စစ်ကောင်စီနဲ့ လက်အောက်ခံတွေကို သတင်းအတိအကျနဲ့ လိုက်ဖို့လုပ်နေတဲ့ မန္တလေး PDF

Local News

စစ်ကောင်စီနဲ့ လက်အောက်ခံတွေကို သတင်းအတိအကျနဲ့ လိုက်ဖို့လုပ်နေတဲ့ မန္တလေး PDF

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့စစ်ကောင်စီနဲ့ လက်အောက်ခံတွေကို သတင်းအတိအကျနဲ့ လိုက်ဖို့လုပ်နေတဲ့ မန္တလေး PDF ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးအမြန်အောင်မြင်နိုင်ရေးအတွက်မန္တလေးမြို့တွင်း၊ မြို့ပြင်ရှိ စစ်ကောင်စီအဖွဲ့ဝင်များ၊ စစ်ကောင်စီ ထောက်တိုင်များနှင့် ပတ်သက်သည့် သတင်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များမှ အလိုရှိနေ၍ သတင်းအချက်အလက်များ ပေးပို့ကြရန် မန္တလေး PDFက ပြည်သူများအား တိုက်တွန်းလိုက်သည်။

ပေးပို့နိုင်သည့် သတင်းအမျိုးအစားများကိုလည်း ဖော်ပြခဲ့ရာ စစ်ကောင်စီ၏ တပ်အရွှေ့အပြောင်း လမ်းကြောင်းများ (ကားဘယ်နှစ်စီး၊ လူအင်အား၊ ဦးတည်ဘက်၊ထွက်ခွာရာ(သို့) မြင်တွေ့ရာနေရာ၊အချိန်) ၊ တပ်စခန်းအထိုင်ချကင်းနေရာများ(အင်အား၊ လက်နက်၊ တည် နေရာ)တို့ပါဝင်သည်။


ထို့ပြင် ပြည်ထောင်စုအဆင့်၊ တိုင်းအဆင့် ၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ရုံးများ ဌာနပေါင်းစုံ(ရုံးအမည်၊ တည်နေရာလိပ်စာ၊ ဆက်သွယ်ရန်ဖုန်းနံပါတ်(သိလျှင်) နှင့် ပြည်ထောင်စုအဆင့်၊ တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာပေါင်းစုံ ဦးစီးမှူးများ၊ ညွှန်ချူပ်များ၊ ညွှန်မှူးများ၏ အမည်၊ ရာထူး၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ FB Account Link (သိလျှင်) ပေးပို့ပေးရန် အကူအညီတောင်းခံထားသည်။


စစ်ကောင်စီ ထိပ်ပိုင်းတပ်အရာရှိများ (ဗိုလ်ကြီးအဆင့်နှင့် အထက်) (ကြည်း၊ရေ၊လေ၊ လက်ရုံးတပ်အားလုံး) ၏ အမည်၊ ရာထူး၊ ကိုယ်ပိုင်နံပါတ်၊ မိခင်တပ်ရင်း၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရန်ဖုန်းနံပါတ်၊ fb account link (သိလျှင်)၊ စစ်ကောင်စီ ရဲအရာရှိများ (နယ်ထိန်းအဆင့်နှင့် အထက် အားလုံး) ၏ အမည် ရာထူး၊ ကိုယ်ပိုင်နံပါတ်၊ လက်ရှိတာဝန်ကျဌာန၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရန် ဖုန်းနံပါတ်၊ fb account link (သိလျှင်) စသည့် သတင်းအချက်အလက်များ ပေးပို့ ကြရန်လည်း မန္တလေး PDFက ထုတ်ပြန်သည်။


ထို့ပြင် စစ်ကောင်စီ ထောက်တိုင် စီးပွားရေးလုပ်ငန်းရှင်များ၏ အမည်၊ လုပ်ငန်းအမည်၊ ပိုင်ဆိုင်လုပ်ကိုင်နေသော လုပ်ငန်းအမျိုးအစားစာရင်း၊ ယင်းလုပ်ငန်းများ၏တည်နေရာ၊ လူပုဂ္ဂိုလ်တည်နေရာ၊ ဆက်သွယ်ရမည့်ဖုန်းနံပါတ်၊ fb account link နှင့် တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်၊စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် ရပ်ကျေးအဆင့် အုပ်ချုပ်ရေးမှူးများ၊ စာရေးများ၏ အမည်၊ သက်ဆိုင်ရာတိုင်း၊ခရိုင်၊မြို့နယ်၊ရပ်ကျေးအဆင့်ရာထူး၊ နေရပ်လိပ်စာ၊ ရုံးတည်နေရာ၊ ဆက်သွယ်ရန်ဖုန်းနံပါတ်၊ fb account link စသည့် အချက်အလက်များကိုလည်း ပေးပို့နိုင်ကြောင်း ဖော်ပြထားသည်။


နန်းတွင်းအပါအဝင် မြို့တွင်း၊ မြို့ပြင် ပတ်ပတ်လည်ရှိ တပ်တွင်းသတင်းများ၊ အပြောင်းအရွှေ့သတင်းများ၊မြို့တွင်း၊ မြို့ပြင် တက္ကသိုလ်အသီးသီးရှိ ပါမောက္ခချုပ်များ၊ ဒုပါမောက္ခချုပ်များ၊ မော်ကွန်းထိန်းများ၊ ပါမောက္ခဌာနမှူးများ၏ အမည်၊ ရာထူး၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရန်ဖုန်းနံပါတ်၊ fb account link၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် စည်ပင်သာယာရေးနှင့် အရာရှိများ၊ ဝန်ထမ်းများ၏ အမည်၊ ရာထူး၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရန်ဖုန်းနံပါတ်၊ fb account link ၊ စစ်ကောင်စီ တပ်ဖွဲ့များ အရပ်ဝတ်နှင့် အသုံးပြုနေသော ကားများ၊ ဆိုင်ကယ်များ၏ အမျိုးအစား၊ နံပါတ်၊ အရောင် နှင့် သက်ဆိုင်ရာဌာန (ရဲ၊ တပ်၊ စရဖ၊ SB) တို့နှင့် ပတ်သက်ပြီးလည်း သတင်းအချက် အလက်များ ပေးပို့ရန် တိုက်တွန်းထားသည်။

ထို့အပြင် စစ်ကြောရေးတာဝန်ယူထားသူများ၊ SB များ၊ စရဖများရဲ့ အမည်၊ လိပ်စာ၊ လက်ရှိတာဝန်၊ စစ်ကြောရေးနေရာ၊ ဆက်သွယ်ရမည့်ဖုန်းနံပါတ်၊ fb acc နှင့် အခြားလူမှုကွန်ယက် acc link များ၊ မိသားစုအဆက်အသွယ်များတို့ကို အချိန်မရွေး ပေးပို့နိုင်ကြောင်းနဲ့ ပေးပို့သူရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်များကို လျှို့ဝှက်ထားမည်ဖြစ်ကြောင်း မန္တလေး PDF က ထုတ်ပြန်ထားပါတယ်။


ရရှိလာသော သတင်းအချက်အလက်များကို ကိုယ်ကျိုးအတွက် အသုံးမချဘဲ စစ်အာဏာရှင်စနစ်ပျက်သုဉ်းရေးအတွက်သာ အသုံးပြုသွားမည်ဖြစ်ကြောင်း ကတိပြုထားပြီး သတင်းအချက်အလက်များ ပေးပို့မည်ဆိုပါက telegram link ဖြစ်သည့် @Summerrevmdy သို့ ပေးပို့နိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချကတွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

Leave a Reply