လေတပ် ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် ရာထူးပြုတ်ခဲ့ရသော မိန်းမကိစ္စအရှုပ်တော်ပုံ

Local News

လေတပ် ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် ရာထူးပြုတ်ခဲ့ရသော မိန်းမကိစ္စအရှုပ်တော်ပုံ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လေတပ် ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် ရာထူးပြုတ်ခဲ့ရသော မိန်းမကိစ္စအရှုပ်တော်ပုံ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

By ဖရဲသီး
လေတပ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် အနားပေးလိုက်ခြင်းမှာ ပုံမှန်သက်တမ်း တာဝန်ထမ်းဆောင်ပြီး၍ အနားပေးခြင်းမှာ လုံးဝ မဟုတ်ဘဲ စစ်​ကောင်စီအဖွဲ့ဝင်အဖြစ်မှပါ ကျန်းမာရေး အကြောင်းပြ ဖယ်ရှားခဲ့သည်။

၂၀၁၈ ခုနှစ်မှစတင်ကာ လေချုပ်အဖြစ် တာဝန်ယူခဲ့ပြီး ၊ အသက် ၅၈ နှစ် အရွယ် ရှိသော ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် ကျန်းမာရေးကြောင့် တာဝန်မှ အနားပေးခြင်းဟုဆိုသည်မှာလည်း လုံးဝ မမှန်ကန်ပေ။ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် မှာ အပြေးဝါသနာပါသူဖြစ်ပြီး ဌာနချူပ်မှုး ဖြစ်စဉ်က အရာရှိ၊ စစ်သည်များအားသူနှင့်ယှဉ်ကာအပြေးပြိုင်တာမျိုးလုပ်လေ့လုပ်ထရှိလေသည်။ ဆိုလိုသည်မှာ ဒေါင်ဒေါင်မြည် ကျန်းမာရေး ကောင်းမွန်သော အပြေးသမား ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် မှာ ကျန်းမာရေး အကောင်းလွန်နေသည်။

ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်ကို အဓိက အကြောင်းပြ ဖြုတ်လိုက်ရသည့်အကြောင်းအရင်းမှာ မိန်းမကိစ္စှနှင့်ပတ်သက်၍ တပ်တွင်း တိုင်စာတက်လာခြင်းဖြစ်ပြီး ငါးရံ့နှစ်ကောင် တစ်ပြိုင်တည်း ဖမ်းရာကာ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်တိုင်ကြခြင်း၏ နောက်ဆက်တွဲလည်းဖြစ်သည်။ ကျန်းမာရေး လိုက်စားသော ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် မှာ အရက် နှင့် မိန်းမလည်း အလွန်လိုက်စားသည်။
ဌာနချူပ်မှူးဖြစ်စဉ်က တပည့်ကျော်များနှင့် KTV များသို့ သွားရောက်လေ့ရှိပြီး ငွေကြေးသုံးဖြုန်း နိုင်ကာ Sponsor ပေးနိုင်သောကြောင့် မိန်းမငယ်လေးများဖြင့်ပျော်ပါးလေ့ရှိသည်။ တာဝန်မှရပ်နားခံခဲ့ရသည့် ဖြစ်စဉ်မှာလည်း မိန်းမကိစ္စကြောင့်ပင်ဖြစ်သည်။

ငါးရံ့နှစ်ကောင်ဖမ်းခြင်း
==============
ကကလေ(နေပြည်တော်) စစ်ရုံးရှိ စစ်ဆင်ရေးနှင့် သုသေသနဌာနမှ အမျိုးသမီး အရာရှိ ဗိုလ်ကြီးနှင့် မောင်မောင်ကျော်တို့ လူမှုရေး ဖောက်ပြန်မှု အကြိမ်ကြိမ်ကျူး လွန်မှုများ ရှိခဲ့သည်။ ကကလေ(နေပြည်တော်) ရှိ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၏ ရုံးခန်းသည် စစ်ဆင်ရေးနှင့်သုသေသနဌာနမှာ မဝေးသောနေရာတွင်ရှိနေသောကြောင့်ထိတွေ့မှုများလာသည်နှင့် အမျှ ယခင်ကတည်းက လက်မနှေးသော ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် နှင့် ထိုဗိုလ်ကြီးအမျိုးသမီးတို့ ပေါ်ပေါ်တင်တင် ငြိစွန်းကြသည်။
တစ်ချိန်တည်းမှာပင် ထိုဗိုလ်ကြီးအမျိုးသမီးအပြင် အခြား ဗိုလ်ကြီးအရာရှိအမျိုးသမီးငယ်တစ်ဦးနှင့်လည်း ကိုယ်ဝန်ရသည်အထိ ဖောက်ပြန်ကျူးလွန်ခဲ့ပြန်သည်။ ထိုဖြစ်စဉ်နှစ်ခုသည် အပြန်အလှန် တိုင်ကြားမှုများကြောင့် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံရောက်ရှိသွားသည်။

ယာယီထိန်းသိမ်းခံရခြင်းနှင့်ရာထူးပြုတ်ခြင်း
=========================
ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ကို ရုံးဆင်းချိန်တွင် ၎င်းနေထိုင်ရာ ပိတောက်ဧည့်ရိပ်သာ၌ပင် ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး တိုင်စာပါ လူမှုရေး ဖောက်ပြန်မှုကိစ္စ စစ်မေးရာ ဗိုလ်ချုပ်ကြီး မောင် မောင်ကျော်မှ ဟုတ်မှန်ကြောင်းဝန်ခံခဲ့လေသည်။ ယင်းနောက် ကျန်းမာရေးအကြောင်းပြ ရာထူးတာဝန်မှ အနားပေးလိုက်သည်။ အရေးယူမှု တစ်စုံတစ်ရာ မရှိဘဲ သိုသိုသိပ်သိပ် လုပ်ဆောင်ခဲ့မှုကြောင့် အပြင်သို့အဖြစ်မှန် သတင်းပေါက် ကြားခဲ့ခြင်းမရှိခဲ့ပေ။
ယခုအချိန်တွင် မောင်မောင်ကျော်နှင့်ငြိစွန်းခဲ့သော အမျိုးသမီးအရာရှိ ဗိုလ်ကြီးအမျိုးသမီးမှာ အရပ်ဘက်လေယာဉ်အပိုပစ္စည်းဝယ်ယူရေး ကုမ္မဏီတစ်ခုသို့ တပ်ကရွှေ့ပြောင်းပေးလိုက်သည်။ ထိုသို့ လေတပ် ဉီးစီးချုပ်လုပ်သူက အမျိုးသမီးငယ်တစ်ဦးနှင့် အမျိုးသမီးသက်လတ်ပိုင်းတစ်ဦးတို့ကို တစ်ပြိုင်နက်တည်း လွန်လွန်ကျူးကျူးဖောက်ပြန်မှုများက မောင်မောင်ကျော်ကို ရာထူးမှ နားစေခဲ့ခြင်းဖြစ်သည်။

မင်းအောင်လှိုင်က မောင်မောင်ကျော်ကို ကာကွယ်ထား
===============================
မောင်မောင်ကျော်နှင့်ပတ်သက်သော လာဘ်ပေးလာဘ်ယူကိစ္စ၊ လေတပ်ပိုင်းဆိုင်ရာ အလွဲသုံးစားမှုများနှင့်ပတ်သက်၍ တိုင်စာများ ရောက်ရှိခဲ့သော်လည်း မင်းအောင်လှိုင်က အရေးမယူဘဲ လျစ်လျူရှုပေးခဲ့သည်။ လေတပ်စစ်ဦးစီးချုပ် မောင်မောင်ကျော်သည် စစ်သည်တော်ကျင့်ဝတ်၊ လူမှုကျင့်ဝတ်များကို ဖောက်ဖျက်ခဲ့သော်လည်း ရာထူးပြုတ်ရုံမှလွဲ၍ ဘာမှ အရေးယူမခံခဲ့ရပေ။
လေချူပ်ဟောင်း မောင်မောင်ကျော်ရာထူးပြုတ်သွားသော်လည်း ၎င်း၏သားဖြစ်သူ Ivan Htet ပိုင် ဆိုင်သော Alliance Engineering Services ကုမ္ပဏီမှာ လေတပ်နှင့် ဆက်လက် အလုပ်လုပ်ကိုင်ခွင့်ရရှိနေဆဲပင်ဖြစ်သည်။ လေတပ်အတွက် လေယာဉ်အစိတ်အပိုင်းများအားလုံးကို တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် တင်သွင်းခွင့်ရယူထားဆဲဖြစ်သည်။
မောင်မောင်ကျော်သည် သားဖြစ်သူအတွက် လေတပ်တွင် စီးပွားရေး ဂွင်ပေါင်းများစွာ ဖန်တီးပေးခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် ဇန်နဝါရီလတွင် မောင်မောင်ကျော်အား လေတပ်ဉီးစီးချုပ်ခန့်ပြီး လအနည်း ငယ် အကြာတွင် ပြုလုပ်သော တပ်မတော်နေ့ စစ်ရေးပြတွင် သူ့သား Ivan ကုမ္မဏီက LED မီထွန်းခွင့် ပါမစ်နှင့် ကျင်းပခွင့် ကန်ထ ရိုက်ရရှိခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် လေတပ်၏ ပြည်ပဝယ်ယူမှု တင်ဒါများ ရရှိခဲ့သည်။

မိန်းမကိစ္စ၊ လာဘ်စားမှုများဖြင့် ရာထူးမှ ဖယ်ရှားခံခဲ့ရသော်လည်း လေတပ်ဉီးစီးချုပ်ဟောင်း ဗိုလ် ချုပ်ကြီး မောင်မောင်ကျော် နှင့် ၎င်း၏ မိသားစုဝင်များမှာ ဆယ်သက်စားမကုန်သောစည်းစိမ်ဉစ္စာများဖြင့် ချမ်းသာကြွယ်ဝနေပြီဖြစ်သည်။
မင်းအောင်လှိုင်သည် မောင်မောင်ကျော်ကို ရာထူးမှ ဖယ်ရှားခဲ့သော်လည်း လာဘ်ပေးလာဘ်ယူမှု၊ မိန်းမကိစ္စများအတွက် အရေးယူမှု တစ်စုံတစ်ခုမှ မလုပ်ခဲ့ပေ။ ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်း မောင်မောင်ကျော်၏ မြေးနှင့်ပတ်သက်သော အလှူသို့ မင်းအောင်လှိုင်၏ သား အောင်ပြည့်စုံမိသားစုက တက်ရောက်ခဲ့ကြသည်။ ထိုသို့ လာရောက်ခြင်းက မင်းအောင်လှိုင်နှင့် မောင်မောင်ကျော်တို့အကြား ဆက်ဆံရေး ဆက်လက် ကောင်းမွန်နေကြောင်း ပြသခဲ့ခြင်းဖြစ်သည်။
လှုမှုရေး ဖောက်ပြန်မှု၊ လာဘ်ပေးလာဘ်ယူမှုများ ပြည့်နှက်နေသော စစ်တပ်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အချင်းချင်း သက်ညှာပြီး မသူတော်ချင်းချင်း သတင်းလွေ့လွေ့ ဖြင့် မောင်မောင်ကျော်ကို အကာအကွယ်ပေး ခဲ့သည်မှာ အထင်အရှားပင်ဖြစ်သည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း
မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။