ပုဏ္ဏားကျွန်း၊ ဆင်အင်းကြီးကျေးရွာတွင် အဘွားအို အပါ အဝင် ပြည်သူ ၇ ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်thet ဖြတ်၊ စစ်တပ်ကthet ဖြတ်ထားသည့် အလောင်းများစွာ ရှိနေသေး

Local News

ပုဏ္ဏားကျွန်း၊ ဆင်အင်းကြီးကျေးရွာတွင် အဘွားအို အပါ အဝင် ပြည်သူ ၇ ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်thet ဖြတ်၊ စစ်တပ်ကthet ဖြတ်ထားသည့် အလောင်းများစွာ ရှိနေသေး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ပုဏ္ဏားကျွန်း၊ ဆင်အင်းကြီးကျေးရွာတွင် အဘွားအို အပါ အဝင် ပြည်သူ ၇ ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်thet ဖြတ်၊ စစ်တပ်ကthet ဖြတ်ထားသည့် အလောင်းများစွာ ရှိနေသေး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုင်ဝင်ဘာ ၁၁

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီးကျေးရွာစစ်ကောင်စီ တပ်သားများက နိုဝင်ဘာ ၁၀ ရက် ညနေပိုင်းတွင် ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဆင်အင်းကြီးကျေးရွာကို ဝင်ရောက်ပြီး ကျေးရွာအတွင်းမှ ကျေးရွာသား ၇ဦးကို thet ဖြတ်ခဲ့ကာ နေအိမ်များကို မီးရှို့ခဲ့ကြောင်း ဒေသခံများကပြောသည်။
စစ်ကောင်စီတပ်များသည် ယမန်နေ့ ညနေ ၄ နာရီဝန်းကျင်အချိန်ခန့်တွင် ဆင်အင်းကြီးကျေးရွာသို့ ဝင်ရောက်ပြီး နေအိမ် ၇လုံးထက်မနည်း မီးရှို့ခဲ့ပြီးနောက် ကျေးရွာသား ၇ ဦးကိုthet ဖြတ်ခဲ့ကြောင်း အလောင်းအား ကျေးရွာအတွင်းတွင် ပစ်ထားခဲ့ကြောင်း ကျေးရွာသားများက ပြောသည်။


thet ဖြတ်ခံရသူများမှာ ဆင်အင်းကြီးရွာမှာ-
၁-ဦးမောင်မောင်သိန်း၊
၂- ဦးမောင်ကျော်သိန်း၊
၃-ဦးစံ၊
၄-ဦးမောင်စံလှ၊
၅-ဦးခင်မောင်၊
၆-ဒေါ်မခင်သိန်း၏ အသက် ၈၀ ကျော် မိခင်
၇-အမည်မသိရသေး တို့ဖြစ်ကြသည်။
ယင်းအပြင် စစ်ကောင်စီတပ်ဖွဲဝင်များသည် ဆင်အင်ကြီးကျေးရွာအတွင်း နေအိမ် ၇ အိမ် မီးရှို့ခဲ့ပြီး ၎င်းနေအိမ်များမှာ ဦးထွန်းတင်အိမ်၊ ခင်ဘုအိမ်၊ ငစိချေအိမ်၊ ဒေါ်မလှတင်အိမ်၊ လှိုင်မေနုအိမ်၊ သန်းအေးခင်အိမ်၊ မောင်ထွန်းကြိုင်နေအိမ်တို့ ဖြစ်ကြကြောင်း ကျေးရွာသားများက ပြောသည်။
“အလောင်း ၇ လောင်းတွေ့ရှိထားတယ်။ နေအိမ် ၇လုံးကို မီးရှို့လိုက်တယ်။ ဒီထက် စစ်ကောင်စီတပ်သားတွေက thet ဖြတ်တာ များအုံးမယ်။ မနေ့ ညနေပိုင်းက စစ်ကောင်စီတပ်သားတွေက thet ဖြတ်ခဲ့ကြတာ။ လောလောဆယ်ဒီလောက်ပဲပြောလို့ ရနိုင်မယ်” ဟုပြောသည်။


စစ်ကောင်စီတပ်သားများက ကျေးရွာအတွင်းနေအိမ်များကို မီးရှို့ရာတွင် ကျေးရွာသားများက အနီးနားကျေးရွာများသို့လည်း ရှောင်တိမ်း၍ မရတော့သည့်အခြေနေဖြစ်နေပြီး ရွာဘုန်းကြီးကျောင်းထဲတွင်သာ ကျေးရွာသားတစ်ချို့ စုပေါင်း၍ နေကြရသည်ဟု ရွာသားများကဆိုသည်။
နိုဝင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်းခန့်က စစ်ကောင်စီ၏ ရိက္ခာပို့သည့်ကား ၂ စီးကို ပုဏ္ဏားကျွန်းမြို့နယ် ပဒေသာကျေးရွာနှင့် ဆင်အင်းကြီးရွာကြားတွင် ရက္ခိုင့်တပ်တော်မှ မိုင်းဆွဲတိုက်ခိုက်မှုရှိခဲ့သည်။
စစ်ကောင်စီလက်အောက်ခံ ပုဏ္ဏားကျွန်း ၅၅၀ တပ်ရင်း၊ စစ်တွေပါဒလိပ် တပ်ရင်း တို့မှ အနီးနားကျေးရွာများသို့ lat nat ကြီးများပစ်ခတ်ခြင်း၊ လေယာဥ်များဖြင့်ပစ်ခတ်ခြင်းတို့ကြောင့် အိုင်ဒင်ကျေးရွာမှ ဒေသခံ ၂ ဦးဒဏ်ရာရရှိမှုရှိပြီး အသက် ၁၅ နှစ်အရွယ်က မောင်စိုးဦးမှာ ဒဏ်ရာပြင်းထန်၍ စစ်တွေဆေးရုံသို့ပို့ဆောင်ခဲ့ရသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။