စစ်ကောင်စီလေတပ်အတွက် လေယာဉ်အဝယ်တော် ကျော်မင်းဦးကို အမေရိကန်က ပိတ်ဆို့ အရေးယူ

Local News

စစ်ကောင်စီလေတပ်အတွက် လေယာဉ်အဝယ်တော် ကျော်မင်းဦးကို အမေရိကန်က ပိတ်ဆို့ အရေးယူ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စစ်ကောင်စီလေတပ်အတွက် လေယာဉ်အဝယ်တော် ကျော်မင်းဦးကို အမေရိကန်က ပိတ်ဆို့ အရေးယူ
ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၉
စစ်ကောင်စီလေတပ်အတွက် လေယာဉ်ပစ္စည်းများ အဝယ်တော် ကျော်မင်းဦးကို အမေရိကန်က ပိတ်ဆို့ အရေးယူလိုက်ကြောင်း အမေရိကန်က တရားဝင်သတင်းထုတ်ပြန်သည်။
မြန်မာစစ် အာဏာရှင်က လေကြောင်းတိုက်ခိုက်မှုများ ဆင့်ကာဆင့်ကာပြုလုပ်ခြင်း နှင့် အရပ်သားပြည်သူများကို thet ဖြတ်ခြင်းကို ပံ့ပိုးပေးသည့် သူများအပေါ် အမေရိကန်ပြည်ထောင်စုမှ ထပ်တိုးအရေးယူမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ မြန်မာ့စီးပွားရေးနယ်ပယ်တွင် ကာကွယ်ရေးကဏ္ဍအတွက် လုပ်ကိုင်ဆောင်ရွက်နေမှုကြောင့် Sky Aviator Company Limited ပိုင်ရှင် ကျော်မင်းဦးကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက အရေးယူလိုက်ကြောင်း ထုတ်ပြန်သည်။

“မြန်မာနိုင်ငံအတွင်းအခြေအနေနှင့်စပ်လျဉ်း၍ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ကန့်သတ်ခြင်း” သမ္မတအမိန့်အမှတ် ၁၄၀၁၄ အရ အရေးယူသတ်မှတ်ခြင်းကို ဆောင်ရွက်မည် ဖြစ်သည်။ ကျော်မင်းဦး၏ ဦးစီးမှုအောက်တွင် Sky Aviator သည် မြန်မာစစ်တပ်အတွက် စစ်လေယာဉ် အစိတ်အပိုင်းများကို တင်သွင်းပေးနေသည့် အဓိက အဝယ်အတော်လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ ဖေဖော်ဝါရီ ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်းတွင် Sky Aviator ကုမ္ပဏီသည် ဒဏ်ခတ်ပိတ်ဆို့အရေးယူထားသည့် အဖွဲ့အစည်း/လူပုဂ္ဂိုလ်များထံမှ lat nat ကုန်စည်များကို တစ်ကြိမ်မက လက်ခံရယူခဲ့ပါသည်။ ကျော်မင်းဦးသည် နိုင်ငံခြားမှ စစ်အရာရှိများမြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန်၊ စစ်lat nat ပစ္စည်းများ မြန်မာ နိုင်ငံသို့တင်သွင်းရန်နှင့် တိုက်ခိုက်ရေးသုံးရဟတ်ယာဉ်များအဆင့်မြှင့်တင်ရန် လိုအပ်သည့် ပစ္စည်းများကို ပေးအပ်ခြင်းစသည့် ပံ့ပိုးမှုများကိုလည်း ပြုလုပ်ခဲ့သည်” ဟု အမေရိကန်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာပြည်သူများအပေါ် ကြမ်းကြုတ်ရက်စက်မှုများကို ကျူးလွန်ရာတွင် စစ် တပ်က အသုံးပြုသည့် ဝင်ငွေရလမ်းနှင့် အရင်းအမြစ်များကို ဖြတ်တောက်ခြင်းတို့ကို အမေရိကန်ပြည်ထောင်စုသည် မိတ်ဘက်များနှင့်အတူ ဆက်လက် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- စစ်ကောင်စီလေတပ်အတွက် လေယာဉ်ဝယ်ပေးသည့် ကျော်မင်းဦး၏ စာတစ်စောင်။

Photo Credit- Justice For Myanmar

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။