တပ်မတော်မှ တပ်ရင်းမှူးအချို့ ပြည်သူ့ဘက်ပြောင်းခိုလှုံ၍ ဗိုလ်ချုပ်ဇော်မင်းထွန်း သွေးပျက်နေ

Local News

တပ်မတော်မှ တပ်ရင်းမှူးအချို့ ပြည်သူ့ဘက်ပြောင်းခိုလှုံ၍ ဗိုလ်ချုပ်ဇော်မင်းထွန်း သွေးပျက်နေ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တပ်မတော်မှ တပ်ရင်းမှူးအချို့ ပြည်သူ့ဘက်ပြောင်းခိုလှုံ၍ ဗိုလ်ချုပ်ဇော်မင်းထွန်း သွေးပျက်နေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အကြမ်းဖက် စစ်တပ်မှ တပ်ရင်းမှူးအချို့ ပြည်သူတွေဘက်သို့ ဘက်ပြောင်းခိုလှုံ၍ CDM လုပ်ရန်စီစဉ်နေတာကို မိမိတို့တပ်တွင်းထောက်လှမ်းရေးများမှ တွေ့ရှိထားဟု ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ယခင်တပတ် တပ်မတော် သတင်းမှန်ပြန်ကြားရေး မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

တပ်တွင်းသတင်းစုံစမ်းစစ်ဆေးရန်ထည့်သွင်းထားသည့်ထောက်လှမ်းရေးများမှတဆင့် တပ်ရင်းမှူးအဆင့်၊ အရာရှိကြီးများအဆင့်နှင့် ဗိုလ်အဆင့်များမှ အချို့တို့သည် တပ်မှအလစ်ထွက်ခွာ၍ CDM ပြုလုပ် ဘက်ပြောင်းခိုလှုံရန်ကြံစည်နေမှုများကို မိမိတို့တပ်မတော်စစ်ဌာနချုပ်ကသိရှိထားကြောင်းဗိုလ်ချုပ်ဇော်မင်းထွန်းကပြောဆိုသည်။

တပ်မတော်သားတွေဆိုတာ တိုင်းပြည်အတွက်အသက်ပေးဖို့ဆိုပြီး တပ်မတော်ထဲဝင်ခဲ့ကြတာမလား၊ သြစတြေးယားက CDM လုပ်တဲ့တပ်မတော်အရာရှိနဲ့တပ်မတော်သားတွေကို နိုင်ငံရေး ခိုလှုံခွင့်ပေးမယ်ဆိုတာကြားတာနဲ့ တပ်ကိုစွန့်ပြေးမယ့်လူတွေပေါ်လာတော့တာပဲ၊ကိုယ့်ဂုဏ်သိက္ခါလည်းကိုယ်ငဲ့ကြပါဦးလို့ပဲပြောချင်တယ်။

ကျနော်တို့ တပ်ပြေးများကို ဖမ်းမိရင် စစ်ထောင်ပဲချလေ့ရှိပေမယ့် အခုနောက်ပိုင်း တပ်ပြေး မှန်သမျှကိုဖမ်းမိတဲ့နေရာမှာပဲ ပစ်သတ်ဖို့ နေပြည်တော် စစ်ဌာနချုပ်က အမိန့်ပေးထားပါတယ်၊တပ်မတော်သားဆိုတာဂုဏ်သိက္ခါကိုတန်ဘိုးထားတတ်ရပါမယ်၊ မက်လုံးပေး ဆွယ်စကားတွေကိုနားမယောင်ကြဖို့အလွန်လိုအပ်ပါတယ်။

မြန်မာ့တပ်မတော်ပိုင် မြဝတီ ရုပ်သံ မှနေပြီးတော့တပ်မတော်သားများလိုက်နာရန်အချက်များကို ၃နာရီခြားတစ်ခါထုတ်လွှင့်တင်ဆက်ပေးနေပါတယ်။

ရေးသားသူ – ရဲဇော် မြဝတီရုပ်သံ မှ မှီငြမ်းဖော်ပြသည်။

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

Leave a Reply