မန္တလေးတွင် ရတနာကုန်သည် ဦးစိန်ဝင်းကို စစ်တပ်နှင့်ရဲက pyit thet ၊ ကားပေါ်ပါ သိန်းထောင်ချီတန် ကျောက်စိမ်းနှင့်အချောထည်များ ပျောက်ဆုံးမှု စစ်တပ်နှင့်ရဲ အပြန်အလှန် လွှဲချကာ လက်သည်မပေါ်ဘဲ ပျောက်ဆုံးနေ

Local News

မန္တလေးတွင် ရတနာကုန်သည် ဦးစိန်ဝင်းကို စစ်တပ်နှင့်ရဲက pyit thet ၊ ကားပေါ်ပါ သိန်းထောင်ချီတန် ကျောက်စိမ်းနှင့်အချောထည်များ ပျောက်ဆုံးမှု စစ်တပ်နှင့်ရဲ အပြန်အလှန် လွှဲချကာ လက်သည်မပေါ်ဘဲ ပျောက်ဆုံးနေ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မန္တလေးတွင် ရတနာကုန်သည် ဦးစိန်ဝင်းကို စစ်တပ်နှင့်ရဲက pyit thet ၊ ကားပေါ်ပါ သိန်းထောင်ချီတန် ကျောက်စိမ်းနှင့်အချောထည်များ ပျောက်ဆုံးမှု စစ်တပ်နှင့်ရဲ အပြန်အလှန် လွှဲချကာ လက်သည်မပေါ်ဘဲ ပျောက်ဆုံးနေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ အောက်တိုဘာ ၂၆
မန္တလေးတွင် အောက်တိုဘာလ ၂၂ ရက်နေ့ ညပိုင်း တစ်ဦးတည်းကားမောင်းလာသည့် ကျောက်စိမ်းနှင့်ရတနာကုန် သည် ဦးစိန်ဝင်းကို စစ်တပ်နှင့်ရဲက pyit thet လိုက်ပြီး ကားပေါ်ပါ သိန်းထောင်ချီတန် ကျောက်စိမ်းနှင့်ရတနာ အချောထည်များ ပျောက်ဆုံးနေကာ စစ်တပ်နှင့်ရဲက အပြန်အလှန်လွှဲချနေသဖြင့် လက်သည်မပေါ်ဘဲ ပျောက်ဆုံး နေကြောင်း သိရှိရသည်။
အောက်တိုဘာလ ၂၂ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန် မန္တလေး ၃၅ လမ်း၊ ၇၃ လမ်းတွင် ရတနာကုန်သည် ဦးစိန်ဝင်းသည် ရတနာရောင်းဝယ်ရေးကိစ္စ အပြီး ၎င်း၏ ကားဖြင့် အိမ်ပြန်လာစဉ် အရပ်ဝတ် စစ်သားများနှင့်ရဲများက ပစ်ခတ်ကြောင်း၊ ပစ်ခတ်မှုကြောင့် ဦးစိန်ဝင်း ပွဲချင်းပြီး thay ဆုံးခဲ့ကြောင်း၊ စစ်တပ်နှင့်ရဲများက လူနာတင်ကားခေါ်၍ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ ယင်းနောက် ဦးစိန်ဝင်း၏ ကားပေါ်ပါ သိန်းထောင်ချီတန် ကျောက်စိမ်း၊ ရတနာ အချော ထည်များအားလုံးပျောက်ဆုံးသွားကြောင်း ရဲသတင်းရင်းမြစ်ထံမှ သိရှိရသည်။


“ဖြစ်စဉ်က မှန်တယ်။ အဲဒီအချိန်က စစ်သားရော ရဲရော မူးနေကြပြီ ည ၁၀ နာရီခွဲဆိုတော့။ အဲဒါ ကားက သူတို့တားတဲ့နေရာ မရပ်ဘဲ ရှေ့ကျော်ရပ်တာကို လိုက်ပစ်ကြတာ။ ကားပေါ်ပါတဲ့ ရတနာကုန်သည် အန်ကယ်ကြီးက ပွဲချင်းပြီး ဆုံးပါတယ်။ အဲဒါပြီးတော့ ကားကို အဲဒီည ၃၅ လမ်း၊ ၇၃ လမ်းအဖွဲ့ကပဲ စစ်ဆေးမှုတွေ လုပ်ပြီး ကားကို ရွှေ့တယ်။ နောက်နေ့မှာ ကျန်ရစ်သူမိသားစုဘက်က ရတနာတွေ ကျောက်စိမ်းတွေ ပျောက်နေတယ်ဆိုတာ တိုင်ကြားလာတာ။ လက်ရှိထားသလောက်တော့ ပစ်ခတ်မှုဖြစ်ပြီးတဲ့အချိန်ကနေ ကားကို သယ်တဲ့အချိန်အထိက အဲဒီနားမှာ လုံခြုံရေး တာဝန်ကျတဲ့ စစ်သားနဲ့ ရဲက အကုန် ပိတ်ဆို့ပြီး လုပ်ကြတာ။ ကားပေါ်ပါ ရတနာပစ္စည်းတွေကလည်း သူတို့ပဲ ကားကိုစိစစ်တာ။ သူတို့လက်ချက်ပဲ။ ဒါပေမယ့် အခု အပြန်အလှန်လွှဲချနေကြတယ်” ဟု ရန်ကုန်ခေတ်သစ်၏ ရဲသတင်း ရင်းမြစ်က ပြောသည်။


ယင်းနောက် အရပ်ဝတ် စစ်တပ်နှင့်ရဲ၏ ပစ်ခတ်မှုကြောင့် thay ဆုံးသွားသော ရတနာကုန်သည် ဦးစိန်ဝင်း အသက် ၆၅ နှစ်၏ နာရေးကို အကြမ်းဖက်စစ်ကောင်စီကသာ တာဝန်ယူပြီး ကျန်ရစ်သူမိသားစုကို နာရေး လာကြည့်ရန်သာ ဖိတ်ခဲ့ကြောင်း၊ အလောင်းကို ပြန်မပေးဘဲ စစ်တပ်နှင့်ရဲ၏ အစီအစဉ်ဖြင့် သဂြိုလ်ကြောင်း သိရှိရသည်။
စစ်တပ်နှင့်ရဲက ၎င်းတို့ မှားယွင်းပစ်ခတ်မှုကြောင့် ရတနာကုန်သည် ဦးစိန်ဝင်း ကွယ်လွန်သွားသည်ကို သိရှိသော် လည်း ဝန်ခံခြင်းမရှိသည့်အပြင် ကားပေါ်ပါ ရတနာနှင့်ကျောက်စိမ်း ပစ္စည်းများ ပျောက်ဆုံးမှုအပေါ် လည်း တာဝန်မယူဘဲ စစ်တပ်နှင့် ရဲ အပြန်အလှန် လွှဲချနေကြောင်း သိရှိရသည်။
မန္တလေးတွင် လုယက်သတ်ဖြတ်မှုများစွာ ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်ကောင်စီတပ်၊ ရဲများကလည်း အရပ်၀တ်များဖြင့် တားဆီး စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း၊ အရပ်ဝတ်စစ်တပ်နှင့်ရဲများကိုယ်တိုင် ပြည်သူများကို အနိုင်ကျင့် ငွေကြေးတောင်းခြင်း၊ လုယက်ခြင်းများ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း၊ ရတနာကုန်သည် ဦးစိန်ဝင်း ပစ်ခတ် သတ်ဖြတ်ခံရပြီး ရတနာပစ္စည်းများ လုယက်ခံရခြင်းမှာ မြင်သာကြောင်း ရဲတပ်ဖွဲ့မှ ဖရဲသီး ရဲသတင်းရင်းမြစ်က ပြောသည်။


” ရတနာကုန်သည် ဖြစ်စဉ်ဆိုရင် ဘယ်သူ့လက်ချက်လဲဆိုတာ သိပါတယ်။ မသိချင်ယောင်ဆောင်ပြီး ပစ္စည်းတွေ ယူထားကြတာ။ ငွေကြေးတတ်နိုင်တဲ့သူတွေအနေနဲ့ ကိုယ့်လုံခြုံရေးအတွက် ယူနိုင်တာယူပြီး ဘန်ကောက်လောက် မှာ သွားနေစေချင်ပါတယ်။ ရှေ့လျှောက် ဒီထက်လည်း ပိုဆိုးလာနိုင်တယ်။ မထင်ရင် မထင်သလို သတ်ဖြတ်နေတာ။ ဘယ်သူမှလည်း အရေးယူမှုမရှိဘူး။ စိတ်တိုင်းကျ သတ်ဖြတ်နေတာပါ” ဟု ရဲဖရဲသီးသတင်းရင်းမြစ်က ပြောသည်။
ရတနာကုန်သည် ဦးစိန်ဝင်း thay ဆုံးမှုနှင့်ပတ်သက်ပြီး ပစ်ခတ်သတ်ဖြတ်သူ စစ်တပ်နှင့်ရဲတပ်ဖွဲ့ကို ဥပဒေကြောင်းအရ အမှုဖွင့်ထားခြင်းမရှိကြောင်း သိရှိရသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။