ဘားလမ်းပေါက်ကွဲမှုဖြစ်စဉ်အား CCTV မှတ်တမ်းများမှတဆင့် တရားခံအစစ်ကိုသိပြီ

Local News

ဘားလမ်းပေါက်ကွဲမှုဖြစ်စဉ်အား CCTV မှတ်တမ်းများမှတဆင့် တရားခံအစစ်ကိုသိပြီ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ဘားလမ်းပေါက်ကွဲမှုဖြစ်စဉ်အား CCTV မှတ်တမ်းများမှတဆင့် တရားခံအစစ်ကိုသိပြီ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဘားလမ်းဖြစ်စဉ်ကို ကြည့်မယ် ဆိုရင် နာနတ်သီးဟာ သယ်လာတဲ့လူရဲ့ အိတ်ထဲကနေ ပေါက်သွားတာကို တွေ့ရပါမယ်။

မူလ သူ့ကို ပြောလိုက်တုန်းက ဒီလိုဖြစ်ပါမယ်။ အဲ့ဒီမှတ်တိုင်မှာ လူတွေ စည်နေတုန်းလုပ်မယ်။ မင်းက နာနတ်သီးပါတဲ့အိတ်ကို ထားခဲ့ရုံပဲ။ အဲ့ဒီမှာ သူအိတ်ကို ချမထားရခင်မှာပဲ ဖုန်းမြည်လာတယ်။ သူ ဖုန်းပိတ်ဖို့ ကြိုးစားပေမယ့် နောက်ကျသွားခဲ့ပြီ။

ဒါဟာ PDF တွေလုပ်တာ မဟုတ်ဘူးဆိုတာ သိသာတဲ့ အချက် ၄ ချက်ရှိခဲ့တယ်။

၁။ ပစ်မှတ် မရှိဘူး (ပုံမှန်အတိုင်းဟာ ရဲကင်း စခကင်း၊ စခ ယဉ် ရှိပေမယ့် အခု မရှိဘူး။

၂။ ပစ်မှတ်က ပြည်သူဖြစ်နေတယ်။ ( UG ဦးဂျမ်းတွေဟာ ပြည်သူရှိနေလို့ mission ဖျက်ပေးလိုက်ရတယ် ဆိုတာ တချိန်လုံးကြေငြာနေခဲ့တယ်။
အခုကျမှ ရုတ်တရက်ကြီး ပြည်သူကို ပစ်မှတ်ထားတာ ဘယ်လိုဖြစ်နိုင်မလဲ)

၃။ မတော်တဆ ကွဲတာ မဟုတ်ဘူး။ (အရင် က မတော်တဆ ဖြစ်ဖူးတယ်၊ အခုလိုမျိုး မဟုတ်ဘူး သယ်လာသူရဲ့ လက်ထဲမှာ ခွဲပစ်လိုက်တာဖြစ်နေတယ်။ ဖြစ်စဉ်ပြီးတော့ အဲ့ဒီနားမှာ တခြားနာနတ်သီးတွေ အသိမ်းပြဖို့ ရှိနေသေးတယ်)

၄။ လုပ်တဲ့သူရဲ့ အသက်အရွယ် (ပုံမှန် PDF အများစုရဲ့ အသက်အရွယ် မဟုတ်ဘူး)

ကမ္ဘာပေါ်မှာ ထောက်လှမ်းရေးအဖွဲ့တွေဟာ သူတို့ သစ္စာခံအဖွဲ့အစည်း အစိုးရ နိုင်ငံရေးအသာစီးရဖို့ ဒီလိုလုပ်လေ့ရှိတယ်။ အများပြည်သူနဲ့ နိုင်ငံတကာအလယ်အမှာ တစ်ဖက်ရန်သူရဲ့ ပုံရိပ်ကို ကျဆင်းဖို့ ရန်သူရဲ့ အသွင်ယူပြီး လျို့ဝှက်လုပ်ဆောင်လေ့ရှိတယ်။

ဒီလိုလုပ်တဲ့အခါ နောက်ဆုံးအဆင့် လုပ်ပေးရတဲ့သူကို အဖွဲ့အစည်းအပြင်က လူကိုပဲ ခိုင်းလေ့ရှိတယ်။

ထောက်လှန်းရေးတွေဟာ သူတို့အစီအစဉ်အောင်မြင်သွားပြီဆိုရင် လုပ်ပေးရတဲ့သူကို ရှင်းပစ်လေ့ရှိတယ်။ ဒါကြောင့်အဖွဲ့ထဲကလူကို မခိုင်းတာ။

ဥပမာ တချိန်က ကရင်အမျိုးသားခေါင်းဆောင် ဖဒိုမန်းရှာကို လု-ပ်ကြံတယ်ဆိုရင် ထောက်လှမ်းရေးက တခြားအဖွဲ့အစည်းကနေ တစ်ဆင့်လုပ်တယ်။

ပြီးရင် လု-ပ်ကြံတဲ့သူကို ရှင်းပစ်တယ်။ ပြီးရင် ထောက်လှမ်းရေးအဖွဲ့ဝင်ထဲက အောက်ပိုင်း အဆက်အသွယ်ကိုပါ ရှင်းပစ်ရတယ်။ ထောက်လှမ်းရေးမှာ
လဝ ၊ ထတလဝ ဆိုတာတွေရှိတယ်။ လျို့ဝှက်၊ ထိပ်တန်းလျို့ဝှက်ပါ။ ထတလဝ ဆိုရင် လူသက်သေ ပစ္စည်းသက်သေ အကုန် အစ ဖျောက်ရပါတယ်။

ဘားလမ်းဖြစ်စဉ်မှာ နာနတ်သီးသယ်လာပေးတဲ့သူကို တပါတည်း နှု-တ်ပိတ်တာကို တွေ့ရမယ်။

ဒါကြောင့်အခုအချိန်မှာ စစ်တပ် စရဖ က ဒီလို လုပ်ကြံမှုတွေကိုခိုင်းခံရတဲ့ ပျူစောထီး၊ မဘသ တွေဟာ ဘားလမ်းဖြစ်စဉ်ကလိုပဲ လက်စအဖျောက်ခံရမှာ ကျိန်းသေပဲ။

အခုလဲ သူတို့ဖွင့်ထားတဲ့ကျောင်းတွေကို သူတို့ပဲ နာနတ်သီးခွဲဖို့ စီစဉ်နေတယ်ဆိုတာ ကြားရတယ်။ သတင်းပေါက်သွားလို့ အစီအစဉ်ပြောင်းနိုင်တယ်။ စစ်တပ်ကတော့ ဒီလို အသွင်ယူ တန်ပြန်ထိုးနှက်မှုတွေ အခွင့်ရရင် ရသလို လုပ်မှာပါပဲ။

အများပြည်သူတွေ ဒါကို သတိကြီးကြီးထားကြဖို့လိုပါတယ်။

ရေးသားသူ – Tin Myint Aung

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။