မယ်စကြာဝဠာမြန်မာ (Miss Universe Myanmar 2020) သရဖူကို ရရှိခဲ့တဲ့ ဟားခါးကိုယ်စားပြုအလှမယ် သူဇာဝင့်လွင်

Local News

မယ်စကြာဝဠာမြန်မာ (Miss Universe Myanmar 2020) သရဖူကို ရရှိခဲ့တဲ့ ဟားခါးကိုယ်စားပြုအလှမယ် သူဇာဝင့်လွင်

၈ ကြိမ်မြောက်မယ်စကြာဝဠာမြန်မာ ၂၀၂၀ပြိုင်ပွဲကြီးမှာ ဟားခါးကိုယ်စားပြုအလှမယ် သူဇာဝင့်လွင်မှ

Miss Universe Myanmar 2020 Winnerအဖြစ် ထိုက်တန်စွာရရှိခဲ့ပါတယ်။
သူဇာဝင့်လွင်ကတော့ အဆိုတော် သရုပ်ဆောင် မေရဲ့ ညီမဖြစ်သလို မော်ဒယ်တစ်ဦးအဖြစ်

အနုပညာအလုပ်တွေလုပ်ကိုင်နေသူတစ်ဦးလည်းဖြစ်ပါတယ်။

အဲ့ဒီအပြင် မကြာသေးခင်ကအဆိုတော်မေနဲ့အတူ ရိုက်ကူးထားတဲ့အလှဓာတ်ပုံတွေကနေတစ်ဆင့်လည်

းပရိသတ်တွေပိုမိုသတိထားမိခဲ့ကြတာပဲဖြစ်ပါတယ်။
သူမဟာဆိုရင် ဒီဇင်ဘာလ ၃၀ရက်နေ့ကကျင်းပခဲ့တဲ့ မယ်ဝကြာဝဋာမြန်မာ ၂၀၂၀ပြိုင်ပွဲမှာ Winner ဆုကိုရရှိခဲ့သူဖြစ်ပြီး

ပြည်ပနိုင်ငံမှာကျင်းပမယ့် ကမ္ဘာနိုင်ငံအသီးသီးမှ အလှမယ်တွေပါဝင်ယှဉ်ပြိုင်မယ့် ၆၉ကြိမ်မြောက် Miss Universe 2020 ပြိုင်ပွဲမှာ

မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့သွားရောက်ယှဉ်ပြိုင်ရမှာလည်းဖြစ်ပါတယ်။

၂၀၁၃ခု နှစ်ကတည်းက စတင်ကာနှစ်စဉ်ကျင်းပပြုလုပ်ခဲ့တဲ့ မယ်ဝကြာဝဠာ ပြိုင်ပွဲဟာဆိုရင်တော့

ယခုနှစ်မှာတော့Covid 19 အခြေ အနေတွေကြောင့် ပရိသတ်တွေပါဝင်နိုင်ခြင်းမရှိပဲ

Online Show အဖြစ်သာ ကျင်းပဆောင်ရွက်ခဲ့ရပါတယ်။
Source – Candy Thuza’s Facebook

သူမ၏ Facebook အကောင့်မှလည်း ယခုလို ရေးသားထားသည်ကို ဖော်ပြပေးလိုက်ပါသည်။

ညီမ Miss Universe Myanmar 2020 ပြိုင်ပွဲကြီးမှာ ဟားခါးမြို့ရဲ့ပထမဆုံးကိုယ်စားပြုအဖြစ်ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး Miss Universe Myanmar 2020 Winner ဆုကြီးကိုရရှိခဲ့ပါပြီ။အတိုင်းမသိပျော်ရွှင်ရသလို ပိုတာဝန်ကြီးသွားပြီမို့ ဒီ့ထက်အဆများစွာကြိုးစားနိုင်ဖို့ပြင်ဆင်နေပါပြီ။

ညီမကို ဟားခါးကိုယ်စားပြုအလှမယ်အဖြစ်ယုံကြည်စွာရွေးချယ်ပေးခဲ့တဲ့ City Director ကိုနေထွဋ်၊ကွယ်လွန်သွားပြီဖြစ်တဲ့

ကိုမျိုးမင်းတို့ကိုကျေးဇူးတင်ပါတယ်။City ပွဲမှာတုန်းက အစစအရာရာဂရုစိုက်ပေးခဲ့တဲ့

ကိုလင်းထက်ညီညီ၊ကိုစူပါတို့ကိုလည်းကျေးဇူးတင်ပါတယ်။

Covid ကာလကြီးမှာ အခက်အခဲကြားကနေ မဖြစ်မနေပွဲကျင်းပပေးနိုင်ခဲ့တဲ့

Miss Universe Myanmar National Director

မစိုးယုဝေနှင့်တကွ ပွဲကျင်းပနိုင်အောင်အဖက်ဖက်ကဝိုင်းဝန်းပံ့ပိုးပေးခဲ့ကြတဲ့ မိတ်ဖက်ကုမ္မဏီများ၊

ရုပ်သံလိုင်းကနေတဆင့်ပြသပေးတဲ့Channel Meတို့ကိုလည်းကျေးဇူးတင်ပါတယ်။

ပြိုင်ပွဲကာလတစ်လျှောက်အစစအရာရာလိုလေသေးမရှိဂရုစိုက်ပေးခဲ့ကြတဲ့ မကူး၊မစုမြတ်၊ကိုဖြိုးဝေယံမောင်၊ကိုစိုင်းနှင့်

MUM Team တစ်ခုလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။Training မှာ အစစအရာရာညီမအရင်းတစ်ယောက်လို

စောင့်ရှောက်သင်ကြားပေးခဲ့ Miss Universe Myanmar 2014 မသျှားထွဋ်အိန္ဒြာ ၊ Public Speaking နဲ့ပတ်သတ်ပြီး

သင်ကြားပြသပေးတဲ့ Face of Beauty Myanmar 2019 မထွန်းပုလဲရတနာ တို့ကိုလည်း ကျေးဇူးတင်ပါတယ်။

ပြိုင်ပွဲကာလတစ်‌လျှောက် Activity တိုင်းကို အလှဆုံးပြင်ဆင်ပေးတဲ့ မိတ်ကပ် Aung Sha နှင့်အဖွဲ့၊BSC Team ၊

Evening Gown လှလှလေးတွေချုပ်ပေးတဲ့ Designer ကို Gam Htoi ၊Opening Round အတွက် Dress လှလှလေးတွေ

ဖန်တီးပေးတဲ့ မဥမ္မာကျော်၊ National Costume Presentation အတွက် လူရောစိတ်ရောအပင်ပန်းခံ

ဖန်တီးပေးခဲ့တဲ့ Designer Ko Ro Kim တို့ကိုလည်းကျေးဇူးတင်ပါတယ်။

ပြိုင်ပွဲကာလတစ်လျှောက် Photoshoot တိုင်းအတွက် အဖက်ဖက်ကနေပံ့ပိုးပေးကြတဲ့ Photographer Mr.Haw၊

ကိုအောင်ကျော်ထွန်း(AKT) ၊ ကို Jason ၊ ကိုအောင်ဇော် (Love Space) ၊ ဩရသစိုး ၊ Designer ကိုမင်းသက်စံ ၊

Ahlatt Lumyang ၊ ကိုကောင်းမြတ် ၊ ကိုလတ်(Mglatt Dsn) ၊ Shwe Phyo ၊ မိတ်ကပ် မေစီကာ (Jessica Han) ၊

April Thuta ၊ Wine Min Khant Wine နှင့် Stylistများအားလုံး ကိုကျေးဇူးအများကြီးတင်ပါတယ်။

နောက်ဆုံး ညီမကို City ပွဲကနေ စပြီး ညီမရဲ့ Road to Miss Universe Myanmar 2020 ခရီးစဉ်တစ်လျှောက်လုံး

ညီမရဲ့လိုအပ်ချက်တွေကို အကြံပြုပြီး အားပေးဝန်းရံ ပေးခဲ့ကြတဲ့ညီမရဲ့ Candians လေးများနှင့်

ပရိသတ်များအားလုံးကို ဒီကနေ ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။

Road to Miss Universe 2020 ခရီးစဉ်ကြီးမှာလည်း ညီမနဲ့တူတူရှိနေပေးကြမယ်လို့မျှော်လင့်ပါတယ်။❤️

Miss Universe Myanmar 2020
Thuzar Wint Lwin”

ဟုရေးသားဖော်ပြထားပါသည်။မြန်မာ့ဂုဏ်ဆောင် အလှမယ်လေးအတွက်ဂုဏ်ယူရပါတယ်…

Plz Like & Share

Leave a Reply