မင်းအောင်လှိုင်နဲ့ ခင်ရီ အလိုကျ ကပြ အသုံးတော်ခံခဲ့တဲ့ ဗိုလ်ကြီး သန့်ဇင်ကျော်(သို့မဟုတ်) မဘသ၊ အမျိုးသားရေး အစွန်းရောက်များအတွက် ငွေထုပ်ကြီး

Local News

မင်းအောင်လှိုင်နဲ့ ခင်ရီ အလိုကျ ကပြ အသုံးတော်ခံခဲ့တဲ့ ဗိုလ်ကြီး သန့်ဇင်ကျော်(သို့မဟုတ်) မဘသ၊ အမျိုးသားရေး အစွန်းရောက်များအတွက် ငွေထုပ်ကြီး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မင်းအောင်လှိုင်နဲ့ ခင်ရီ အလိုကျ ကပြ အသုံးတော်ခံခဲ့တဲ့ ဗိုလ်ကြီး သန့်ဇင်ကျော်(သို့မဟုတ်) မဘသ၊ အမျိုးသားရေး အစွန်းရောက်များအတွက် ငွေထုပ်ကြီးဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


မြန်မာနိုင်ငံမှာ ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်တဲ့ အမျိုးသားရေး ဝါဒနဲ့ စစ်တပ်နဲ့ ကြံ့ဖွတ်က ရေရှည် အာဏာ စွဲကိုင်ထားဖို့ မင်းအောင်လှိုင်နဲ့ ခင်ရီက ချိတ်ဆက် ဟန်ချက်ညီညီ လှုပ်ရှားခဲ့တယ်ဆိုတာ ဆောင်းပါးတွေ များစွာ ရေးသားဖော်ထုတ်တင်ပြခဲ့ပြီးဖြစ်ပါတယ်။
အခုဒီတစ်ပတ်ပြောချင်တာကတော့ မင်းအောင်လှိုင်နဲ့ ခင်ရီတို့ရဲ့ ရည်မှန်ချက် အကောင်အထည်ဖော်ဖို့ ပါဝင်ကပြကြ အသုံးတော်ခံတဲ့ စစ်တပ်အရာရှိတစ်ဦးအကြောင်းကို ပြောချင်တာပါ။ သူ့အကြောင်းဆောင်းပါးတချို့မှာတော့ ဖော်ပြခဲ့ဖူးပေမယ့် အသေးစိတ်တော့ မဖော်ပြခဲ့ပါဘူး။ ဒီတစ်ပတ်မှာတော့ အဲဒီ စစ်အရာရှိအကြောင်းကို ဖော်ပြမှာ ဖြစ်ပါတယ်။

မင်းအောင်လှိုင်နဲ့ ခင်ရီ ခိုင်းသမျှကို လုပ်ပေးပြီး အမျိုးသားရေးအစွန်းရောက်၊ မဘသတွေနဲ့ ကြားခံ ချိတ်ပေးတဲ့အလုပ်ကို စစ်အရာရှိ ဗိုလ်ကြီး သန့်ဇင်ကျော်က လုပ်ကိုင်ပါတယ်။ ဗိုလ်ကြီးသန့်ဇင်ကျော်ဆိုသူကတော့ စစ် တက္ကသိုလ် အပတ်စဉ် ၅၄ ကျောင်းဆင်းဖြစ်ပြီး စစ်ဘက်ရေးရာလုံခြုံရေးဌာန၊ ပြည်သူ့ဆက်ဆံရေး အရာရှိ ဖြစ်ပါတယ်။

သူရဲ့ အဓိက တာဝန်က မင်းအောင်လှိုင်နဲ့ ခင်ရီတို့ရဲ့ ခိုင်းတာကို လုပ်ပေးရသူပါ။ ခင်ရီနဲ့မင်းအောင်လှိုင်တို့ဟာ အမျိုးသားရေး၊ မဘသတွေကို နောက်ကွယ်ကနေ ထိန်းချုပ်ရာမှာ ဗိုလ်ကြီးသန့်ဇင်ကျော်ကနေ တစ်ဆင့် ချိတ်ဆက် လုပ်ဆောင်ပါတယ်။ NLD အစိုးရခေတ်မှာ မင်းအောင်လှိုင်ဆီကို တိုက်ရိုက်ဖုန်းခေါ်ဆိုနိုင်တဲ့ အထိ ဗိုလ်ကြီးသန့်ဇင်ကျော်က ထိရောက်ပါတယ်။
ဗိုလ်ကြီးသန့်ဇင်ကျော်ဟာ မဘသ၊ အမျိုးသားရေး သမားတွေရဲ့ ငွေထုပ်ကြီးလို့ အမည်တပ်ခံထားရသူဆိုရင်လည်း မမှားနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အမျိုးသားရေးနဲ့ မဘသ တွေလုပ်မယ့် စစ်တပ်ထောက်ခံ၊ NLD အစိုးရဖြုတ်ချပွဲ၊ သာသနာရေးဝန်ကြီး ဦးအောင်ကို ဖြုတ်ချပွဲတွေမှာ ဗိုလ်ကြီးသန့်ဇင်ကျော်က ငွေကျပ် သိန်းရာထောင်ချီကို ထုတ်ပေးခဲ့လို့ပါပဲ။ ဒီပိုက်ဆံတွေက မင်းအောင်လှိုင်နဲ့ ခင်ရီဆီကနေ သန့်ဇင်ကျော်က လက်ခံပြီး မဘသနဲ့ အမျိုးသား ရေးအစွန်းရောက်တွေ ဆီ တစ်ဆင့် ပြန်လည်ချပေးတာလည်းဖြစ်ပါတယ်။

ဒါ့အပြင်နောက်ပိုင်းမှာ အေးနေဝင်းနဲ့ပါချိတ်ဆက်ပြီး ငွေကြေးအင်အား ပိုမိုတောင့်တင်းအောင် သန့်ဇင်ကျော်က လုပ်ဆောင်ခဲ့ပါတယ်။ အေးနေဝင်းနဲ့ အမျိုးသားရေးသမားတွေ ၂၀၁၆ ခုနှစ် ရွှေဘဲစားသောက်ဆိုင်မှာ တွေ့ဆုံနိုင်အောင် သန့်ဇင်ကျော်ကပဲ ကမကထပြုပြီး ဆောင်ရွက်ပေးခဲ့တာလည်းဖြစ်ပါတယ်။

ဗိုလ်ကြီးသန့်ဇင်ကျော်ဟာ ၂၀၂၀ ရွေးကောက်ပွဲ အပြီး NLD ပါတီ အနိုင်ရသွားပြီလို့ ကြေညာတဲ့အချိန်မှာ ရွေးကောက်ပွဲ အလိုမရှိ ဆန္ဒပြပွဲတွေ၊ UEC အလိုမရှိဆိုတဲ့ ဆန္ဒပြမှုတွေ အပါအဝင် ပဋိပက္ခတွေ တစ်နိုင်ငံလုံး ဖြစ်လာအောင် ပွဲတွေကို ဆက်တိုက် စီစဉ်ခဲ့ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲအပြီး စစ်အာဏာသိမ်းမှုဖြစ်ပေါ်လာရေး မြေပြင်မှာ ဆန္ဒပြပွဲ ဗီနိုင်းက အစ ကိုယ်တိုင် ရိုက်နှက်ပေးပြီး နောက်ထပ် NLD အစိုးရသစ်တာဝန်မယူခင် စစ်အာဏာသိမ်းရေး အင်တိုက် အားတိုက် ကြိုးပမ်းခဲ့သူဖြစ်ပါတယ်။

စစ်တပ်နဲ့ ကြံ့ဖွတ်ရဲ့ ကြားခံ ဗိုလ်ကြီးသန့်ဇင်ကျော်ဟာ မဘသနဲ့ အမျိုးသားရေးအစွန်းရောက်အတွက် ငွေကြေး ပံ့ပိုးပေးရင် ကော်မရှင်စားပုံစံနဲ့ ဖြတ်စားလဘ်စားလုပ်နိုင်တဲ့အတွက် သူလည်း ချမ်းသာလာခဲ့ပါတယ်။ ဟိုတယ်တစ်လုံးနဲ့ KTV တစ်ခုပိုင်ဆိုင်တဲ့အထိကို ချမ်းသာလာတာပါ။
လက်ရှိ မင်္ဂလာဒုံ အမြောက်တပ်ဝင်း အတွင်းမှာရှိတဲ့ ကန်တင်းမှာ ရွှေနန်းတော်ဆိုတဲ့ စားသောက်ဆိုင်ကို ဖွင့်ထားပြီး အဲဒီတပ်ဝင်းအတွင်းမှာ နေထိုင်ပါတယ်။ ရွှေပေါက်ကံ ပန်းခြံနားမှာ အုပ်ချုပ်ရေးမှူး ဦးနိုင်နဲ့ ပူးပေါင်းပြီး မြေကွက်တွေအကွက်ရိုက် ရောင်းချမှုတွေလုပ်ခဲ့ပါသေးတယ်။ ရွှေပေါက်ကံမှာလည်း သူအိမ်ဝယ်ထားပါတယ်။

နောက်ထပ်သူရဲ့စီးပွားရေးတွေကတော့ ပြင်ဦးလွင် မှာ သီဟဗလ ဆိုတဲ့ ဟိုတယ် နဲ့ လားရှိုးမှာ Swal KTV & Bar ဆိုတဲ့ ဆိုင်တွေကို သန့်ဇင်ကျော်က ပိုင်ဆိုင်ပါတယ်။
သန့်ဇင်ကျော် က ဆန္ဒပြပွဲ သပိတ်ပွဲတွေချထားပေးမှုက ရတဲ့ငွေကြေးတွေကို သူ့ညီမဖြစ်သူ အိအိဖြိုးကျော် ထံ အမြဲ အပ်နှံထားလေ့ရှိပါတယ် ။ လားရှိုးက KTV ကိုတော့ သူ့ရဲ့ညီဖြစ်သူ အလတ်ကောင် သီဟ နဲ့ လွှဲအပ်ထားပြီး ပြင်ဦးလွင် က သီဟဗလ ဟိုတယ်ကိုတော့ သူ့ညီ အငယ်ကောင် စည်သူကျော် ကို လွှဲအပ်ထားပါတယ်။
သန့်ဇင်ကျော်ကိုယ်တိုင်ကတော့ အခုလက်ရှိ ရွှေပေါက်ကံ ပန်းခြံနားမှာ မြေကွက်အကွက်ရိုက် ရောင်းစားနေပါတယ်။

မဘသ၊ အမျိုးသားရေးအစွန်းရောက် ဝါဒတွေနဲ့ တိုင်းပြည်ဖျက်ဆီးခဲ့သူတွေထဲမှာ သန့်ဇင်ကျော်ဟာ စစ်တပ်နဲ့ မဘသ လည်ပတ်နေတဲ့ ယန္တရားရဲ့ အစိတ်အပိုင်းကြီးတစ်ခု အဖြစ် ပါဝင်နေတဲ့အပြင် လက်ရှိမှာလည်း ပျူစောထီး၊ သွေးသောက်စတဲ့ လူthet တဲ့အဖွဲ့တွေကို ဆက်လက် ထောက်ပံ့ကူညီနေတာလည်းဖြစ်ပါတယ်။

ဓာတ်ပုံ- စရဖ ဗိုလ်ကြီးသန့်ဇင်ကျော်၊ ညီဖြစ်သူ သီဟ၊ ညီမဖြစ်သူ အိအိဖြိုးကျော် ညီအငယ်ဆုံး စည်သူကျော် ။ (ဝဲမှယာ)

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။