ထိုင်းတွင် အမျိုးသား ၃ ဦး ထိမ်းမြားလက်ထပ်မင်္ဂလာဆောင်

Local News

ထိုင်းနိုင်ငံအရှေ့ပိုင်း၊ ကျန်ထပူရီမြို့မှာ သမရိုးကျဖြစ်စဉ်တွေထက် တမူကဲတဲ့ အမျိုးသားချင်း လက်ထပ်ထိမ်းမြားခြင်းတဲ့ မင်္ဂလာပွဲတစ်ခု ပြီးခဲ့ရက်ပိုင်းက ကျင်းပသွားပါတယ်။

အဲဒီထက်ပိုထူးတာက ၂ ယောက်စုံတွဲမင်္ဂလာဆောင်တာမဟုတ်ဘဲ အမျိုးသားတွေချည်း ၃ ယောက် ဘဝကြင်ဖော်အဖြစ် လက်တွဲဖို့ လက်ထပ်တဲ့ပွဲ ဖြစ်ပါတယ်။

သူတို့ ၃ ယောက်ကတော့ အသက် ၃၀ နှစ်ရွယ်ရှိ နိုင်းထနဝပ် ဖုမ်းထောင်းန် ခေါ် ဂျိမ်းစ် ၊ အသက် ၂၂ နှစ်ရွယ်ရှိ နိုင်းဆန်ချိုင်း ဆပ်ကျန်း ခေါ် အမ့် နဲ့ အသက် ၂၄ နှစ်ရွယ်ရှိ နိုင်းတိနွန်ဖုပ် ပုတ်ရထတ် ခေါ် တေ့ ( ယ် )  တို့ဘဲ ဖြစ်ပါတယ်။

နိုင်းထနဝပ် ခေါ် ဂျိမ်းစ်က သူဟာ အရင်ဆုံး အမ့်နဲ့ သိကျွမ်းခဲ့ကြောင်း ၊ ဒန်ဇာ ( ကချေသည် ) တစ်ဦးဖြစ်တဲ့ အမ့်နဲ့ ဖေ့စ်ဘုတ်ပေါ်မှာ စသိခဲ့ပြီး တစ်ဦးနဲ့တစ်ဦး ပိုမိုနားလည်မှုရှိကာ သံယော ဇဉ်ဖြစ်လာတာ ၇ နှစ်ရှိသွားပြီလို့ ဆိုပါတယ်။

အဲဒီနောက် တေ့ ( ယ် ) နဲ့ ထပ်တွေ့ကြောင်း ၊ တေ့ကလည်း ကချေသည်ဘဲဖြစ်ပြီး စိတ်သ ဘောထားချင်း နားလည်မှုရှိကာ သူငယ်ချင်းထက်ပိုတဲ့ ချစ်မေတ္တာမျှခဲ့ကြလို့ သူ့ကိုပါ ဘဝထဲ ဝင်လာဖို့ ဖိတ်ခေါ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် သူတို့ ၃ ဦးဟာ သာယာတဲ့အိမ်ထောင်တစ်ခု ထူထောင်ဖို့ ဓလေ့ထုံးစံအတိုင်း ထိမ်းမြားလက်ထပ်ဖို့ သုံးဘက် မိဘဆွေမျိုးတွေကို ဖွင့်ပြောရာမှာ မိဘဆွေမျိုးတွေကလည်း  သဘောတူတဲ့အတွက် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ ရက်နေ့က မင်္ဂလာပွဲ ကျင်းပခဲ့ပါတယ် ။

သူတို့မင်္ဂလာပွဲကို မိဘဆွေမျိုးနဲ့ သူငယ်ချင်းတွေ လာရောက်အားပေးပြီး တေ့ ( ယ် ) ရဲ့ မိ ခင်ကလည်း   ဝမ်းမြောက်ဝမ်းသာဖြစ်ရကြောင်း၊ သူတို့ ၃ ယောက်ရဲ့ သံယောဇဉ်ကို နားလည်သ ဘောပေါက်လို့ အခုလိုမင်္ဂလာပွဲကျင်းပပေးတာဖြစ်ပြီး ရှေ့ဆက် သူတို့အိမ်ထောင်ရေးဟာလည်း တပါးသူတို့အိမ်ထောင်ရေးလိုပဲ သာယာချမ်းမြေ့တဲ့ အိမ်ထောင်တစ်ခုဖြစ်ဖို့ မိခင်တယောက်အနေနဲ့ ကြည့်ရှုစောင်မပေးသွားမယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

ကိုးကား- Kapook/ ThaiCh8

Leave a Reply