သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ ဒေါင်း ၊ ကျားပေါက်အပါအဝင် လူပုဂ္ဂိုလ် ၁၇ ဦးကိုနိုင်ငံသား အဖြစ်မှရပ်စဲလိုက်တဲ့ စစ်ကောင်စီ

Local News

သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ ဒေါင်း ၊ ကျားပေါက်အပါအဝင် လူပုဂ္ဂိုလ် ၁၇ ဦးကိုနိုင်ငံသား အဖြစ်မှရပ်စဲလိုက်တဲ့ စစ်ကောင်စီ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ ဒေါင်း ၊ ကျားပေါက်အပါအဝင် လူပုဂ္ဂိုလ် ၁၇ ဦးကိုနိုင်ငံသား အဖြစ်မှရပ်စဲလိုက်တဲ့ စစ်ကောင်စီ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


စစ်ကောင်စီက NUG အစိုးရ ကုလသမ္မဂသံအမတ်ကြီး ဦးကျော်မိုးထွန်းအပါအဝင် အမေရိကန်နဲ့ ဗြိတိန် မှာရှိတဲ့ မြန်မာသံရုံး CDM ဝန်ထမ်းတွေကို နိုင်ငံသားအဖြစ်ကနေ ရပ်စဲတယ်လို့ မနေ့ညက ထုတ်ပြန်လိုက်ပါတယ်။


အမေရိကန်နိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကဝန်ထမ်းတွေ ဖြစ်တဲ့ ပထမအတွင်းဝန် ဦးမောင်မောင်လတ်၊ ဦးကျော်စွာထွန်း၊ ဒေါ်သက်ထားမြရည်စံ၊ ဒေါ်ကြူကြူမြင့်၊ ဒေါ်စုစုအောင်၊ ဒေါ်မြတ်သွယ်အောင်၊ ဦးအောင်ကျော်နိုင်၊ ဒေါ်မြမြကြည်နဲ့ ဗြိတိန်နိုင်ငံ သံအမတ်ကြီး ဦးကျော်စွာမင်း၊သံရုံးဝန်ထမ်း ဒေါ်ယမင်းယုတို့ကိုလည်း နိုင်ငံသားအဖြစ်ကရပ်စဲတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီကိုဆန့်ကျင်တဲ့ နာမည်ကြီး သ ရုပ် ဆောင်၊ အဆိုတော်တွေဖြစ်တဲ့ ဒေါင်း၊ ဟန်ထူးလွင်၊ မေဦး၊ ဟန်လင်း တို့လည်းပါဝင်ပြီး စာရေးဆရာ ညီညီ (သရဝဏ်-ပြည်) လည်း ပါဝင်ပါတယ်။


စစ်ကောင်စီက ၄င်းတို့ကိုဆန့်ကျင်တယ်လို့ဆိုပြီး NUG ဝန်ကြီး၊ဒုဝန်ကြီးတွေ၊ တော်လှန်ရေးမှာပါဝင်နေတဲ့ နယ် ပယ်အသီးသီးက လူထုကိုလွှမ်းမိုးနေတဲ့သူတွေကို နိုင်ငံ သားအဖြစ်ကနေလိုက်လံရပ်စဲနေတာဖြစ်ပါတယ်။


စစ်ကောင်စီက ပြီးခဲ့တဲ့ရက်ပိုင်းကဘဲ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့သံရုံးဝန်ထမ်းတွေကို ဝန်ထမ်းအ​ဖြစ်မှထုတ်ပယ်ပြီးပြီလို့ဆိုပြီး ဝန်ထမ်းဆုတံဆိပ်တွေကိုလည်း ရုတ်သိမ်းတယ်လို့ထုတ်ပြန်ခဲ့ပါသေးတယ်။


မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။