ဘားအံတွင် စစ်ယာဉ်တန်း ဖြတ်သန်းစဉ် လမ်းဘေးရှိ ကျေးရွာများကို စစ်တပ်က ပစ်ခတ်သွားခဲ့ရာ ပြည်သူ အများအပြား ဒဏ်ရာရ

Local News

ဘားအံတွင် စစ်ယာဉ်တန်း ဖြတ်သန်းစဉ် လမ်းဘေးရှိ ကျေးရွာများကို စစ်တပ်က ပစ်ခတ်သွားခဲ့ရာ ပြည်သူ အများအပြား ဒဏ်ရာရ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဘားအံတွင် စစ်ယာဉ်တန်း ဖြတ်သန်းစဉ် လမ်းဘေးရှိ ကျေးရွာများကို စစ်တပ်က ပစ်ခတ်သွားခဲ့ရာ ပြည်သူ အများအပြား ဒဏ်ရာရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ အောက်တိုဘာ ၁၂
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် စစ်ယာဉ်တန်းများ ဖြတ်သန်းစဉ် လမ်းဘေးရှိ ကျေးရွာများကို စစ်တပ်က ပစ် thet သဖြင့် ကလေးငယ်တစ်ဦး၊ အဘွားတစ်ဦးနှင့် ပြည်သူများဒဏ်ရာရရှိကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီကျော်အချိန် ဘားအံ ကော့ဆိုင်ရွာဘက်ခြမ်း- အဖြောင့်လမ်းမှ ဘားအံဘက်သွားသွားသည့် စစ်ကားယာဉ်တန်းက ကားမောင်းရင်းဖြင့် လမ်းဘေးရှိ ဆိုင်များ၊ ကျေးရွာများကို ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ ကလေးငယ်တစ်ဦး ခြေထောက်ထိမှန်ပြီး ၊ အဘွားအိုတစ်ဦးလည်း တင်ပါး ထိမှန်ကြောင်း၊ အခြားဒဏ်ရာရရှိသော ပြည်သူအများအပြားလည်းရှိကြောင်း သိရှိရသည်။

“ကားမောင်းရင်းနဲ့ ကားလမ်းဘေးက ကော့ဆိုင်၊ ဆိုင်တွေ အိမ်တွေဘက်ကို သေနတ်နဲ့ တောက်လျှောက်ပစ်သွားတာ လူတွေ တော်တော်များများဒဏ်ရာရကုန်တယ်။ အဲဒီဘက် ရွာတွေက အရမ်းအေးချမ်းပါတယ်။ ဘာတိုက်ပွဲမှမရှိသလို တော်လှန်ရေးအတွက် ဘာလှုပ်ရှားမှုမှ မရှိတဲ့ရွာတွေပါ။ ဘာကြောင့် ပစ်သွားလည်း မစဥ်းစားတတ်ဘူးဗျာ။ အဲဒီ ကား လမ်းမကြီးကို အဖြောင့်လမ်းလို့ ခေါ်တယ်။မော်လမြိုင်- ဘားအံ သွားတဲ့ လမ်းပိုင်းတစ်နေရာပေါ့။ဇာသပြင်ရွာ နဲ့ဆို ၁၅မိနစ်လောက် ကားမောင်းရင် ရောက်တယ်။

မော်လမြိုင်ကနေ ဘားအံသွားရင် ဖြစ်ဖြစ် ဘားအံကနေ မော်လမြိုင်သွားရင်ဖြစ်ဖြစ် အဲ့လမ်းကို သုံးကြတယ်။အခု အဲဒီသတင်းကြားပြီး အဲ့လမ်းကို ဘယ်သူမှ မသွားရဲကြတော့ဘူး။ အကုန်ကြောက်ကုန်တာ အေးဆေးနေနေတဲ့ ရွာသူရွာသားတွေကို အကြောက်တရား လာထည့်သွားကြတာ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

လက်ရှိတွင် ကျေးရွာများမှ ပြည်သူများက အထုပ်များ သိမ်းဆည်းထားကြပြီး တိုက်ပွဲများဖြစ်လာလျှင် ရှောင်တိမ်းရန် ပြင်ဆင်နေကြကြောင်း၊ လတ်တလော စိုးရိမ်မှုများဖြင့် နေထိုင်နေကြကြောင်း သိရှိရသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း
မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။