သူဌေး ဖြစ်မည့်မှဲပိုင်ရှင်များ မှဲ့အဟော

Knowledge

မျက်ခုံးနှစ်ခုကြားမှဲ့ရှိရင်ထင်ရှားကျော်ဇောမယ်၊ရက်စက်တတ်မယ်။နဖူးပြင်တဲ့တဲ့မှာမှဲ့ရှိရင်ငွေကြေးပြည့်စုံတယ်လို့အထင်ခံရမယ်။လက်ယာဘက်မျက်ခုံးမွှေးပေါ်မှဲ့ရှိရင်ချမ်းသာမယ်၊ဥစ္စာပစ္စည်းပြည့်စုံမယ်၊လောကီချမ်းသာမှုအပြည့်အစုံ ခံစားရမယ်။

ဝဲဘက်မျက်ခုံးပေါ်မှဲ့ရှိရင်အသောက်အစားများမယ်၊လောင်းကစားကလည်းတမ်းတမ်းစွဲပါ။လက်ယာဘက်မျက်ခုံးမွှေးအဆုံးမှာမှဲ့ရှိရင်အဖွဲ့အစည်းမှာအကြီးအကဲဖြစ်မယ်။

လက်ယာဘက်မျက်ခမ်းအောက်မှဲ့ရှိရင်မျက်နှာပွင့်ပြီးလူချစ်လူခင်များမယ်ဝဲဘက်မျက်ခမ်းအောက်မှဲ့ရှိရင်လူမုန်းများမယ်၊အတိုက်အခံနဲ့အမြဲတွေ့ရမယ်၊ငယ်စဉ်မှာဆင်းရဲဒုက္ခမျိူးစုံကြုံတွေ့မယ်။အချစ်ရေးနဲ့ပတ်သတ်ရင်သတ္တိရှိမယ်၊ဇနီးရဲ့သြဇာလွမ်းမိုးမှုခံရမယ်။

လက်ယာဘက်နှာခေါင်းမှမှဲ့ရှိရင်သားသမီးအဖတ်မတင်တာဖြစ်မယ်။နှာခေါင်းတည့်တည့်နှာသီးထိပ်ဖျားမှာမှဲ့ရှိရင်Vအနုပညာလောကမှာအောင်မြင်ကျော်ကြားမယ်။လက်ယာဘက်ပါးပြင်ပါးစပ်အစွန်နားမှာမှဲ့ရှိရင်အကျိူးမဲ့စကားကိုပြောတတ်မယ်

အရေမရအဖတ်မရစကားပြောတတ်မယ်။လက်ဝဲဘက်ပါးပြင်ပါးစပ်အစွန်နားမှာမှဲ့ရှိရင်သူတစ်ပါးရဲ့အကြောင်းပြောမယ်၊ထင်ရှားကျော်ကြားတတ်တယ်။လက်ယာဘက်ပါးပြင်မို့မှာစံပယ်တင်မှဲ့ရှိရင်မျက်နှာပွင့်မယ်၊တရားရှိတယ်၊အသက်ကြီးရင့်သော်ရသေ့ရဟန်းဖြင့်အရိုးထုတ်မယ်။

လက်ဝဲဘက်ပါးပြင်မို့မို့မှာစံပယ်တင်မှဲ့ရှိရင်မိန်းမချောလေးတွေတွေဝိုင်းဝိုင်းလည်နေမယ်။လက်ယာဘက်ပါးပြင်အောက်နားမှာမှဲ့ရှိရင်ချမ်းသာမယ်၊အောင်မြင်မယ်ကျော်ကြားမယ်။မေးစေ့တည့်တည့်မှာမှဲ့ရှိရင်ကိုယ်ပိုင်လုပ်ငန်းနဲ့ကြီးပွားမယ်အောင်မြင်မယ်ကျော်ကြားမယ်။

မေးစေ့နားတစ်ဝိုက်မှာမှဲ့ရှိရင်ဒုက္ခတွေတွေ့ပြီးမှအောင်မြင်လာမယ်။မေးစေ့အလယ် အောက်နှုတ်ခမ်းအောက်မှာမှဲ့ရှိရင်အိမ်ထောင်ဆက်များမယ်၊ရည်းစားတွေမှိုလှိုပေါက်ပြီး တိတ်တိတ်ပုန်းတွေလည်းအများကြီးတဲ့ဗျာ(ဒီလိုချစ်သူမျိူးပိုင်ဆိုင်ထားရင်တော့သတိသာထားတော့ဗျာ)

မျက်ရည်စီးကြောင်းတည့်တည့်မှာမှဲ့ရှိရင်မယားသေမယ်၊ဆင်းရဲမယ်။လည်ပင်းမှာမှဲ့ရှိရင်ချမ်းသာမယ်၊ကြီးပွားမယ်၊အလုပ်အကိုင်အကြံအစည် အောင်မြင်မယ်။လက်မောင်းလက်ဖျံမှာမှဲ့ရှိရင်ဆင်းရဲရင် အလယ်လတ်တန်းစားဘဝ၊အလယ်အလတ်ဆိုရင်အထက်တန်စားဘဝသို့ဆရာက်မယ်။

ရင်ဘက်မှာမှဲ့နဲ့၊ခါးနားမှာမှဲ့ပါရင်မှဲ့စလွယ်လို့ခေါ်တယ်၊မဆင်းရဲပါ၊လူအများရဲ့ကြည်ညိုလေးစားခြင်းခံရမယ်၊ဇနီးအပေါ် သြဇာညောင်းမယ်။(ကြွားတယ်လို့တော့မထင်ပါနဲ့ဗျာ မှဲ့စလွယ်ကြီးပါနေတယ်ခြေထောက်ဘယ်ညာခြေဖမိုးတိုမှာမှဲ့ပါရင်သူရဲကောင်းဝါဒကျင့်သုံးမယ်

ခြေဖဝါးအလယ်မှာမှဲ့ရှိရင်ရေကြည်ရာ၊မြက်နုရာဆိုသလိုရွေ့ပြောင်းသွားလာနေရင်းနဲ့ဘဲဘဝကိုအဆုံးသတ်လိမ့်မယ်။ကဲဘယ်သူတွေမှာဘယ်လိုမှဲ့တွေပါလဲမှဲ့အဟောတွေကဘယ်လောက်ထိမှန်ကန်နေလည်းဆိုတာအခြားသူတွေလည်းသိရအောင်ယခုမူရင်းpostအောက်မှာCommentလေးရေးပေးသွားခဲ့ပါအုံးLik &Shareပြုလုပ်ပြီးမသိသေးတဲ့သူတွေသိအောင်ယခုpostကိုShareပေးပါနော်။ #credit

Leave a Reply