အစိုးရနှင့်ပုဂ္ဂလိကဘဏ်များမှ ငွေကျပ် သိန်း ၂၀၀ မှစ၍ သိန်းထောင်ချီ ကိုယ်ပိုင်ငွေ ထုတ်ယူ သူများ ကို စစ်တပ်က ခေါ်ယူစစ်ဆေး၊ တချို့ ငွေညှစ်ခံရပြီး အရေးယူခံရမည့်အရေး စိုးရိမ်နေကြရ

Local News

အစိုးရနှင့်ပုဂ္ဂလိကဘဏ်များမှ ငွေကျပ် သိန်း ၂၀၀ မှစ၍ သိန်းထောင်ချီ ကိုယ်ပိုင်ငွေ ထုတ်ယူ သူများ ကိုစစ်တပ်က ခေါ်ယူစစ်ဆေး၊ တချို့ငွေညှစ်ခံရပြီးအရေးယူခံရမည့်အရေးစိုးရိမ်နေကြရ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အစိုးရနှင့်ပုဂ္ဂလိကဘဏ်များမှ ငွေကျပ် သိန်း ၂၀၀ မှစ၍ သိန်းထောင်ချီ ကိုယ်ပိုင်ငွေ ထုတ်ယူ သူများ ကို စစ်တပ်က ခေါ်ယူစစ်ဆေး၊ တချို့ ငွေညှစ်ခံရပြီး အရေးယူခံရမည့်အရေး စိုးရိမ်နေကြရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၂၁
အစိုးရနှင့်ပုဂ္ဂလိကဘဏ်များမှ ငွေကျပ် သိန်း ၂၀၀ မှ သိန်းထောင်ချီ ကိုယ်ပိုင်ငွေ ထုတ်ယူသူများကို စစ်တပ်က ခေါ်ယူစစ်ဆေးပြီး ငွေကြေးချမ်းသာသူ တချို့မှာ စစ်တပ်၊ ရဲနှင့်ထွေအုပ်၏ ငွေညှစ်ခံ နေရကြောင်း၊ လက်ရှိတွင် ငွေကြေး ချမ်းသာသူများသည် မိမိပိုင်ငွေကို ဘဏ်မှ ထုတ်ယူလျှင်တောင်မှ အရေးယူခံရမည့်အရေး စိုးရိမ်နေကြရကြောင်း ရန်ကုန်စီးပွားရေး အသိုင်းအ၀ိုင်းထံမှ သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီက ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် ဗဟိုဘဏ် အမိန့်ကြေငြာ စာအမှတ် ၄၃/၂၀၂၁ ထုတ်ပြန်ခဲ့ပြီး ယင်းအမိန့်ကြေညာစာတွင် နိုင်ငံတွင်း ကုန်ပစ္စည်းရောင်းခြင်း၊ ဝယ်ခြင်း၊ လွှဲပြောင်းခြင်း၊ ငွေလွှဲခြင်း၊ ဝန်ဆောင်မှု အတွက် ငွေပေးချေခြင်းနှင့် အခြားငွေပေး ချေမှုများကို တစ်ကြိမ်လျှင် ငွေသားဖြင့် ပေးချေမှု သိန်း ၂၀၀ ထက်မပိုစေရန်နှင့် ထိုပမာဏထက် ပိုသည့် ပေးချေမှုများကို ဘဏ်စနစ်ဖြင့် အသုံးပြု၍ ပေးချေရန် ညွှန်ကြားခဲ့သည်။


လက်ရှိတွင် အစိုးရနှင့်ပုဂ္ဂလိက ဘဏ်များမှ ငွေကျပ် သိန်း ၂၀၀ အထက်မှ သိန်းထောင်ချီ ထုတ်ယူ နေမှုများကို ယမန်နှစ် ထုတ်ပြန်ခဲ့သော အမိန့်အမှတ် ၄၃/၂၀၂၁ ချိုးဖောက်သည်ဟုဆိုကာ လိုက်လံ ဖမ်းဆီးစစ်ဆေးခြင်း၊ ငွေညှစ်ခြင်း၊ လာဘ်ပေးလာဘ်ယူမှု ကျူးလွန်ခြင်းများ လုပ်ဆောင်လာခြင်းဖြစ်သည်ဟု သိရှိရသည်။
စစ်ကောင်စီ၏ စျေးကွက်ထိန်းသိမ်းစောင့်ကြည့်ရေးကော်မတီက ဘဏ်များမှ ငွေကျပ်သိန်းထောင်ချီ ထုတ်ယူသော ရွှေကုန်သည် ၆ ဦးကို စစ်ဆေးမေးမြန်းရန် လျှို့ဝှက် ညွှန်ကြားချက် ထုတ်ပြန်လာကြောင်း သိရှိရသည်။


“ရွှေမှမဟုတ်ဘူး စီးပွားရေး နယ်ပယ်အားလုံးမှာ စစ်တပ်က အဲဒီအချက်နဲ့ စီးပွားရေးသမားတွေကို ချုပ်ကိုင်ထားတယ်။ ဘဏ်တွေဆီက ငွေတွေအများကြီးထုတ်မှာစိုးလို့ ထိန်းခဲ့ရာက အခုက အခြားစီးပွားရေးသမားတွေအားလုံးကိုပါ ထိခိုက်လာတာ။ စီးပွားရေးသမားတိုင်းထိတယ်။ တချို့လည်း ငွေညှစ်ခံရတယ်” ဟု ရန်ကုန်စီးပွားရေးသမား တစ်ဦးက ပြောသည်။
အကြမ်းဖက်စစ်ကောင်စီက ရွှေစျေး၊ ဒေါ်လာစျေး၊ ဘဏ်ငွေကြေးလည်ပတ်မှုများကို ထိန်းသိမ်းနိုင်ရန် ၊ ပြည်ပပို့ကုန်များ တိုးတက်ရေး အတွက် စျေးကွက်ထိန်းသိမ်း ညှိနှိုင်းရေး ကော်မတီဖွဲ့စည်းကာ စီးပွား/ကူးသန်း ဒုဝန်ကြီး ညွန့်အောင်၊ ဗိုလ်မှူးချုပ် ရန်နောင်စိုးတို့ကို ဦးဆောင်ခိုင်းထားပြီး ဝန်ကြီးဌာနပေါင်းစုံမှ အရာရှိများကို စျေးနှုန်း ထိန်းသိမ်းရေး ကော်မတီတွင် ထည့်သွင်းထားသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။