MCU မှာ နောက်ဆုံးအနေနဲ့ မြင်တွေ့ရတော့မယ့် Spiderman (Tom Holland) – No Way Home

Local News

Marvel Studio က 2008 ခုနှစ် MCU ဆိုပြီး မဖြစ်ခင် လွန်ခဲ့တဲ့ 10 နှစ်တုန်းက Sony ကို Spiderman နဲ့ ပတ်သတ်တဲ့ rights တွေ အကုန် ရောင်းခဲ့ပြီး၊ Spiderman က Sony အတွက် အောင်မြင်မှုတွေ အများကြီး ယူဆောင်ပေးနိုင်ခဲ့တဲ့ ဇာတ်ကောင်တစ်ခုလဲဖြစ်ပါတယ်။

2015 မှာ Marvel President Kevin Feige က Marvel နဲ့ Sony ပူးပေါင်းပြီး၊ 2016 Captain America Civil War မှာ Tom Holland သရုပ်ဆောင်တဲ့ Spiderman ကို MCU မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။

အဲ့ဒီနောက် Infinity War, End Game စတဲ့ဇာတ်ကားတွေအပြင်၊ Solo Film နှစ်ခုနဲ့ အတူ စုစုပေါင်း ဇာတ်ကားငါးကားထိ ပါဝင်ခဲ့ပြီး အောင်မြင်မှုတွေ အများကြီး ရရှိခဲ့ပါတယ်။

ဒါပေမယ့် Sony က MCU မှာ ဇာတ်ကား ငါးကားစာအထိပဲ deal လုပ်ထားတာဖြစ်တာကြောင့် Spiderman ရဲ့ အခုလက်ရှိထွက်ထားတဲ့ Far From Home အပြီးကျရင် Spiderman ကို MCU ကနေ ပြန်ထုတ်သွားမှာဖြစ်ပါတယ်။

ဒါပေမယ့် Kevin Feige ရဲ့ ထပ်မံညှိနှိုင်းမှုနဲ့ ခြောက်ကားမြောက်ဖြစ်တဲ့ Spiderman No Way Home အထိ ရိုက်ခွင့်ရပြီး၊ အဲ့ဒီဇာတ်ကားပြီးရင်တော့ Sony က Spiderman နဲ့ ပတ်သတ်သမျှကို MCU ရဲ့ အကူအညီမပါပဲ ကိုယ်တိုင် ထုတ်လုပ်သွားတော့မှာဖြစ်ပါတယ်။

တိုက်ရိုက်ပြောရရင်တော့ Spiderman ကို MCU ရဲ့ တခြား character တွေနဲ့ အတူမြင်ရတော့မှာ မဟုတ်ပဲ SPUMC ထဲမှာ Venom, Mobius, Kraven the Hunter တို့နဲ့မြင်ရမှာ ဖြစ်ပါတယ်။

Spiderman No Way Home က Tom Holland ကို Spiderman အနေနဲ့ မြင်ရနိုင်မယ့် နောက်ဆုံးဇာတ်ကား ဖြစ်သလို၊ MCU မှာ Spiderman တည်ရှိနေမှုအတွက် နောက်ဆုံးဇာတ်ကားတစ်ကားဖြစ်ပါတယ်။

Leave a Reply