တစ်သက်မှာ တစ်ခါသာ ကြုံရမယ့် ကုသိုလ်မှာ ရွှေလေးပိသာအပြင် ရွှေဆွဲကြိုး၊ လက်ထပ်လက်စွပ် တို့ကိုပါချွတ်ပြီး လှူဒါန်းလိုက်တဲ့ ဝါဝါဝင်းရွှေတို့မိသားစု

Local News

ပရိသတ်ကြီးရေ အကယ်ဒမီဝါဝါဝင်းရွှေကတော့ ယနေ့အချိန်ထိတိုင် အရွယ်တင်နုပျိုပြီး လန်းဆန်းတက်ကြွနေတာဖြစ်ပါတယ်။အနုပညာအလုပ်တွေကိုလည်း လုပ်ကိုင်နေနိုင်ဆဲဖြစ်တဲ့ ဝါဝါဝင်းရွှေက ပရိသတ်တွေရဲ့အချစ်များစွာကို သိမ်းပိုက်ထားနိုင်ဆဲဖြစ်ပါတယ်နော်။ဝါဝါဝင်းရွှေက မြေးမလေးနှစ်ယောက်ကိုလည်း အနုပညာလမ်းကြောင်းပေါ်လက်တွဲခေါ်ယူပြီး သေချာသင်ကြားပေးတာဖြစ်ပါတယ်။ဝါဝါ‌ဝင်းရွှေက ချစ်သားသမီး၊မြေးတွေနဲ့အတူ ပျော်ရွှင်ရွှင်နဲ့နေထိုင်နေတာဖြစ်ပါတယ်နော်။

ဝါဝါဝင်းရွှေရဲ့သားတွေကလည်း မိခင်ကိုစိတ်ချမ်းသာအောင်ထားပေးပြီး အမြဲပျော်စရာတွေသာဖန်တီးပေးနေတာဖြစ်ပါတယ်နော်။ဝါဝါဝင်းရွှေတို့မိသားစုလေးက စည်းစည်းလုံးလုံးရှိကြပြီး အပြန်အလှန်ဖေးမကူညီကြပါတယ်။လက်ရှိမှာဆိုရင်တော့ ဝါဝါဝင်းရွှေရဲ့သားငယ်လေး ဝါဇင်က မိသားစုနဲ့အတူ စင်ကာပူမှာနေထိုင်နေတာဖြစ်ပါတယ်။အခုဆိုရင်တော့ ဝါဝါဝင်းရွှေရဲ့ တူလေးက ငယ်ငယ်တုန်းက ကြုံတွေ့ခဲလှတဲ့ကုသိုလ်ထူးကို ပရိသတ်တွေသိအောင်ပြောပြလာတာဖြစ်ပါတယ်နော်။

ဝါဝါဝင်းရွှေရဲ့တူလေးကဘဝတစ်သက်တာမှာတစ်ခါသာကြုံခဲ့ရတဲ့ ကုသိုလ်တစ်ခုကို ကိုယ်တိုင် ကြုံခဲ့ရပါတယ် ရွှေတိဂုံစေတီတော်မြတ်ကြီး ရဲ့စိန်ဖူးတော် နဲ့ထီးတော်တင်ပွဲကြီးမှာ ဦးလေးဖြစ်သူက ဦးဆောင်ပြီး ကျွန်တော် အပါအဝင် ညီငယ် ချစ်စု ညီငယ်သားထူး ညီငယ်သားထွေးတို့နဲ့ စိန်ဖူးတော်အထိကို တက်ရောက်ပူဇော်ကန်တော့ခွင့်ရခဲ့ပါတယ်။ စိန်ဖူးတော်ရဲ့ ထိပ်ကို ရောက်ရှိသွားတဲ့အခါမှတော့ ညီငယ်သားထူး (ဝါဇင် ) က သူ့လည်ပင်းမှာ ဝတ်ဆင်ထားတဲ့ ရွှေဆွဲကြိုးကို ချက်ချင်း သဒ္ဒါတရားပေါက်ချွတ် လှူခဲ့ပါတယ် ကျွန်တော်ကတော့ ကျွန်‌တော်တို့ရဲ့ မင်္ဂလာဆောင်မှာ မင်္ဂလာလက်ထပ်လက်စွပ်အဖြစ် ဦးလေးနဲ့အဒေါ်ကိုယ်တိုင် ချီးမြှင့်ပေးခဲ့တဲ့ ပတ္တမြားလက်စွပ် နှစ်ကွင်းကို ပူးတွဲ ဂဟေဆက်ပြီး ကိုယ်တိုင် ချိတ်ဆွဲလှုဒါန်းခဲ့ပါတယ် ဦးလေးနဲ့ အဒေါ် မိသားစုကလည်း ရွှေတိဂုံစေတီတော်မြတ်ကြီးအတွက် ရွှေပိသာချိန်(လေး ပိသာ)ကို ဆက်ကပ်လှူဒါန်းခဲ့ပြီး ထီးတော် စိန်ဖူးတော်မှ နတ်မင်းကြီးလေးပါး ရွှေ မဏ္ဍိုင် တော်ကြီးကိုပါ လှူဒါန်းခဲ့ပါတယ်ဆိုပြီး ရေးသားမျှဝေလာတာဖြစ်ပါတယ်။

Leave a Reply