ဒါရိုက်တာမင်းထင်ကိုကိုကြီးနဲ့ အဆိုတော် စောဖိုးခွားတို့ အင်းစိန်ထောင်က ပြန်လွတ်

Local News

ဒါရိုက်တာမင်းထင်ကိုကိုကြီးနဲ့ အဆိုတော် စောဖိုးခွားတို့ အင်းစိန်ထောင်က ပြန်လွတ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဒါရိုက်တာမင်းထင်ကိုကိုကြီးနဲ့ အဆိုတော် စောဖိုးခွားတို့ အင်းစိန်ထောင်က ပြန်လွတ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဒါရိုက်တာမင်းထင်ကိုကိုကြီးနဲ့ အဆိုတော် စောဖိုးခွားတို့ ဒီနေ့ နိုဝင်ဘာ ၁၅ ရက်မှာ အင်းစိန်အကျဥ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတယ်လို့ နီးစပ်သူတွေထံကသိရပါတယ်။
သူတို့နှစ်ဦးလုံးဟာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ တည်းက အစောဆုံးဖမ်းဆီးခံခဲ့ရသူတွေဖြစ်ပြီး မင်းထင်ကိုကိုကြီးကို ဆူပူရန်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ)နဲ့ ထောင်၂နှစ်၊ ရက်ဂေးအဆိုတော်အဖြစ်လူသိများတဲ့ စောဖိုးခွားကိုတော့ သဘာဝဘေးစီမံခန့်ခွဲမှုပုဒ်မ ၃၀(က) ၊ ဆူပူရန်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) နှစ်မှုနဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတုန်းက စုစုပေါင်း ထောင်နှစ်နှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။


မင်းထင်ကိုကိုကြီးဟာ သူ့အိမ်ရှေ့ကို ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်သားတွေရာက်နေပြီ ဆိုတဲ့အကြောင်း အဖမ်းမခံရခင်မှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အသိပေးခဲ့ပါတယ်။
အခုအခါ ပြန်လည်လွတ်မြောက်လာပြီဆိုတဲ့အကြောင်းကိုလည်း မင်းထင်ကိုကိုကြီးနဲ့ နီးစပ်သူတစ်ဦးက ဘီဘီစီကိုအတည်ပြုပါတယ်။


အဆိုတော်စောဖိုးခွားဟာ သူရဲ့အနုပညာနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ လှုပ်ရှားမှုတွေကို အင်တိုက်အားတိုက်ပြုလုပ်လေ့ရှိပြီး ၂၀၂၀ ရွေးကောက်ပွဲကာလတုန်းကလည်း NLD ပါတီ အောင်နိုင်ရေးစည်းရုံးရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။
ဒီကနေ့ သူတို့နှစ်ဦး ပြန်လည်လွတ်မြောက်လာတဲ့အခြေအနေနဲ့ပတ်သက်ပြီး အသေးစိတ်ကိုထပ်မံအတည်ပြုမေးမြန်းဖို့ ဘီဘီစီက ကြိုးစားနေပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။