ပြည်သူ့ရင်ခွင်ခိုလှုံတဲ့ သူတော်ကောင်း တပ်မတော်သားတွေ ဩဇီမှာအခြေချနိုင်ပြီ

Local News

ပြည်သူ့ရင်ခွင်ခိုလှုံတဲ့ သူတော်ကောင်း တပ်မတော်သားတွေ ဩဇီမှာအခြေချနိုင်ပြီ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ပြည်သူ့ရင်ခွင်ခိုလှုံတဲ့ သူတော်ကောင်း တပ်မတော်သားတွေ ဩဇီမှာအခြေချနိုင်ပြီ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဒီအခွင့်အရေးမျိုးကဘဝမှာ၂ခါမရဘူး… ဩဇီကို သွားရင် ဘဝက ဘာတွေ ပိုကောင်း သွားမလဲ သိလား။ နံပါတ်တစ် အချက်က တပ်ထဲမှာ တစ်နှစ်လုံး
လုပ်တာတောင် မရတဲ့ ဝင်ငွေမျိုး တစ်လလောက်နဲ့ ရှာလို့ ရတယ်။ လူလို သူလို အဆင့်တန်း မီမီ နေရမယ်။

ဒီမှာဆို စိတ်ကူးတောင် မယဉ်ဖူးတဲ့ကျောင်းတွေမှာ ကိုယ့်ကလေးတွေ တက်ရမယ်။ ငါက အင်္ဂလိပ်စာ မတတ်လို့၊ အတန်းပညာ မတတ်လို့ အဆင်ပြေ ပါ့မလား မတွေးနဲ့။ ကာယအားနဲ့ ဖြစ်ဖြစ်၊ ဉာဏနဲ့ဖြစ်ဖြစ် အလုပ် တစ်ခုခုလုပ်နိုင်ရင် တစ်သက်လုံး အေးဆေး နေလို့ရတယ်။

အခုလို လစာလေး နှစ်ပဲခြောက်ပြား ရပြီး လိုင်းခန်း အစုတ်မှာနေ၊ တစ်မိသားစုလုံး ကျွန်ဝယ်ရာ အဆစ်ပါပြီး ထမင်းစား ကျွန်ခံနေရတဲ့ ဘဝကနေ ရုန်းမထွက် ချင်ဘူးလား။ အပေါ်က ဆီဦးထောပတ် စားနေတဲ့ သူတွေက သူတို့အာဏာ အတွက် အသက် အသေခံ ခိုင်းနေတာကို ငပိနဲ့ ပဲဟင်းစားပြီး သေပေး နေကြမှာလား။

ဦးနှောက် ရှိတဲ့သူတွေကတော့ ပိုကောင်းတဲ့ ဘဝကို ရွေးကုန်ကြပြီ။ ကိုယ့် အတွက်ရော၊ ကိုယ့်မိသားစု၊ ကိုယ့်သားသမီး တွေအတွက်ပါ စဉ်းစား။ ဩဇီမှာ မြင်တွေ့ရမယ့် အလှဓာတ်ပုံလေးတွေပါ လေ့လာလို့ရအောင် တင်ပေးလိုက်ပါတယ်။

ရေးသားသူ – Zin Naing Thaw

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချကတွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

Leave a Reply