စစ်တပ်၏ မီးရှို့မှုများကြောင့် မြင်းခြံ၊ ပျားကျေးရွာတွင် အိမ်ခြေ ၃၀၀ ကျော်ပြာကျ၊ မတ္တရာနှင့်မြောင်တို့တွင်လည်း စစ်တပ်က နေအိမ်များ မီးရှို့ပြီး ပစ္စည်းများကို လုယက်

Local News

စစ်တပ်၏ မီးရှို့မှုများကြောင့် မြင်းခြံ၊ ပျားကျေးရွာတွင် အိမ်ခြေ ၃၀၀ ကျော်ပြာကျ၊ မတ္တရာနှင့်မြောင်တို့တွင်လည်း စစ်တပ်က နေအိမ်များ မီးရှို့ပြီး ပစ္စည်းများကို လုယက်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စစ်တပ်၏ မီးရှို့မှုများကြောင့် မြင်းခြံ၊ ပျားကျေးရွာတွင် အိမ်ခြေ ၃၀၀ ကျော်ပြာကျ၊ မတ္တရာနှင့်မြောင်တို့တွင်လည်း စစ်တပ်က နေအိမ်များ မီးရှို့ပြီး ပစ္စည်းများကို လုယက် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၁၀
စစ်တပ်၏ မီးရှို့မှုများကြောင့် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ပျားကျေးရွာတွင် အိမ်ခြေ ၃၀၀ ကျော်ပြာကျသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
နိုဝင်ဘာလ ၈ ရက်နေ့ ညပိုင်းတွင် စစ်တပ်က မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ၊ ပျားကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့ကြောင်း၊ ယင်းနောက် အိမ်ခြေ ၁၀၀၀ ကျော်ရှိသော ပျားကျေးရွာတွင် အိမ်ခြေ ၃၀၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီးသွားကြောင်း၊ ပြည်သူပိုင် အဖိုးတန်ပစ္စည်းများကိုလုယက်ခိုးယူသွားကြောင်း ဒေသခံများက ပြောဆိုကြသည်။


“ရွာထဲကိုတော့ သေချာမကြည့်ရသေးဘူး။ အိမ်ခြေ ၃၀၀ ကျော်လောက်တော့ ပြာကျသွားတယ်။ ပြည်သူ ၁ ဦးလည်း ပစ်thetခံရတယ်။ အခြေအနေကတော့ ကယ်ကူသူမဲ့နေပါတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
အလားတူ နိုဝင်ဘာလ ၉ ရက်နေ့ နံနက် ၁၁ နာရီအချိန် မန္တလေးတိုင်း မတ္တရာမြို့နယ်၊ကျောက်ဆည်လေးရွာအတွင်းသို့လည်း စစ်ကောင်စီက lat nat ကြီးဖြင့် ပစ်ခတ်သဖြင့် နေအိမ်၂လုံးပျက်စီးကာ နွား၂ကောင်ထိခိုက်ဒဏ်ရာ ရရှိကြောင်း သိရှိရသည်။
“ကျနော်တို့ ရွာကတော့ စစ်ကောင်စီဖျက်လို့ အကုန်ပျက်စီးပါပြီ။ တိုက်ပွဲလည်း မဖြစ်ဘူး။ PDF လည်းမရှိဘဲ lat natကြီးနဲ့ တစ်ကြိမ်ပစ်တယ်ဗျ။ ရွာတောင်ပိုင်းက ကိုမျိုးသန့် အိမ်ပေါ်ကျပြီး အိမ်ပျက်စီးသွားတယ်။နွားနှစ်ကောင်ထိခိုက်တယ်။နွားတစ်ကောင်ကတော့နေရာတင်thay သွားတယ်။နောက်တစ်လုံးကဘုန်းကြီးကျောင်း မြောက်ဘက် အိမ်ပေါ် ကျရောက်ပေါက်ကွဲတယ်။ အဲဒီအိမ်လည်းပျက်စီးသွားတယ်။ပစ်တာကတော့ အတော်များတယ်” ဟု ဒေသခံရွာသားတစ်ဦးက ပြောသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းရှိ နနွင်းကိုင်း၊ ရွှေတစ်ချောင်း၊ ဆူးလေးကုန်း၊ မြစ်သာ၊ သုခဒီပကျေးရွာ ၅ ခုကို စစ်တပ်က အကြောင်းမဲ့ မီးတင်ရှို့နေကြောင်း‌ ဒေသခံများနှင့် မြောင်ဒေသကာကွယ်ရေးတပ်မှ ဗိုလ်တောက်ထွန်း (မြောင်က)က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာ ၇ ရက်နေ့မှစတင်ပြီး မြောင်မြို့ ကျောက်ရစ်ကျေးရွာ တပ်စခန်းမှlat nat ကြီးများဖြင့် ပတ်ဝန်းကျင်ကျေး ရွာများကို ပစ်ခတ်ပြီး ရေစကြိုဘက်မှ လာသော စစ်ကြောင်းက မြောင်မြို့နယ်အတွင်းရှိ ကျေးရွာများကို လှည့် လည် စစ်ကြောင်းထိုး မီးရှို့လျက်ရှိကြောင်း၊ နိုဝင်ဘာလာ ၇ ရက်နေ့မှ နိုဝင်ဘာလ ၉ ရက်နေ့အထိ ကျေးရွာ ၅ ခုကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ မီးဝင်ရှို့ခဲ့ကြောင်း၊ ကျေးရွာများကိုlat nat ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ကျေး ရွာများအတွင်း ဝင်ရောက်ကာ ပြည်သူပိုင်ပစ္စည်းများကို လုယက်ခြင်းများ လုပ်ဆောင်ကြောင်း ၊ ပြည်သူ နှစ်သောင်းကျော် စစ်ဘေးရှောင်နေရကြောင်း ဒေသခံများထံမှ သိရှိရသည်။
ဓာတ်ပုံ- စစ်တပ်၏ မီးရှို့မှုကြောင့် အိမ်ခြေ ၃၀၀ ကျော် ပြာကျသွားသော မြင်းခြံ၊ ပျားကျေးရွာ။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။