အသက် (၃) သက်ကိုအချိန်မှီကယ်တင်လိုက်နိုင်တဲ့ မင်းသမီးခိုင်နှင်းဝေ

Celebrity Local News
အသက် (၃) သက်ကိုအချိန်မှီကယ်တင်လိုက်နိုင်တဲ့ မင်းသမီးခိုင်နှင်းဝေ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အသက် (၃) သက်ကိုအချိန်မှီကယ်တင်လိုက်နိုင်တဲ့ မင်းသမီးခိုင်နှင်းဝေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အသက် (၃) သက်ကိုအချိန်မှီကယ်တင်လိုက်နိုင်တဲ့ မင်းသမီးခိုင်နှင်းဝေ

မင်းသမီးခိုင်နှင်းဝေကတော့ အနုပညာလောကမှာ အခြေအနေတစ်ခုထိအောင်မြင်နေတဲ့ထိပ်တန်းမင်းသမီးတယောက်ဖြစ်ပါတယ်။ အခုချိန်မှာတော့ ထိပ်တန်းမင်းသမီးဖြစ်နေပေမဲ့ ဖောင်ဒေးရှင်းကို ကိုယ်တိုင်တည်ထောင်ကာ လိုအပ်သူတွေကိုကူညီပြီး မိဘမဲ့ဂေဟာကိုလည်း ဖွင့်လှစ်ပေးထားတာဖြစ်ပါတယ်။

အခုတစ်ခါမှာ သူမ ခေါ်ယူမွေးစားခဲ့တဲ့ ကလေးနဲ့ ကလေးရဲ့ သနားစရာမိသားစုဘဝအကြောင်း ကို ပရိသတ်ကြီးကို ပြောပြပေးသွားတာဖြစ်ပါတယ်။

ခိုင်နှင်းဝေက “သူတို့ အစ်မဆီဆက်သွယ်လာတဲ့အချိန်မှာ အစ်မက ခရီးလွန်နေတော့ ဖုန်းမကိုင်လိုက်မိဘူး၊ အဲ့အချိန်မှာ သူတို့ရဲ့ခံစားချက်က အရူးမီးဝိုင်းသလိုကိုဖြစ်သွားကြတယ်၊ သူတို့စိတ်ထဲမှာ အစ်မက ကလေးကို လက်မခံလို့ ဖုန်းမကိုင်တာလို့ ထင်သွားတာကိုး၊ အဲ့အချိန်မှာ ပြန်ပြီး အဆက်အသွယ်ရသွားလို့ တော်သေးတယ်၊ မဟုတ်ရင် ရှက်စိတ်ကြောင့် သားအမိနှစ်ယောက်စလုံး တံတားပေါ်က ခုန်ချဖို့တောင် လုပ်ပြီးသွားကြပြီ..”.လို့ ပြောလာတာပဲဖြစ်ပါတယ်။ အင်တာဗျူးအပြည့်အစုံကို တင်ဆက်ပေးလိုက်ပါတယ်။

ရုပ်/သံကြည့်ရန် – https://youtu.be/Iiqlsuvjhcc

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။