ ရေးယူရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Leave a Reply