မင်းဘာအတွက် စျေးရောင်းတာလဲမေးပြီး ခံယူချက်မကြိုက်လို့ ပါးရိုက်သွားတဲ့ဂျပန်

Knowledge

မင်းဘာအတွက် စျေးရောင်းတာလဲမေးပြီး ခံယူချက်မကြိုက်လို့ ပါးရိုက်သွားတဲ့ဂျပန်

ဂျပန်ခေတ်တုန်းကပေါ့… ဈေးတစ်ခုထဲကိုဂျပန်စစ်သားတွေဝင်လာတယ် အဲမှာ ဈေးရောင်းနေကြတဲ့ မြန်မာဈေးသည်တွေလဲ မျက်နှာမှာသွေးမရှိကြတော့ဘူးလန့်နေကြတာပေါ့…

အဲ့ဒီအချိန်မှာဟင်းရွက်ကန်ဇွန်းရွက်ရောင်းတဲ့လူကို ဂျပန်ဗိုလ်ကြီးကမြန်မာစကားပြန်နဲ့မေးခိုင်းတယ်…

မင်းဘာအတွက်ဈေးရောင်းနေတာလဲတဲ့… ဈေးသည်လဲကြောက်ကြောက်နဲ့ ကိုယ့်ဝမ်းစာအတွက်ရောင်းနေတာပါလို့ ပြန်ဖြေလိုက်တယ်…

ဂျပန်ဗိုလ်ကြီးမျက်နှာပျက်သွားပြီး ဈေးဗန်းကိုစောင့်ကန်ချလိုက်ပြီး ဈေးသည်ကိုဂျပန်ပါးရိုက်နည်းနဲ့ မိတ်ဆက်ပေးလိုက်တယ်…

ဈေးသည်ကထူပူပြီးစကားပြန်ကြီးကိုမေးတယ်…ခများဘာများမှားပြောလိုက်လဲတဲ့ စကားပြန်ကြီးကလဲ ကျွန်တော်ခများပြောတဲ့အတိုင်းပဲ တိတိကျကျပြောလိုက်တာပါလို့ ပြောပါတယ်…

အဲဒီမှာ ဂျပန်ဗိုလ်ကြီးက စကားပြန်ကြီးကိုပြန်ပြောခိုင်းလိုက်တယ် …
မင်းဈေးရောင်းတာ မင်းတိုင်းပြည်အတွက်ပဲဖြစ်ရမယ်တဲ့…

အမှန်ပဲ…ဂျပန်တွေရဲ့ခံယူချက်က သူတို့ဘာလုပ်လုပ်သူတို့ဝမ်းစာအတွက်ထက် တိုင်းပြည်အတွက်အဓိကကြည့်တာ ကျွန်တော်တို့အသိဆုံးပါ…

ဒီကနေ့ဒီအချိန် ဂျပန်ပစ္စည်းဆိုရင် မူလီလေးတစ်လုံးကအစ အဟောင်းတောင်တန်ဖိုးရှိပါတယ်… တရုတ်ထုတ်ပစ္စည်းအသစ်နဲ့ ဂျပန်ပစ္စည်းအဟောင်းနဲ့ဆို ကျွန်တော်တို့အားလုံး ဂျပန်စက်အဟောင်းကိုပဲယူဖြစ်မှာအသေချာပါ…

ဂျပန်တွေကတစ်ကယ်မျိုးချစ်ကြတယ်…သူတို့လူမျိုးကိုနာမည်တစက်အပျက်မခံဘူး… ကျွန်တော်တို့တိုင်းပြည်ကိုလဲ သူတို့အုပ်ချုပ်တုန်းက စိတ်ဓာတ်ပိုင်းဆိုင်ရာတွေကို နည်းမျိုးစုံနဲ့ပြင်ပေးခဲ့ပါတယ်…

ဒါပေမယ့်နှိပ်စက်တယ်လို့မြင်ပြီးမပြင်ခဲ့ကြဘူး အခုချိန်ထိဒီအကျင့်ဆိုးကြီးတွေ လူအချို့မှာကပ်ညှိနေတယ်…

ငါဈေးရောင်းတာငါ့မိသားစုချမ်းသာဖို့ အခြားလူတွေဒုက္ခရောက်ရင်ရောက်ပါစေ… ခေတ်ပျက်တုန်းရှာရတာဆိုပြီး ကိုယ့်တိုင်းပြည်ကပြည်သူအချင်းချင်း ဂုတ်သွေးစုပ်အမြတ်ထုတ်ကျတဲ့ လူတွေအများကြီးရှိနေတယ်…

ကိုဗစ်စဖြစ်တော့ Mask. တွေဈေးတင်ရောင်းတယ်… နွေဦးတော်လှန်ရေးမှာဆန္ဒထုတ်ဖော်ပြီး အပြန်ကားငှားရခက်တော့ ကားခတွေမတရားတိုးတောင်း …
(မှတ်ချက်ပရဟိတ Taxi. ဆရာအများအပြားလဲရှိပါတယ်) အချို့မတရားတောင်းခဲ့တဲ့ကားသမားတွေကို ဆိုလိုခြင်းဖြစ်တယ်

အခုကိုဗစ်တတိယလှိုင်းက အရမ်းကြမ်းတယ်…အများပြည်သူတွေကူရာမဲ့နေကြတဲ့အချိန်မှာ ဆေးဆိုင်တွေဈေးတင်ရောင်းကြတယ်…

အောက်ဆီဂျင်လိုအပ်လာမှန်းသိတော့ အောက်ဆီဂျင်နဲ့ပက်သက်တဲ့ပစ္စည်းတွေ ဈေးတွေမယုံနိုင်လောက်အောင်ကြီးသွားတယ်…

မဝယ်နိုင်လို့ အောက်ဆီဂျင်မရှုရပဲ သေသွားတဲ့လူတွေအများကြီး…
ကျွန်တော်ပြောချင်တာ လှူခိုင်းနေတာလဲ
မဟုတ်ဘူး ခင်ဗျားတို့ရဲ့ဝမ်းစာအတွက်လဲ
ရှာပါ…တိုင်းပြည်ကကိုယ့်ပြည်သူတွေ
အချင်းချင်းဂုတ်သွေးစုပ်တာလဲရပ်တန်းက
ရပ်ပါ…ရှက်တက်ကြပါ ငါ့မိသားစုချမ်းသာဖို့ထက် ငါ့တိုင်းပြည်ကလူတစ်ဦးချင်းစိတ်ချမ်းသာဖို့ကိုငါရှာမယ်ဆိုတဲ့စိတ်ကိုများများမွေးကြပါ…

ဂျပန်တွေရဲ့စိတ်ဓာတ်ကိုအတုယူရင်း ကျွန်တော်တို့တိုင်းပြည်ကြီးကို ကျွန်တော်တို့လှပတဲ့ အရောင်လေးတွေ ချယ်လိုက်ကြရအောင်… မတရားဂုတ်သွေးစုပ်တဲ့လူတွေကို အသက်အသေခံပြီး
အားမပေးတာတွေလုပ်မယ်… ရွံရှာတဲ့အကြည့်ဖြစ်ဝိုင်းကြည့်ကြမယ်ဆိုရင်

နောင်လာနောက်သားတွေအတွက် ပြောင်းလဲမှုလေး ဖြစ်လာနိုင်ပါတယ်လို့ပြောချင်ပါတယ်…

ကျွန်တော့်စာရေးဆရာ လဲမဟုတ်ပါဘူး… ရင်ထဲကလာတဲ့စာကိုချရေးထားတာဖြစ်တဲ့အတွက် မှားတာရှိရင်စေတနာအမှားလို့ မြင်ပြီးခွင့်လွှတ်ပေးကြပါ…
ဒီကပ်ဆိုးကြီးကနေလဲအမြန်လွတ်ကင်းနိုင်ကြပါစေ…လူလူချင်း တန်ဖိုးထားနိုင်ကြပါစေဗျာ…

မိုးနတ်မင်းပရိသတ်ကြီးလည်း စာလေးကိုဖတ်ပြီးတဲ့အခါ မိမိထင်မြင်ချက်ကို ကွန်မန့်ပေးခဲ့ပါဦး။ သုတ၊ ရသ စုံလင်စွာနဲ့ သတင်းအသစ်တွေ အရင်ဆုံးဖတ်ဖို့ Page ကိုလည်း Like & Follow လုပ်ထားဖို့ မမေ့နဲ့နော်…

Leave a Reply