ရဲတပ်ဖွဲ့မှ ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ဥပဒေကို စစ်ကောင်စီ အတည်ပြုပြဌာန်း

Local News

ရဲတပ်ဖွဲ့မှ ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ဥပဒေကို စစ်ကောင်စီ အတည်ပြုပြဌာန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရဲတပ်ဖွဲ့မှ ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ဥပဒေကို စစ်ကောင်စီ အတည်ပြုပြဌာန်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ကို အခွင့်အာဏာတွေ ပိုပေးထားတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဥပဒေကိုဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီက မအလ ကိုယ်တိုင် လက်မှတ်ထိုး ပြဋ္ဌာန်းလိုက်ပါတယ်။ တခါ ဒီဥပဒေမှာ ရဲတပ်ဖွဲ့ကို ဝရန်းမပါဘဲ ဖမ်းဆီးခွင့်ကိုပါ ကျယ်ကျယ်ပြန့်ပြန့်ခွင့်ပြုလိုက်ပါတယ်။

အစဉ်အဆက်က လူပါးဝလာတဲ့ လူတကာရွံ့တဲ့ ရဲတပ်ဖွဲဟာ စခတို့နဲ့အပြိုင် ပြည်သူကို အကြီးအကျယ်ဒုက္ခပေးဖို့ တရားဝင်အခွင့်အာဏာရရှိသွားတဲ့သဘောပါဘဲ။

ရခတွေရဲ့ အငြိုးထားခံရသူများဟာ ဝရမ်းမလိုတော့လို့ အချိန်မရွေးဖမ်းဆီးနှိပ်စက်ခြင်းနဲ့ ဒုက္ခပင်လယ်ထဲလက်ပစ်ကူးနေရတဲ့ပြည်သူတွေကို တရားဝင် ပြန်ပေးဆွဲငွေတောင်းလာနိုင်ပါတော့မယ်။ ပြည်သူတွေရဲ့ဒုက္ခက တပူပေါ်နှစ်ပူဆင့်လာတဲ့ သဘောပါဘဲ။ဥပဒေနဲ့အညီဆိုပြီး ရခများပိုရမ်းကားလာတော့မည့်အခြေအနေဆိုက်ရောက်သွားပြန်ပါပြီ။

ရခအဆက်ဆက်ဟာ နယ်မြေခံရပ်ကျေးများနဲ့ လင်မယားပမာဆက်ဆံနေကြလို့ ရပ်ကျေးအတွင်း အကြမ်းဖက်စစ်တပ်ခန့်အပ်ထားသော အုပ်ကြီးများ ရာအိမ်မူးများဟာလည်း ရခ များနဲ့အပြိုင် ပြည်သူကို လက်ညိုးထိုး ဖမ်းဆီးငွေညှစ်လာတော့မှာ အသေချာပါဘဲ။

ဒီတော်လှန်ရေးမအောင်မချင်း စခများ Dalanများ၏ ရန်သာမက ရခ နဲ့အုပ်ကြီးများ၏ မတရားဥပဒေကိုအသုံးချပြီး အနိုင်ကျင့် နှိပ်စက်မူဒဏ်ကို ပြည်သူတွေ ကျောကော့အောင် ခံစားကြရအုံးမည့် အခြေအနေပါဘဲ။ စစ်အာဏာရှင်စနစ်ဆိုတာ ဘာလဲဆိုတာ သရုပ်ဖော်ပြနေတဲ့ အခြေအနေပါ။

ပြည်သူတိုင်း လုံခြုံမူဟာ သုံည အဆင့်အောက်ကို ကျဆင်းနေပါပြီ။ တိုင်းပြည်လည်း ဖွတ်ဖွတ်ကျေတဲ့ အဆင့်ကို အမြန်ဆုံးနန်ူးနဲ့ ထိုးဆင်းနေပါပြီ။ ရခ နဲ့ အုပ်ကြီးတို့ရဲ့ အောက်တန်းကျမူများ ရေချိန်ထပ်တိုးလာပါတော့မယ်။

(ငွေရေးကြေးရေး တောင်သာလို့ ခေတ်ကျပ်ကြီးမှာ အဆင်ပြေနေလည်း စိတ်မအေးပါနဲ့ ။ အုပ်ကြီးများနဲ့ ရခများ ပေါင်းကြံကြရင် မည်သူမဆို လမ်းဘေးချက်ခြင်းရောက်သွားနိုင်ပါတယ်။)

ပြည်သူတိုင်း ပြည်သူတိုင်း မိမိတို့ရပ်ရွှာအတွက် ဘာလုပ်ရမလည်းဆိုတာ ဆုံးဖြတ်ထားဖို့ လိုနေပါပြီ။ မတရားဥပဒေကတော့ အသက်ဝင်လာပြီဘဲဖြစ်ပါတယ်။ ။

ရေးသားသူ – linmyataung

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။