ကရင်နီပြည်နယ်တွင် စက်တင်ဘာလအတွင်း စစ်တပ်ဘက်မှ ၁၀၄ ဦး thay ဆုံးပြီး ၆၀ ကျော်ဒဏ်ရာရ ၊ စစ်တပ်၏ ပစ်ခတ်မှုများကြောင့် ပြည်သူ ၁၁ ဦး ကွယ်လွန်ခဲ့ရ

Local News

ကရင်နီပြည်နယ်တွင် စက်တင်ဘာလအတွင်း စစ်တပ်ဘက်မှ ၁၀၄ ဦး thay ဆုံးပြီး ၆၀ ကျော်ဒဏ်ရာရ ၊ စစ်တပ်၏ ပစ်ခတ်မှုများကြောင့် ပြည်သူ ၁၁ ဦး ကွယ်လွန်ခဲ့ရ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကရင်နီပြည်နယ်တွင် စက်တင်ဘာလအတွင်း စစ်တပ်ဘက်မှ ၁၀၄ ဦး thay ဆုံးပြီး ၆၀ ကျော်ဒဏ်ရာရ ၊ စစ်တပ်၏ ပစ်ခတ်မှုများကြောင့် ပြည်သူ ၁၁ ဦး ကွယ်လွန်ခဲ့ရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ အောက်တိုဘာ ၂
ကရင်နီပြည်နယ်တွင် စက်တင်ဘာလအတွင်း စစ်တပ်ဘက်မှ ၁၀၄ ဦးthayဆုံးပြီး စစ်သား ၆၀ ကျော်ဒဏ်ရာရရှိကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်KNDF က တရားဝင် သတင်းထုတ်ပြန်သည်။
စက်တင်ဘာ တစ်လလုံး တိုက်ပွဲများတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ မှ ၁၀၄ ဦး ကျော် thayဆုံးခဲ့ပြီး (၆၀) ဦးကျော် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ စစ်တပ်ထံမှ MA-1 ၃ လက် ၊ MA-2 ၃ လက် ၊ MA-3 ၈ လက် ၊ MG စက်thayနတ် ၁ လက် (၆၀) မမ အသီး၊ RPG အသီး ၊စွပ်ဗုံးနှင့် ခဲယမ်းများ ၊ အသုံးအဆောင်များကိုပါ သိမ်းဆည်းနိုင်ခဲ့ပြီး စစ်ကား (၁)စီး ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဘက်မှ ရဲဘော် (၅) ဦး ကျဆုံးခဲ့ရကြောင်း သိရှိရသည်။

စက်တင်ဘာလ ၁ လတာအတွင်း ကရင်နီပြည်နယ်တွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၊ ကရင်နီတပ်မတော် (KA)၊ အခြားမဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်များ ပူးပေါင်း၍ အကြမ်းဖက်စစ်ကောင်စီ၏ တပ်ဖွဲ့များနှင့် တိုက်ပွဲပေါင်း (၅၇) ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း ၊ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များသည် စက်တင်ဘာလ အစပိုင်းမှစ၍ လွိုင်ကော် ၊ ဒီးမော့ဆို ၊ ဖရူဆို လမ်းမကြီး တစ်ကြောအား စစ်ကြောင်းထိုး တပ်ဖြန့်ခဲ့သလို ဒီးမော့ဆို ၊ နန်းမယ်ခုံ ၊ မိုးဗြဲလမ်းမကြီးကိုလည်း စစ်ရေးအရ ထိမ်းချုပ်နိုင်ရန် စစ်ကြောင်းထိုးခြင်းများပြုလုပ်ခဲ့ကာ လက်ရှိအချိန်ထိ ဖော်ပြပါနေရာများတွင် တပ်ဖြန့်ခြင်းများ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဒီးမော့ဆို – ဖရူဆို လမ်းမကြီးတစ်လျှောက် နှင့် မိုးဗြဲမြို့တို့တွင် စစ်ရေးအရ ထိန်းချုပ်ရန် ကြိုးစားခဲ့သော စစ်ကောင်စီတပ်ဖွဲ့များအား မိမိတို့ နယ်မြေအလိုက် KNDF တပ်ရင်းများနှင့် KA ၊ အခြားမဟာမိတ်တပ်များ စက်တင်ဘာလ ဒုတိယပတ်အထိ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများပြင်းထန်ခဲ့ကာ စစ်ကောင်စီဘက်မှ အများအပြား thayဆုံး၍ ၎င်းတို့၏ lat nat ခဲယမ်းများစွာကိုလည်း မိမိတို့ဖက်မှ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
ကရင်နီပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား ဖရူဆို ၊ ဒီးမော့ဆို ၊ လွိုင်ကော် ၊ မိုးဗြဲ ဒေသတို့တွင် တိုက်ပွဲများပြင်းထန်ခဲ့ပြီး စက်တင်ဘာလကုန်အထိ ထိတွေ့တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း၊ ထို့ကြောင့် စက်တင်ဘာလ တစ်လတာအတွင်း ကရင်နီပြည်နယ်၌ ဒီးမော့ဆိုမြို့နယ်တွင် (၁၈)ကြိမ် ၊ ဖရူဆိုမြို့နယ်တွင် (၁၄)ကြိမ် ၊ လွိုင်ကော်မြို့နယ်တွင် (၁၁)ကြိမ် ၊ ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့တို့တွင် (၉)ကြိမ် ၊ ရှားတောမြို့နယ်တွင် (၃)ကြိမ် ၊ ဘောလခဲမြို့နယ်တွင် (၂)ကြိမ် စုစုပေါင်း ထိတွေ့တိုက်ပွဲပေါင်း (၅၇)ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးများ အလွန်အကျွံ အသုံးပြုတိုက်ခိုက်ခဲ့ခြင်း ကြောင့် ဒေသခံများ၏ နေအိမ် (၁၀၀) ကျော်၊ ဘုရားကျောင်း (၂) ကျောင်း ပျက်စီးခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တစ်ဖက်သတ် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် နေအိမ် (၇)လုံးကျော် ထိခိုက်ပျက်စီးခဲ့ရကြောင်း အကြမ်းဖက် စစ်ကောင်စီသည် ကရင်နီပြည်အတွင်းလက်နက်ကြီးအပြင် လေကြောင်းတိုက်ခိုက်မှု (၁၆) ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကြောင့် အရပ်သားပြည်သူ (၁၀) ဦး thayဆုံးခဲ့ပြီး (၁၉) ဦး ဒဏ်ရာရခဲ့ကာ စစ်ကောင်စီတပ် ထောင်ထားသော မိုင်းနင်းမိ၍ ပြည်သူ (၁) ဦး thayဆုံးခဲ့ရကာ (၄) ဦး ဒဏ်ရာရရှိခဲ့သလို အကြမ်းဖက်စစ်ကောင်စီတပ်မှ ဖမ်းဆီး thet ဖြတ်ခြင်းခံရသူ အရပ်သားပြည်သူ (၂) ဦး ရှိခဲ့ကြောင်း သိရှိရသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း
မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။