လှိုင်မြို့နယ်၊ မာလာမြိုင် ၂ လမ်းက ရေခဲစက်မှာ အမိုးနီးယားယိုစိမ့်မှုဖြစ်ပွားအနီးဝန်းကျင်က ဒေသခံတချို့ ဓာတ်ငွေ့ရှူရှိုက်မိ၊ နီးစပ်ရာရှောင်တိမ်းရသူတွေရှိ

Local News

လှိုင်မြို့နယ်၊ မာလာမြိုင် ၂ လမ်းက ရေခဲစက်မှာ အမိုးနီးယားယိုစိမ့်မှုဖြစ်ပွားအနီးဝန်းကျင်က ဒေသခံတချို့ ဓာတ်ငွေ့ရှူရှိုက်မိ၊ နီးစပ်ရာရှောင်တိမ်းရသူတွေရှိ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လှိုင်မြို့နယ်၊ မာလာမြိုင် ၂ လမ်းက ရေခဲစက်မှာ အမိုးနီးယားယိုစိမ့်မှုဖြစ်ပွား အနီးဝန်းကျင်က ဒေသခံတချို့ ဓာတ်ငွေ့ရှူရှိုက်မိ၊ နီးစပ်ရာရှောင်တိမ်းရသူတွေရှိ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ဇန်နဝါရီ ၁၂ ရက် ည ကိုးနာရီ ကျော်မှာ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ အမှတ် ၁၆ ရပ်ကွက် မာလာမြိုင် ၂ လမ်းမှာ ရတနာစုကုမ္ပဏီပိုင် ရေခဲစက်ကနေ အမိုးနီးယားဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပွားလို့ လှိုင်မြို့နယ်မီးသတ်စခန်းနဲ့ မရမ်းကုန်းမြို့နယ် မီးသတ်စခန်းက မီးသတ်ယာဥ်တစ်စီးစီနဲ့ထွက်ခွာသွားသလို ကျောက်တံတားက မီးသတ်နဲ့ သူနာပြုယာဥ်တစ်စီးအပါအဝင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်က အုပ်ချုပ်မှုယာဥ်နဲ့ ရှာဖွေကယ်ဆယ်ရေးယာဥ်တွနဲ့ထွက်ခွာသွားတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ည ကိုးနာရီ ၁၅ လောက်ကစလို့ အင်းစိန်လမ်းမကြီးပေါ်မှာ သမိုင်းဘက်ကို ဦးတည်သွားတဲ့ လူနာတင်ယာဥ်တွေနဲ့မီးသတ်ကားသံတွေကို ဆက်တိုက်ဆိုသလိုကြားနေရတယ်လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

အုတ်ကျင်းတဝိုက်လူတွေ ပြေးလွှားနေရကြောင်း၊ နီးစပ်ရာကို ရှောင်ကြတိမ်းကြနဲ့ ကားအစီး ၁၀၀ နီးပါးရှိနေပြီး အုတ်ကျင်းတ၀ိုက်အပြည့်ဖြစ်နေကြောင်းနဲ့ ခပ်လှမ်းလှမ်းမှာနေသူတွေပါ အာခေါင်စပ်၊ မွှန်တာတွေဖြစ်နေတယ် လို့ဒေသခံတစ်ဦးကိုမေးမြန်းချက်အရဘီဘီစီက သိရှိရပါတယ်။

ဓာတ်ငွေ့ကိုရှုရိုက်မိတဲ့ စက်ရုံအနီးတဝိုက်နဲ့ ၁၃ ရပ်ကွက်နဲ့ ၁၄ ရပ်ကွက်တဝိုက်က ဒေသခံတချို့ သတိမေ့တာ အသက်ရှုကြပ်တဲ့ဝေဒနာကိုခံစားရတာတွေရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ပို့စ်အောက်မှာ ဝင်ရောက်မှတ်ချက်ပေးသူတွေလည်းရှိနေသလို ဒေသတွင်းသတင်းတွေကို ဖော်ပြတဲ့တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဓာတ်ငွေ့ရှုရှိုက်မိပြီး ကျန်းမာရေးထိခိုက်တဲ့ပြည်သူတွေ ဆေးရုံအမြန်ရောက်ရှိရေးကူညီပေးဖို့နဲ့ စက်ရုံနဲ့အနီးတဝိုက်နေသူတွေလည်းဓာတ်ငွေ့မရနိုင်တဲ့နေရာကိုပြောင်းရွှေ့ဖို့ သတိပေးဖော်ပြခဲ့ကြပါတယ်။

ရန်ကုန်ဆေးရုံကြီးကို ပြင်းထန်နဲ့သက်ကြီး လူနာ ၁၂ ဦးအင်းစိန်ဆေးရုံကြီးကို အမျိုးသားလူနာ ၇ ဦးနဲ့အမျိုးသမီးလူနာ ၉ ဦး စုစုပေါင်း ၁၆ ဦးပို့ဆောင်ထားပြီး thayဆုံးသူမရှိကြောင်း အခင်းဖြစ်နေရာက ကယ်ဆယ်ရေးဆောင်ရွက်သူတွေထံကသိရပါတယ်။

ဓာတ်ငွေ့ရှင်းလင်းရေးလုပ်ငန်းလည်း ည ၁၀ နာရီ ၄၇ မှာ ပြီးဆုံးတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။