ဒီလိုကာလမှာ LDRS တွေ ဘယ်လိုနေထိုင်သင့်လဲ

Knowledge

ကိုဗစ်ကာလမှာ ကိုယ့်ချစ်သူနဲ့ အနေဝေးနေပေမယ့် အချစ်တွေ ပူနွေးလတ်ဆတ်နေအောင် ဒီလိုလေးတွေ ကျင့်သုံးကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

အဆက်အသွယ် မပြတ်ပါစေနဲ့

အဆက်အသွယ် မပြတ်ပါစေနဲ့ဆိုတာ ထမင်းစားရေသောက် အကုန်ပြောခိုင်းတာမျိုးတော့ မဟုတ်ူဘူးပေါ့။ ဒါပေမယ့် တဖက်လူက စိတ်ပူရတဲ့အထိ ဖုန်းပိတ်ထားတာ၊ စာမပြန်တာမျိုးတွေ မလုပ်မိဖို့ လိုတယ်နော်။ ဘယ်လောက်ပဲ ရန်ဖြစ် စိတ်ဆိုးနေစေဦးတော့ အဆက်အသွယ် ဖြတ်တောက်တာမျိုး မလုပ်ပါနဲ့။ တဖက်လူက တွေးမိတွေးရာတွေ တွေးကုန်ရင် အဆင်မပြေဘဲ ညှိနှိုင်းဖို့ ပိုခက်တယ်နော်။

ဂရုစိုက်ပါ

သမီးရည်းစားတွေ ဝေးနေလည်း ဂရုစိုက်တာတွေ မလျော့လိုက်ပါနဲ့။ အဲဒီလို ဂရုစိုက်တာတွေ မလျော့မှလည်း ဝေးနေပေမယ့် အဆင်ပြေမှာပါ။ အလုပ်မှာ အဆင်မပြေတာတွေ၊ နေရထိုင်ရ အဆင်မပြေတာတွေ အစရှိတာကို ဖုန်းတွေ၊ လိုင်းတွေနဲ့ပဲ ပြောရတာ ဖြစ်တဲ့အတွက် စိတ်ရှည်ပြီး အနားမှာ ရှိသလို အားပေးနေဖို့ လိုပါတယ်။ ဒါမှလည်း ဝေးနေပေမယ့် အနားရှိသလို ခံစားရမှာပါ။

စိတ်မချရတဲ့ အပြုအမူတွေ

သမီးရည်းစားတွေတိုင်းမှာ သူတို့ဆက်သွယ်ချက်နဲ့ သူတို့ရှိပြီးသားပါ။ စုံတွဲလေးတို့မှာလည်း ရှိမှာပါ။ ဒါကြောင့်လည်း ကိုယ့်ရည်းစား ဘာလုပ်နေလဲ၊ ဘာအချိုးတွေပြောင်းနေလဲဆိုတာ သိနိုင်တာလေ။ တစ်ယောက်တစ်နေရာစီ ဝေးနေတဲ့အချိန်တွေမှာ စိတ်မချရတဲ့ အပြုအမူတွေ လုပ်တာက လမ်းခွဲလိုက်ရတာမျိုး ဖြစ်တတ်တယ်နော်။ ဖုန်းခေါ်ရင် မကိုင်တာမျိုး၊ စာမပြန်တာမျိုး၊ ပုံမှန်လေသံမဟုတ်တာမျိုးက အနေဝေးသူတွေကြားမှာ ပိုပြီးတော့ စိတ်ခုစေ၊ စိတ်မချဖြစ်စေတယ်လေ။ ဒီလိုတွေ မဖြစ်အောင် နေပါ။ ဖုန်းမကိုင်မိရင်လည်း ခိုင်လုံတဲ့အကြောင်းပြချက်တွေ ဖြစ်နေပါစေနော်။

ပြတ်မယ် ခဏခဏ မပြောပါနဲ့

LDRS တွေမှာက ထစ်ခနဲရှိ ပြတ်မယ်၊ နောက်တစ်ယောက်သာ ရှာလိုက်တော့ ဒါမျိုးတွေ ပြောလေ့ရှိကြပါတယ်။ ဒါက တကယ့်ကို ရှောင်ရမယ့် အရာနော်။ ပြတ်မယ်လို့ ခဏခဏ ပြောတာက နှစ်ယောက်ကြားမှာ ယုံကြည်မှုတွေ ကင်းမဲ့စေတယ်နော်။ ခဏခဏ ပြတ်မယ်ပြောနေတာ သူတကယ် ပြတ်နိုင်လို့ နေမှာပေါ့။ သူတောင် ပြတ်နိုင်တာ ငါလည်း ပြတ်မယ်ဆိုပြီး ပြတ်ကြပါလေရော။

စိတ်ချင်းနီးပါစေ

လူချင်းဘယ်လောက်ဝေးဝေး စိတ်ချင်းနီးဖို့က အဓိပါပဲ။ စိတ်ချင်းနီးစပ်နေရင် ကြားလူလည်း ဝင်လို့မရဘူးလေ။ စိတ်ချင်းနီးနေရင် လူချင်းဝေးနေလည်း ပြဿနာ အထွေအထူး တက်စရာ မလိုသလို စိတ်မချတာတွေလည်း မရှိတော့ဘူးပေ့ါနော်။ စိတ်ချင်းနီးဖို့ဆိုတာလည်း နှစ်ယောက်စလုံးရဲ့ နားလည်မှု၊ သည်းခံခွင့်လွှတ်မှုတွေနဲ့ဆိုင်ပါတယ်။

Leave a Reply