အကြွေးမပေးလို့ အစ္စရေးထောက်လှမ်းရေးဟောင်းက စစ်ကောင်စီကို လက်တွဲဖြုတ်

Local News

အကြမ်းဖက် မြန်မာစစ်ကောင်စီကို နိုင်ငံတကာက လက်ခံလာရေး အကျိုး ဆောင်လုပ်ပေးရန် မြန်မာစစ်တပ်က ငှားရမ်းထားသည့် အစ္စရေးထောက်လှမ်းရေးဟောင်းက သူ၏ စစ်တပ် လော်ဘီလုပ်သည့် အလုပ်ကို ငွေမရ၍ ရပ်ဆိုင်းလိုက်ကြောင်း ရိုက်တာသတင်းအရ သိရှိရသည်။

မြန်မာစစ်ကောင်စီကို အမေရိကန်က လက်ခံလာရေးအပါအဝင် နိုင်ငံတကာဝင်ဆန့်နိုင်ရန် အကျိုးဆောင်လော်ဘီ လုပ်ပေးရန်အတွက် မြန်မာစစ်ဗိုလ်ချုပ်တစ်ဦးနှင့် Air Ben-Menashe တို့​ဒေါ်လာ ၂ သန်း ဖြင့် သဘောတူညီအလုပ်လုပ်ကိုင်ခဲ့သော်လည်း ယခုအခါ စီးပွားရေးပိတ်ဆို့မှုများကြောင့် သူ့အတွက် လုပ်အားခငွေမရနိုင်တော့သဖြင့် အလုပ်ကို ရပ်ဆိုင်းလိုက်ခြင်း ဖြစ် သည်ဟု သိရှိရသည်။

လက်ရှိတွင် အမေရိကန်က မြန်မာစစ်ကောင်စီအပေါ် ပြင်းထန်သော စီးပွားရေးပိတ်ဆို့ အရေးယူမှုများကို ဆက်တိုက် ဆိုသလို ဆောင်ရွက်လျက်ရှိသည်။

“ကျနော်တို့ ငွေမရနိုင်ဘူး။ ကုန်ကျစရိတ်က အရမ်းကို စျေးကြီးပါတယ်” ဟု အစ္စရေးထောက်လှမ်းရေးဟောင်း Ben-Menashe က ဆိုသည်။

Leave a Reply