တန့်ဆည်တွင် အင်အား ၂၀၀ ကျော်ပါသည့် စစ်တပ် စစ်ကြောင်း မိုင်းဆွဲခံရပြီး စစ်သား ၃ ဦး thay ဆုံး

Local News

တန့်ဆည်တွင် အင်အား ၂၀၀ ကျော်ပါသည့် စစ်တပ် စစ်ကြောင်း မိုင်းဆွဲခံရပြီး စစ်သား ၃ ဦး thay ဆုံး
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တန့်ဆည်တွင် အင်အား ၂၀၀ ကျော်ပါသည့် စစ်တပ် စစ်ကြောင်း မိုင်းဆွဲခံရပြီး စစ်သား ၃ ဦး thay ဆုံး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၉
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ကို နိုဝင်ဘာလ ၈ ရက်နေ့ နေ့လယ် ၂နာရီခန့်တွင် တန့်ဆည်ပကဖက မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၃ဦးthay ဆုံးခဲ့ကြောင်း တန့်ဆည်ပကဖက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အင်အား၂၀၀ကျော် ပါသည့် ခမရ၃၆၁နှင့် ခမရ၃၆၉ စစ်ကောင်စီစစ်ကြောင်းကို တန့်ဆည်မြို့နယ် ပေါင်ဂဒေါင်ချောင်း ရေငုပ်ပြွန်မှ အောင်စွာရွာဘက်သို့ အကူးတွင် တန့်ဆည်မြို့နယ် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ (ပကဖ)က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အလားတူ နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၈ နာရီ အချိန်တွင်လည်း စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကြောင်းထိုးလာသော ခလရ(၃၆၈) စစ်ကောင်စီတပ်ကို တန့်ဆည်PDFက lat nat ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ၅ ဦးthay ဆုံးခဲ့သည်။
တန့်ဆည်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း စစ်တပ်နှင့် PDF တပ်များ၏ တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှလည်း ထိခိုက်ဒဏ်ရာရရှိကျဆုံးမှု တချို့ရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ- တန့်ဆည် PDF တပ်ဖွဲ့ဝင်များ။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။