“အိမ်ထောင်ရေးကံကောင်းမကောင်းတွက်နည်း”

Astrology
“အိမ်ထောင်ရေးကံကောင်းမကောင်းတွက်နည်း”

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ “အိမ်ထောင်ရေးကံကောင်းမကောင်းတွက်နည်း” ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

“အိမ်ထောင်ရေးကံကောင်းမကောင်းတွက်နည်း”

အိမ်ထောင်မပြုရသေးတဲ့သူတေွအတွက်လင်ကံကောင်းမလား ၊ မယားကံကောင်းမလား သိချင်ကြတာ သူသူကိုယ်ကိုယ်ရယ်ပါ ။ ဒါကြောင့် မဟာဘုတ်အကြွင်းအလိုက် အိမ်ထောင်ရေးကံကို ပြောပြပေးပါမယ် ။

၁ကြွင်း-ကျား

ထက်မြက်သောမယား ၊ ပိုက်ဆံရှာနိုင်သော မိန်းမရပါမယ် ။
မိမိက ဘင်္ဂ ၊ မရဏ ၊ ပုတိဖွားဖြစ်က မယားက နိုင်စားတတ်ပါတယ် ။

၁ကြွင်း-မ

ချမ်းသာသူ ၊ စိတ်ထားမြင့်မြတ်သူ နှင့်ရမယ် ။ ကြင်နာတတ်သူ ဖြစ်ပါတယ် ။

၂ကြွင်း-ကျား

မိမိထက်အနဲဆုံးသုံးနှစ်ကြီးသူနဲ့အိမ်ထောင်ပြုမှမြဲပါမယ်။ငယ်သူ ရွယ်တူများနဲမမြဲနိုင်ပါ။မြဲနေသော်အိမ်ထောင်ရေးမသာယာတတ်ပါ။

၂ကြွင်း-မ

ခင်ပွန်းအတွက်စိတ်ဆင်းရဲရတတ်ပါတယ်။ အိမ်ထောင်ဖက်အကျိုးမခံစားရတတ်ပါ။ အိမ်ထောင်ဆက်များတတ်ပါတယ်။

၃ကြွင်း-ကျား

အိမ်ထောင်ဘက်သော်လည်းကောင်း မိမိသော်လည်းကောင်းကျန်းမာရေးချူချာတတ်ပါတယ်။

၃ကြွင်း-မ

တစ်ဦးနှင့်တစ်ဦးသဘောထားကွဲတတ်ပါတယ်။ အိမ်ထောင်ဖက်ကြောင့်စိတ်ညစ်ရပါမယ်။အမြဲစကားများရန်ဖြစ်နေရတတ်ပါတယ်။

၄ကြွင်း-ကျား

ဘာသာရေးလုပ်သူမိန်းမနှင့်ရပါမယ်။ အိမ်ထောင်ဘက်အနေအေးပါမယ်။စုဆောင်းတတ်ပါတယ်။

၄ကြွင်း-မ

အိမ်ထောင်ဘက်အကျိုးခံစားရပါမယ်။ပညာတတ်သူဖြစ်ပါမယ်။ဒါ​မေယ့်စိတ်ထားမမြင့်မြတ်ပဲကွယ်ရာမှာလုပ်ချင်ရာလုပ်နေတတ်ပါတယ်။

၅ကြွင်း-ကျား

အိမ်ထောင်ဘက်အကျိုးမခံစားရပါ။ကွဲလိုက်ပေါင်းလိုက်ဖြစ်နေတတ်ပါတယ်။ပြတ်ပြတ်စဲစဲမကွဲတတ်ပါ။

၅ကြွင်း-မ

ထက်မြက်စေ့စပ်တဲ့ယောက်ျားနဲ့ရပါမယ်။အိမ်ထောင်ဆက်များတတ်ပါတယ်။မောင်တစ်ထမ်းမယ်တစ်ရွက်လုပ်ရတတ်ပါတယ်။

၆ကြွင်း-ကျား

အပျိုနဲ့ညားလျှင်အိမ်ထောင်မမြဲပါ။မြဲနေရင်စီးပွားမဖြစ်။မုဆိုးမ၊တစ်ခုလပ်နဲ့အိမ်ထောင်ကျရင်အိမ်ထောင်မြဲပြီးစီးပွားရေးအဆင်ပြေပါမယ်။

၆ကြွင်း-မ

အသက်အနဲဆုံး၁၀နှစ်ကြီးတဲ့အိမ်ထောင်ဘက်နှင့်မြဲပြီးငယ်သူရွယ်တူများနှင့်မမြဲတတ်ပါ။ဩဇာပေးတဲ့ဆရာလိုယောက်ကျားရတတ်ပါတယ်။

၀ကြွင်း-ကျား

ပညာတတ်ပြီးလူချစ်လူခင်များတဲ့အိမ်ထောင်ဘက်ကိုပိုင်ဆိုင်ပါမယ်။အိမ်ထောင်ဘက်အကျိုးခံစားရမည်။

၀ကြွင်း-မ

အိမ်ထောင်ဘက်နဲ့ရှင်ကွဲ(သို့မဟုတ်)သေကွဲကွဲတတ်ပါတယ်။thayကွဲဖြစ်ရင်အိမ်ထောင်ဘက်thayပြီးမှအိမ်ထောင်ထပ်ပြုဖြစ်ပါမယ်။

ရေးသားသူ – သာထက်ဇော်မကွေး

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။