မကွေးလေတပ်ဌာနချုပ်စခန်းကို ရှော့တိုက်ဒုန်း ၃ လုံးဖြင့် KNLA ၊ PDF မဟာမိတ်ပူးပေါင်းတပ်များက ပစ်ခတ်၊ လေတပ်အတွင်းမည်သူ့ကိုမှ အဝင်မခံတော့ဘဲ လေတပ်အနီးရှိ သပြေစမ်းကျေးရွာကို စစ်တပ်က ဝင်စီးနေ

Local News

မကွေးလေတပ်ဌာနချုပ်စခန်းကို ရှော့တိုက်ဒုန်း ၃ လုံးဖြင့် KNLA ၊ PDF မဟာမိတ်ပူးပေါင်းတပ်များက ပစ်ခတ်၊ လေတပ်အတွင်းမည်သူ့ကိုမှ အဝင်မခံတော့ဘဲ လေတပ်အနီးရှိ သပြေစမ်းကျေးရွာကို စစ်တပ်က ဝင်စီးနေ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မကွေးလေတပ်ဌာနချုပ်စခန်းကို ရှော့တိုက်ဒုန်း ၃ လုံးဖြင့် KNLA ၊ PDF မဟာမိတ်ပူးပေါင်းတပ်များက ပစ်ခတ်၊ လေတပ်အတွင်းမည်သူ့ကိုမှ အဝင်မခံတော့ဘဲ လေတပ်အနီးရှိ သပြေစမ်းကျေးရွာကို စစ်တပ်က ဝင်စီးနေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၁၅
မကွေးတိုင်း၊ မကွေးမြို့ပေါ်ရှိ လေတပ်စစ်ဌာနချုပ်ကို ယနေ့ နံနက်ပိုင်း ရှော့တိုက်ဒုန်း ၃ လုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း ပစ်ခတ်ခဲ့သည့် မဟာမိတ်ပူးပေါင်းတပ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၆ နာရီ ၁၀ မိနစ်အချိန် မကွေးလေတပ်စခန်းဌာနချုပ်ကို KNLA နှင့် EPDF မဟာမိတ်အဖွဲ့၊ ရွှေလင်းယုန်အဖွဲ့(Golden Eagle)၊ ဘီလူးစစ်ဆင်းရေးတပ်ဖွဲ့တို့က ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဒီမနက်ပိုင်း မကွေးလေတပ်စခန်းဌာနချုပ်ကို ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်ခဲ့ပါတယ်။ ပျက်စီးဆုံးရှုံးမှု အခြေအနေ မသိရသေးပါဘူး။ ပစ်ခတ်တာကတော့ KNLA ၊ EPDFတပ်ပေါင်းစု၊ ရွှေလင်းယုန်အဖွဲ့(Golden Eagle) ဘီလူးစစ်ဆင်းရေးတပ်ဖွဲ့တို့ပါ” ဟု စစ်ဆင်ရေးရဲဘော်တစ်ဦးက ပြောသည်။

ဓာတ်ပုံ- ယနေ့ နံနက်အစောပိုင်း မကွေးလေတပ်စခန်းဌာနချုပ်ကို သွား ရောက် ပစ်ခတ်ခဲ့သည့် ရှော့တိုက်ဒုံး ၃ လုံးနှင့် တော်လှန်ရေး ရဲဘော်များ

မကွေးမြိုဒေသခံကများကလည်း ယနေ့ နံနက်အစောပိုင်း လေတပ်အတွင်း ပေါက်ကွဲသံများကြားရပြီး လေတပ်အတွင်းသို့ မည်သူ့ကိုမှ ဝင်ရောက်ခွင့်မပေးတော့ဘဲ ပိတ်ပင်ထားကြောင်း၊ လေတပ်အနီးရှိ သပြေစမ်း ကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းနေကြောင်း ပြောဆိုကြသည်။
“‘ဒီမနက်ပိုင်း လေတပ်အထဲမှာ ပေါက်ကွဲသံတွေကြားရပါတယ်။ လေတပ်ထဲမှာက အဆောက်အဦးတွေနဲ့ စီမံကိန်းလိုဟာမျိုးတွေ လုပ်နေတာပါ။ အဲဒါ အခုမနက် လေတပ်ထဲမှာ လုပ်နေတဲ့ ဆောက်လုပ်ရေး နဲ့ အခြားအလုပ်သမားတွေကို အဝင်မခံတော့ဘူး။ အရင် မကွေးလေတပ်စခန်းဌာနချုပ်ကို ရှော့တိုက်ဒုံး ပစ်ခဲ့ဖူးတဲ့ သပြေစမ်းကျေးရွာကိုလည်း စစ်ကားတွေရောက်နေပြီး ဝင်စီးနေပါတယ်’ ဟု မကွေးဒေသခံတစ်ဦးက ပြောဆိုသည်။
ရန်ကုန်ခေတ်သစ်၏ လေတပ်သတင်းရင်းမြစ်ကလည်း မကွေးလေတပ်စခန်းတွင် ပေါက်ကွဲမှုဖြစ်သည်ဆိုသော သတင်းများ ရရှိထားပြီး အသေးစိတ် မသိရှိရသေးကြောင်း၊ ပြင်ပသို့ သတင်းမထွက်စေရန် မကွေးလေတပ်အတွင်း သတင်းဖုံးအုပ်ထားကြောင်း ပြောဆိုသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။