တန့်ဆည်၊ သပြေရင်းရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၄ လုံးပြာကျ

Local News

တန့်ဆည်၊ သပြေရင်းရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၄ လုံးပြာကျ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တန့်ဆည်၊ သပြေရင်းရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၄ လုံးပြာကျ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ အောက်တိုဘာ ၁၉
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် သပြေရင်းရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၄ လုံးပြာကျခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၁၈ ရက်နေ့ ညပိုင်းတွင် သပြေရင်းရွာ ပြာတွင် ဝပ်ကျင်းချထားသော အကြမ်းဖက် စစ်တပ် တပ်မ ၃၃ လက်အောက်ခံ ခမရ ၃၆၈ မှ စစ်သားများနှင့် ပျူစောထီးများ ယနေ့ နံနက်ပိုင်းတွင် သပြေရင်းရွာမှ ပြန်လည် မထွက်ခွာမှီ ပြည်သူပိုင် နေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ပြည်သူပိုင် နေအိမ်များကို မီးရှို့ ဖျက်ဆီးခြင်းကြောင့် ပြည်သူပိုင် နွားခြံတဲများပါ မီးလောင်ပြကျခဲ့ပြီး ပြည်သူများ မွေးမြူထားသည့် ခိုင်းနွား ၁ ကောင်ကိုလည်း သတ်ဖြတ် စားသောက် သွားကြောင်း သိရသည်။

” စစ်ခွေးတွေက အရင် ရက်တည်းက သပြေရင်းမှာ ညအိပ်တာ ဒီနေ့ ခွေး‌လမ်းကြောင်းရွေ့ချင်လို့ နေအိမ်တွေကို မီးရှို့သွားတာပါ။ ခွေးတွေ ကံကလေးကုန်း ရွာထဲဝင်သွားပြီ ထိတွေ့မှုတွေလည်း ဖြစ်နေတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများသည် သပြေရင်းရွာ၊ သစ်ရာပင်ရွာသစ် ဘက်မှ ကံကလေးကုန်းရွာ သို့ ဆက်လက် ဝင်ရောက် စစ်ကြောင်း ထိုးလျက်ရှိကြောင်း သိရသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်းမိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။