တော်လှန်ရေးဇာတ်ကားဖြစ်တဲ့ “နိုင်ငံပျောက်သူ” ဇာတ်ကားကို စနစ်တကျကြည့်ဖို့ ဒေါက်တာဖြိုးသီဟနဲ့ ကိုဇင်ဇေတိုက်တွန်း

Local News

တော်လှန်ရေးဇာတ်ကားဖြစ်တဲ့ “နိုင်ငံပျောက်သူ” ဇာတ်ကားကို စနစ်တကျကြည့်ဖို့ ဒေါက်တာဖြိုးသီဟနဲ့ ကိုဇင်ဇေတိုက်တွန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တော်လှန်ရေးဇာတ်ကားဖြစ်တဲ့ “နိုင်ငံပျောက်သူ” ဇာတ်ကားကို စနစ်တကျကြည့်ဖို့ ဒေါက်တာဖြိုးသီဟနဲ့ ကိုဇင်ဇေတိုက်တွန်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဒေါက်တာဖြိုးသီဟ ပိုစ့် – ဒီနေ့ ကျနော်တို့ တော်လှန်ရေး ညီအစ်ကိုမောင်နှမတွေ မဖြစ်မနေ လုပ်ရမှာ ရှိပါတယ်။ အဲဒါကတော့ Pa Day Thar Pin ဆိုတဲ့ YouTube Channel မှာ “နိုင်ငံပျောက်သူ” ဇာတ်လမ်းတိုကို ကြည့်ကြဖို့ပါပဲ။ ဒီနေ့မနက် မြန်မာအချိန် ၈ နာရီကစပြီး ကြည့်လို့ ရနေပါပြီ။ သတိထားပေးရမဲ့ အချက်တွေကတော့ –

၁။ Facebook မှာ တင်ထားတဲ့ လင့်ခ်တွေကနေ မဝင်ပါနဲ့။ YouTube App ကို ဖွင့်၊ “Pa Day Thar Pin” သို့မဟုတ် “နိုင်ငံပျောက်သူ” ကို ရိုက်ရှာပြီးမှ ကြည့်ပါ။ (ကြိုတင်ထားတာမို့ 4 days ago ဖြစ်နေပါတယ်။)

၂။ အဲ့ဒီရုပ်ရှင်ကို Download လုပ်ပြီး Facebook ပေါ် ပြန်တင်ထားတာတွေ တွေ့ရင် မကြည့်ပါနဲ့။ ဒီချန်နယ်ကနေပဲ ကြည့်ပေးပါ။

၃။ VPN ကို အဆင်ပြေရင် V4C သုံးပေးပါ။ အဲဒါကလည်း တော်လှန်ရေးအတွက်ပဲမို့ပါ။

၄။ ကြော်ငြာတက်လာရင် ကျော်လို့ရပြီ ဆိုတာနဲ့ ကျော်ပစ်ပါ။ ဒါမှ သဘာဝကျမှာပါ။

၅။ View တက်အောင် ဆိုပြီး ထပ်ကာထပ်ကာ ဆက်တိုက် မကြည့်ပါနဲ့။ အချိန်လေး ခြားခြားပြီးမှ ကြည့်ပါ။ လူများများ ကြည့်အောင်လည်း ဝိုင်းကူပြောပြပေးပါ။ ၆။ အိမ်က လူကြီးတွေရဲ့ ဖုန်းကို ယူပြီးလည်း ဖွင့်ပြပေးပါ။

၇။ နောက်ဆုံးတစ်ချက်ကတော့ ဒီနေ့တစ်ရက်ပဲ Pa Day Thar Pin ကို ဝိုင်းပြုံကြည့်ကြပြီး နောက်ရက်ကျ လူမဝင်တော့ရင် အဆင်မပြေပါဘူး။ ပဒေသာပင် အဖွဲ့သားတွေအနေနဲ့လည်း ဗီဒီယိုတွေ အမျိုးမျိုး အစားစား ရှိနေအောင်၊ လူစိတ်ဝင်စားအောင် အားထုတ်ထားပါတယ်။ ဒါကြောင့် တစ်နေ့ကို ၅ မိနစ်လောက်တော့ အမြဲဝင်ကြည့်ပေးစေချင်ပါတယ်။ Click လုပ်နေရမှာ မဟုတ်ဘဲ ဖွင့်ထားရုံပဲမို့ သိပ်လည်း အားမစိုက်ထုတ်ရပါဘူး။

ဒီနေ့မှာ “နိုင်ငံပျောက်သူ” ရုပ်ရှင်ကို ကြည့်ရှုခြင်းဟာ ဒီတော်လှန်ရေးမှာ ပြည်သူဘက်က ရပ်တည်ပြီး အင်တိုက်အားတိုက် ပါဝင်နေတဲ့ အနုပညာရှင်တွေကို ဂုဏ်ပြုရာ ရောက်သလို၊ မြေပြင်အဖွဲ့တွေအတွက် ငွေကြေးထောက်ပံ့သလိုလည်း ဖြစ်တာမို့ အပေါ်မှာ ရေးထားတဲ့ အချက်တွေကို သတိထားပြီး ကြည့်ရှုအားပေးကြပါစို့ခင်ဗျာ။ – ဖြိုးသီဟ၊ ၃၀.၅.၂၀၂၂

ကိုဇင်ဇေ ရေးသားသောပိုစ့် – “ မကြည့်ရသေးတဲ့ သူတွေ အတွက် လိုရမယ်ရ ပြောတာပါ”

တစ်ချက်ခုတ် နှစ်ချက် သုံးချက် ပြတ်စေချင်ရင် Google ကနေ ခုလိုမျိုး “ နိုင်ငံပျောက်သူ “ လို့ ရိုက်ထည့်ပြီး ရှာကြည့်လို့လည်း ရပါတယ် ။ ( ထပ်ထပ် ကြည့်ဖြစ်တဲ့ အခါ YouTube app ကနေ ရှာကြည့်လိုက် … Google ကနေ ရှာကြည့်လိုက် လုပ်မယ်ဆို … ပိုကောင်းမယ်လို့ တိုက်တွန်းပါရစေ … )

ပုံမှာ အနီနဲ့ တားပြထားသလို Pa Day Thar Pin ဆိုတဲ့ YouTube Channel ကနေ ၉ မိနစ်စွန်းစွန်း ရှိတဲ့ Video ဆိုရင် ဝင် ကြည့်ရုံပါပဲ ။ ထိပ်ဆုံးမှာကို ပေါ်လာဖို့ များပါတယ် ။ ( 4 Days ago လို့ ပေါ်နေတာ မစိုးရိမ်ပါနဲ့ ၊ ကြော်ငြာ ကိစ္စ ကြိုတင်ပြီး စမ်းထားရလို့ပါလို့ ကို ပဒေသာတို့ ကိုယ်တိုင် ရှင်းပြထားပါတယ် )

ရန်ပုံငွေ ရဖို့အတွက် VPN သုံး US / UK / Canada / Australia တို့လိုမျိုး ဝင်ငွေကောင်းတဲ့ နိုင်ငံ တစ်ခုခုကို ရွေးပြီးမှ ကြည့်ဖို့လည်း မမေ့ပါနဲ့ ။ အစ မှာ – ကြားမှာ တက်လာတဲ့ ကြော်ငြာတွေကို လည်း အစအဆုံး ကြည့်ပေးစရာမလိုပဲ
Skip ads ဆိုတာ ပေါ်လာတာနဲ့ နှိပ်ပြီး ကျော်ပေးလိုက်ပါ ၊ ကျော်လည်း ပိုက်ဆံ ရပါတယ် ။ ( တကယ် စိတ်ဝင်စားတဲ့ ကြော်ငြာမှ အခါ ၂၀ မှာ ၁ ခါလောက် ) စဆုံး ကြည့်တာ မျိုး လုပ်ချင်လုပ်ါ ။

ဒီတစ်ရက်ပဲ အဲ့ Channel ကို စုပြုံဝင်ကြည့်ပြီး / အဲ့ Video ကို အခေါက်ခေါက်ကြည့်ပြီး နောက်ရက်တွေ ကျတော့ လုံးဝ ဝင်မကြည့်ဖြစ်တော့တာမျိုး မဖြစ်အောင် ( အဲ့လို ဖြစ်ရင် ငွေဖြတ်ခံရ – ရစ်ခံရမှာမို့ ) သတိထား ကြိုးစားပေး / အချင်းချင်း သတိပေးပေးပါ ။

အဲ့ Channel မှာ ( လောလောဆယ်ထိ ) တင်ထားတဲ့ Videos ပေါင်း ၈၅ ခုထဲက
အဆင်ပြေတာ ၃-၄ ခုကို ( အစအဆုံး မဟုတ်ရင်တောင် Video တစ်ခုကို ၄-၅-၁၀ မိနစ်စာလောက် ) *နေ့စဉ် ဆက်ကြည့်ပေးနေလိုက်ကြပါ … လို့ တိုက်တွန်းချင်ပါတယ် ။

အင်္ဂလိပ် စာတန်းထိုးနဲ့မို့ ( ကိုယ့်နိုင်ငံမှာ ဘာတွေ ဖြစ်နေတယ် ၊ ဘယ်လို ခံစားနေကြရတယ်ဆိုတာကို စိတ်ဝင်စားတဲ့ ) နိုင်ငံခြားသား အသိမိတ်ဆွေတွေကိုလည်း ညွှန်ပေးလို့ ရပါသေးတယ် ။ ၉ မိနစ်စာလေးပေမယ့် တန်ပါတယ် …

အများစု နားထဲ စွဲသွားစေမယ့် “ xxx နဲ့ … xxx မချင်း ငါတို့ xxx “ ဆိုတဲ့ စကားလေး အပြင် ပါးပါးလေးနဲ့ လာ လာ ထိသွားစေတဲ့ အပြော / အပြလေးတွေ ၃-၄ ခုလောက် ပါပါတယ် … မကြည့်ရသေးတဲ့သူတွေ Spoil မဖြစ်စေချင်လို့ ကြိုမရေးတော့ပါဘူး ။ ကြည့်ဖြစ်အောင် ကြည့်လိုက်ကြပါ လို့ပဲ တိုက်တွန်းချင်ပါတယ် ။ – ကိုဇင်ဇေ ၊ လှုပါ ကူပါ ကလစ်ပါ ၊ ရရာနည်းတွေနဲ့တော်လှန်နေကြပါ ၊ အာဏာရှင်တော်လှန်ရေးအောင်ပါစေ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။