လုံခြုံရေးတင်းကြပ်ထားသော်လည်း “ဆက်ပစ်လို့ စစ်ပျက်ပြီ” ဟူသော စစ်အာဏာရှင် ဆန့်ကျင်သည့် လှုံ့ဆော်စာအား မြေနီကုန်းတံတားပေါ်မှ အောင်မြင်စွာကျဲချနိုင်ခဲ့

Local News

လုံခြုံရေးတင်းကြပ်ထားသော်လည်း “ဆက်ပစ်လို့ စစ်ပျက်ပြီ” ဟူသော စစ်အာဏာရှင် ဆန့်ကျင်သည့် လှုံ့ဆော်စာအား မြေနီကုန်းတံတားပေါ်မှ အောင်မြင်စွာကျဲချနိုင်ခဲ့

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လုံခြုံရေးတင်းကြပ်ထားသော်လည်း “ဆက်ပစ်လို့ စစ်ပျက်ပြီ” ဟူသော စစ်အာဏာရှင် ဆန့်ကျင်သည့် လှုံ့ဆော်စာအား မြေနီကုန်းတံတားပေါ်မှ အောင်မြင်စွာကျဲချနိုင်ခဲ့ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မေလ ၁၅ ရက်နေ့ တနင်္ဂနွေနေ့တွင်၊ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် (မြေနီကုန်းလမ်းဆုံ ဂုံးကျော်တံတားပေါ်မှ) လုံခြုံရေးတင်းကြပ်စွာ အထပ်ထပ်ချထားသည့်ကြားကအောင်မြင်စွာ စာကြဲချနိုင်ခဲ့သည်။

လုံခြုံရေးတင်းကြပ်ထားသော်လည်း “ဆက်ပစ်လို့ စစ်ပျက်ပြီ” ဟူသော စစ်အာဏာရှင် ဆန့်ကျင်သည့် လှုံ့ဆော်စာအား မြေနီကုန်းတံတားပေါ်မှ အောင်မြင်စွာကျဲချနိုင်ခဲ့ပါသည်။

ထိုစာကို ကောက်ယူကောက်ဖတ်ချင်လို့ အကူအညီတောင်းနေသည့် Bus ကားပေါ်မှ ပြည်သူများ ၊ အိမ်စီးကားများကို သတ္တိရှိရှိ ကောက်ယူဝေမျှပေးခဲ့သော သူရဲကောင်းပြည်သူလူငယ်များကိုလည်း လေးစားစွာဖြင့် မှတ်တမ်းတင် ဂုဏ်ယူဖော်ပြအပ်ပါသည်။

ထိုအချိန်တွင် ဖြတ်သန်းသွားသော ကားများမှလည်း ကားဟွန်းသံများကို မြိုင်ဆိုင်စွာ တီးခဲ့ကြကြောင်း သိရပါသည်။ အရေးတော်ပုံ မုချအောင်ရမည်။

အဆိုပါ စာတမ်းရေးသားသူမှာ လွှီခိုမိုင်ခေါင်ဖြစ်ပြီး စာသားများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

“ဆက်ပစ်လို့ စစ်ပျက်ပြီ” 1. ဒီတိုင်းပြည် အသစ်အမြုတေဖို့ စစ်လူသေကိုသေရမည်။ 2. တိတ်ဆိတ်မှုအချို့သည် ကြောက်ရွံ့ခြင်းမဟုတ်သလို မေ့ပျောက်သွားခြင်းလည်း မဟုတ်ပါ။ 3. ယုတ်မာစွာ အမှားကျူးလွန်သူ စစ်အာဏာရူးအုပ်စုသည် ၊ အကြောက်တရားပိုကြီးပြီး အင်အားကြီးသယောင် အယောင်ဆောင်တတ်ကြသည်။

4. နှိပ်မှု အကြောက်တရားရဲ့အောက်မှာ ဖိနှိပ်မှု အကြောက်တရားပျောက်လာလိမ့်မယ်။ 5. တိတ်ဆိတ်ခြင်းရဲ့နောက်မှာ ကျယ်လောင်မှုတွေ ရှိမယ်။ 6. ဒီတိုင်းပြည် ဒီမိုကရေစီဆိုတာ ဘုရားမယူပေးနိုင်ပါ။ တိုက်ယူမှရမည်။ 7. ဓမ္မတိုက်ပွဲမှာ တရားထိုင်ဆုတောင်းနေဖို့ထက် အနည်းဆုံး “ မ ” ကိုင်ရဲဖို့တော့လိုမယ်။ 8. ပြည်သူ့လက်ထဲ တူညီ lat နက်မျှတဲ့နေ့ တရားမဝင်အာဏာရူးစစ်အုပ်စုအချင်းချင်း တောင့်ခံစည်းလုံးနိုင်ဖွယ်မရှိ။

9. ဒီတိုင်းပြည်ရဲ့ ဓမ္မတိုက်ပွဲအဆုံးသတ်မှာ စစ်လူယုတ်မာတွေ အနာထိ အထိနာ ပြီး ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် ပြန်ပေးဆပ်ရမည်။ 10. ဆန္ဒပြပွဲတွေမှာ သင်ကိုယ်တိုင် ပါဝင်ခဲ့ပြီးပြီ။ ပြည်သူတွေ သွေးမအေးသွားကြပါနဲ့။ 11. မြန်မာပြည်ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့အရေး ပြည်သူတွေ နိုင်ငံရေးသွေးအေးမသွားကြပါနဲ့။ ကျွန်ုပ်အပါအဝင် ပြည်သူလူသားတိုင်းမှာတာဝန်ရှိသည်။

12. တရားမျှတလွတ်လပ်ပြီး စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီအနာဂတ်မြန်မာနိုင်ငံအပြောင်းအလဲကြီးတစ်ခုအတွက် အာဇာနည်ပြည်သူတွေရဲ့ ပေးဆပ်ခဲ့မှု၊ သူရဲကောင်းတွေရဲ့ ဘဝရင်းနှီးထားမှုတွေသည် ဘယ်တော့မှ အချည်းအနှီးမဖြစ်သွားဘူး။ ကျွန်ုပ်တို့ပြည်သူအားလုံးသည် အောင်မြင်မှုလမ်းကြောင်းပေါ်မှာ ယနေ့အချိန်အထိ ဆက်ရှိနေဆဲပါ။

13. ဆုံးရှုံးမှုဆိုတာ အောင်မြင်ခြင်းရဲ့ အစဖြစ်သလို အောင်မြင်အောင်လုပ်နိုင်စွမ်းရှိတဲ့ စိတ်ခွန်အားဇွဲသတ္တိနဲ့ သတိချပ်ထားရင် အောင်မြင်မှုကို ကျိန်းသေရယူနိုင်လိမ့်မည်။ အရေးတော်ပုံ မုချအောင်ရမည်။ အရေးတော်ပုံ မုချအောင်ရမည်။ အရေးတော်ပုံ မုချအောင်ရမည်။ လွီခိုမိုင်ခေါင်

ရေးသားသူ – ကမ်းဝေးအိမ်

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။